ကျေးရွာပိုင် စားကျက်မြေ မြေယာ လုပ်ပိုင်ခွင့်ချထားပေးမှု ပယ်ဖျက်ပေးရန် တောင်းဆို

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြို့နယ်ခွဲ၊ ထုံးဘို ကျေးရွာအုပ်စု၊ အုန်းသဇင်ကျေးရွာနှင့်မြေတိုင်းရွာ
အတွင်းရှိ ကျေးရွာပိုင် စားကျက်မြေ၊ ကွင်းအမှတ် (၆၉၇) တွင် မြေယာ လုပ်ပိုင်ခွင့် ချထားပေးခြင်း
ကို ပယ်ဖျက်ပေး ရန် တောင်းဆိုထားကြောင်း အုန်းသဇင် ရွာနှင့် မြေတိုင်းရွာ ရွာသူရွာသားများက
ဩဂုတ်လ ၈ ရက်က ပြောသည်။

၄၂ ဧကကျော်ရှိသော ကျေးရွာပိုင် စားကျက်မြေကို ပုံစံ (၁၀၅) ချ ထားပေးပြီး ရောင်းချထား
ကြောင်း၊ ၎င်းစားကျက်မြေကို ရွာသူရွာသားများ မှီခိုအားထားရသော မြေဖြစ်သဖြင့် သက်ဆိုင်
ရာဌာန အသီးသီးကိုလည်း ဩဂုတ်လ ၁၁ ရက်နေ့ က တိုင်စာများပေးပို့ထားကြောင်း အုန်းသဇင်
ကျေးရွာမှ ဦးရဲအောင်က ပြောသည်။

"ရွာရဲ့စားကျက်မြေကို တူးဖော်နေလို့ ရွာကလူတွေသွားမေးမှ လူမျိုးခြားတစ်ဦး ကို ရောင်းချထား
တာ သိရတာပါ။ ရွာသူ ရွာသားတွေက စားကျက်မြေကို အားထားပြီး မှီခိုနေရတာပါ။ အားလုံးက
လည်း ကန့်ကွက် နေကြတယ်။ မြေတွေတူးဖော်တာကိုလည်း ညနေစောင်းမှ လုပ်ကိုင်ကြတယ်။
စားကျက် မြေမှာရှိတဲ့ သီးနှံပင်တွေလည်း မြေတူးဖော် ပစ်လို့ မရှိတော့ဘူး။ ရွာသူရွာသားတွေက
အဲဒီ အပင်တွေကို အားထားပြီးတော့ ခူးပြီး ရောင်းချနေကြတာပါ" ဟု ၎င်းက ပြော သည်။

အဆိုပါစားကျက်မြေကို ရောင်းချထား သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ရောင်းချထားသူ
မည်သူဆိုသည်ကို မသိရ သေးကြောင်း၊ ၀ယ်ထားသူကို သိထားသော် လည်း မည်သူက ရောင်း
ထားသည်ကို မပြောကြောင်း၊ ရွာသူရွာသားများက ကန့်ကွက်၍ မြေတူးဖော်နေခြင်းကို ခဏ ရပ်
ထားပြီး ပြန်လည်တူးဖော်နေကြောင်း မြေတိုင်းကျေးရွာမှ ဦးအောင်ကိုလတ်က ပြောသည်။

"မြေတွေတူးဖော်နေတာကို ရွာက လူတွေ ကန့်ကွက်ပေမယ့် ခဏပဲနားပြီး နောက်ပိုင်း ပြန်ပြီး
တူးဖော်နေတယ်။ ကျေးရွာအုပ်ချုပ် ရေးမှူးကို မေးလည်း မသိဘူးလို့ပြောတယ်။ ရောင်းထားတယ်
ဆိုတာ သိရတာ တစ်ပတ် ကျော်လောက်ပဲ ရှိသေးတယ်။ လွှတ်တော် ကိုယ်စားတွေကိုလည်း
သွားပြောပြထား တယ်။ စားကျက်မြေကို ပြန်လည်ရရှိအောင် ကြိုးစားသွားမယ်။

အခုလ ၁၁ ရက်နေ့က တော့ ရွာသူရွာသားတွေကို လာရောက် ညှိနှိုင်းတယ်" ဟု ၎င်းကပြောသည်။

"အခုလ ၁၁ ရက်နေ့က ရွာသူရွာသား တွေ မကျေနပ်လို့ စားကျက်မြေကို ပြန်ပြီး ပေးထားပါတယ်။
မြေတွေတူးယူတာမဟုတ် ပါဘူး။ စိုက်ပျိုးရေးလုပ်ဖို့ မြေတွေကို ညှိတာ ပါ။ ဘာပြဿနာမှ မဖြစ်
တော့ပါဘူး။ အားလုံးအဆင်ပြေသွားပါပြီ" ဟု ယခုလ ၁၂ ရက်နေ့က ထုံးဘိုကျေးရွာအုပ်စုမှ
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသံလုံးကို မြန်မာတိုင်း(မ်) က အဆိုပါစားကျက်မြေကိစ္စ နှင့်စပ်လျဉ်း၍
ဖုန်းဖြင့် မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း