အသက် ၁၂၂ နှစ်နီးလာသည့် ဘွားသက်ရှည် တစ်ကိုယ်တည်း ခပ်မာမာ နေထိုင်ဆဲ

အဘွားဒေါ်မြကြည်ကို အိမ်နီးချင်းများနှင့်အတူ ယခုလ ၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်အဘွားဒေါ်မြကြည်ကို အိမ်နီးချင်းများနှင့်အတူ ယခုလ ၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပေါက်ချိုင်ကုန်းကျေးရွာရှိ ဘွားသက်ရှည် ဒေါ်မြကြည်
မှာ လာမည့်သီတင်းကျွတ်လ တွင် အသက် ၁၂၂ နှစ်ပြည့်မြောက်တော့ မည်ဖြစ်ကာ လက်ရှိတွင်
၎င်း၏တဲအိမ်၌ တစ်ကိုယ်တည်း ခပ်မာမာ နေထိုင်ဆဲဖြစ်ကြောင်း သိရသည်။

ထူးခြားသော ကျန်းမာရေးဆိုင်ရာပြဿနာမရှိဘဲ ကျန်းမာစွာတွေ့ရသည့် ဒေါ်မြကြည်အား
လက်ရှိတွင် အနီးကပ်ပြုစုစောင့်ရှောက်နေသော ဆွေမျိုးသားချင်းများမရှိဘဲ ကျွေးမွေးခြင်းနှင့်
ရေချိုး ခြင်း စသည့်ကိစ္စရပ်များအတွက် တဲနီးချင်း အမျိုးသမီးတစ်ဦးကသာ အခါအားလျော်စွာ
ဂရုစိုက် လုပ်ဆောင်ပေးနေကြောင်း သိရ သည်။

"အခု လောလောဆယ်တော့ အဘွားက တစ်ယောက်တည်းပဲ။ ဆွေမျိုးတွေ မလာကြ တော့ဘူး။
ညလည်း ခါတိုင်းလို တစ်ယောက် တည်းပဲ။ အိမ်နီးချင်းတွေကပဲ ကြုံရင် ကြုံသလို လိုအပ်တာ
အကုန်လုပ်ပေးကြ တယ်"ဟု အဘွားဒေါ်မြကြည်နှင့် တစ်ရွာတည်းနေထိုင်သူ တောင်သူမစန်းမြင့်
က ယခုလ ၃ ရက်နေ့တွင် ပြောသည်။ ဒေါ်မြကြည်မှာ ရွာဦးဘုန်းကြီးကျောင်းဝင်းအတွင်း
အိမ်ငယ်တစ်လုံးဆောက်လုပ် နေထိုင်ကာ ဆရာတော်ကလည်း စောင့်ရှောက် ကြောင်း၊
ယခုအခါ ဆရာတော်ခရီး ထွက်နေကာ ယခင်က အဘွားအား အခါ အားလျော်စွာ စောင့်ရှောက်
တတ်သည့် မြေး ဖြစ်သူမှာလည်း ယခုအခါ လာရောက်ခြင်း မရှိတော့ကြောင်း ပြောသည်။

"အဘွားနဲ့ သူ့မြေးကရန်ဖြစ်ပြီး ပြီးခဲ့တဲ့တန်ခူးလကတည်းက မြေးကမလာတော့ တာပဲ။ အဘွားရဲ့
သမီးတစ်ယောက်ကတော့ မယ်တော်စုရွာဘက်မှာရှိတယ်။ အသက် ၇၀ ကျော်၊ ၈၀ တော့ အနည်း
ဆုံးရှိပြီပေါ့။ သူက အကြီးဆုံးသမီးမဟုတ်သေးဘူး။ တစ်ခါတလေမှ ရောက်လာတတ်တယ်"ဟု
ပေါက်ချိုင်ကုန်းရွာမှ တောင်သူမအေးလှ က ပြောသည်။ အဘွားဒေါ်မြကြည်မှာမူ ယခင်နှစ်က
တွေ့ရသည့်ပုံစံနှင့် ကွာခြားမှုမရှိဘဲ ဖက်ကြမ်း ဆေးလိပ်သောက်ဆဲ၊ အကြား အာရုံနှင့် အမြင်
အာရုံအားနည်းသည်မှ အပ သတိမှာ အတန်ကောင်းဆဲဖြစ်သည်ကို တွေ့ရသည်။

"အိမ်မှာ ဘယ်သူမှမရှိဘူး။ မိကံ (ကြက်မ)နဲ့ နှစ်ယောက်တည်းနေတာပဲ။ အစားတော့မဆိုးပါဘူး။
စားကောင်းပါတယ်။ မြေးလုပ်တဲ့သူကတော့ ကျုပ်ဖုန်း ကို ကြည့်ဦးမယ်ဆိုပြီး ယူသွားတော့တာပဲ။
အဲဒီဖုန်းက ကျုပ်ကို နယ်ပိုင်ကကန်တော့ လိုက်တာ။ (မြေးကို) ပြောမရရင် ကျုပ်က နယ်ပိုင်ကို
လျှောက် (တိုင်)မှာ" ဟု အဘွား ဒေါ်မြကြည်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း