အဖြေပေးရတော့မယ့် တောင်သမန် ပုစ္ဆာ

ပြီးခဲ့သောဧပြီလ ၃၀ ရက်နေ့က တောင်သမန် အင်းထဲတွင် ငါးများ ရေပြင်တွင်ဖွေးနေအောင်
အလုံးအရင်းနှင့် သေခဲ့သည်။ နေအပူ ရှိန်ကြောင့် ငါးပုပ်နံ့က မွှန်ထွက်လာပြီး
အင်း စောင်းမှာ စားရင်းသောက်ရင်း လာအပန်းဖြေနေသူများ ကြာကြာပင်မထိုင်နိုင်ကြတော့ဘဲ
ပြန်ပြေးကြရသည်။

တောင်သမန်အင်းရေတက်ချိန်တွင် ဦးပိန်တံတားကိုဖြတ်သန်းသွားလာနေသော ကျောင်းသူတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်၊မြန်မာတိုင်းမ်တောင်သမန်အင်းရေတက်ချိန်တွင် ဦးပိန်တံတားကိုဖြတ်သန်းသွားလာနေသော ကျောင်းသူတချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်၊မြန်မာတိုင်းမ်

ငါးများသေပြီးနောက် စက်မှုဇုန်မှ စက်ရုံ ၁၇ ရုံကို စည်ပင်သာယာက မေလ ၁ ရက်
ကစပြီး လည်ပတ်ခွင့်ယာယီရပ်ဆိုင်းလိုက် သည်။ ရေဆိုးသန့်စင်စက်ရုံကို လာမည့်
ဇွန်လကုန်တွင် အပြီးတည်ဆောက်ပြီးမှသာ အဆိုပါစက်ရုံတွေကို ပြန်လည်ပတ်ခွင့်ပြုမည်ဟု
သတင်းထုတ်ပြန်သည်။ မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာန က အင်းအတွင်း ရေဆိုးစွန့်
ထုတ်ခြင်းနှင့် ပတ်သက်ပြီး အမရပူရမြို့နယ်ရှိ စက်ရုံသုံးရုံနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ
စက်ရုံ ကိုးရုံကို ယခုလ ၄ ရက်နေ့တွင် အမရပူရ မြို့နယ်ရဲစခန်း၌ ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ
အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးခင် မောင်ထွန်းက
ယခုလ ၈ ရက်နေ့တွင် ပြော သည်။

ထိုဥပဒေအရ ဒဏ်ငွေကျပ်တစ်သိန်း ဖြစ်စေ၊ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်ဖြစ် စေ၊
ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ် သည်။ ထိုသို့သော ထင်သာမြင်သာရုပ်လုံး
ပြလာသည့် တောင်သမန်အင်းရေ ညစ်ညမ်းမှုအပေါ် လတ်တလောအလေးထား
ဖြေရှင်းလာမှုများဖြစ်ပါ၏။ တကယ်တော့ တောင်သမန်အင်းနဲ့အတူ သူနှင့်တစ်ပါတည်း
တွဲသိကြသည့် ဦးပိန်တံတား ရဲ့ အလှက ယိုယွင်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ် သည်။

လူတွေနှင့်ယှဉ်ပြောရလျှင် သူတို့၏ ကျန်းမာရေးအခြေအနေက အတော်ယုတ်
လျော့နေပြီဖြစ်သည်။ ဒေသခံများက တောင် သမန်အင်း၌ ယခင်ကရှိခဲ့သော
နွေ၊ မိုး၊ ဆောင်း သုံးရာသီအလှ ပျောက်ဆုံးနေသည် ဟု ပြောနေကြသည်မှာ
နွေ၊ မိုး၊ ဆောင်းတွေပင် အလီလီပြောင်းခဲ့ပါပြီ။ တံတားတိုင် ခြေများကို အင်းရေစားပြီး
ရက်မများ ကြမ်းခင်းများ ယိုင်နဲ့နေသည့် ဦးပိန်တံတားကိုလည်း ဟိုနေရာပြင်၊ ဒီနေရာဖာနှင့်
လက်ပူတိုက် ကုသပေးနေရသည်။ "အားမနာတမ်းပြောရရင် စက်ရုံတွေ ရေဆိုးစွန့်တာ
(ရေဆိုးစွန့်စနစ်) အတော် အားနည်းပါတယ်။ ဧပြီလ ၃၀ ရက်နေ့ နောက်ပိုင်းမှာ ကျွန်တော်တို
့ အင်းထဲက ရေထု ညစ်ညမ်းမှုကို ငါးကြိမ်တိုင်းခဲ့တယ်။ ရေမှာပျော်ဝင်တဲ့ အောက်ဆီဂျင်ပမာဏက
သုံးထက်မကျော်ပါဘူး။ သုည၊ ၀ ဒသမ ၅၊ တစ်ကျော်ပဲရှိတယ်"ဟု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး
က ပြောသည်။ ရေထုညစ်ညမ်းမှု သည် တောင်သမန်တွင် ငါးများသေခြင်း၏ အဓိကအချက်ဖြစ်ဖွယ်
ရှိကာ နေပူခြင်း နှင့် ရေနည်းခြင်းမှာလည်း အကြောင်းရင်းများဖြစ်နိုင်ကြောင်း စည်ပင်မှတာဝန်ရှိသူ
များက သုံးသပ်ထားသည်။

"ခုလို နေပူတဲ့အခါမှာ အပေါ်ရေနဲ့ အောက်ရေနဲ့မရောတော့ဘူး။ အပေါ်မှာရှိတဲ့ အောက်ဆီဂျင်
ပြည့်ဝတဲ့ရေသည် အောက်ရေ ကို ရောစပ်ပြီးမရှိတော့ အောက်ရေက အောက်ဆီဂျင်
မရှိတော့ဘူး။ ဒီကြားထဲ အပင် လေးတွေ များတယ်၊ အပင်လေးတွေ သဘော က နေ့ဆိုရင်
အောက်ဆီဂျင်စုပ်တယ်။ ည ဘက်မှာ အောက်ဆီဂျင်သုံးတာများပြီ၊ နေ ပြင်းတာရယ်၊
ရေထဲအပင်တွေ ပေါက်နေတာ ရယ်၊ အောက်ခြေမှာ အော်ဂဲနစ်ပစ္စည်း(မပျော် ၀င်နိုင်တဲ့ အမှိုက်သရိုက်)
များနေတာရယ်၊ ရုတ်ခြည်း ထဖြစ်သွားတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်
အကြံပေး ပါမောက္ခ အငြိမ်းစား ဒေါက်တာဆွေသွင်က ငါးများသေဆုံး ရခြင်းနှင့်ပတ်သက်ပြီး
သုံးသပ်သည်။ "စက်မှုဇုန်က ထွက်တဲ့ရေဆိုးဟာ ပရံတော် ချောင်းမှာကတည်းက မန္တလေးမြို့ပြကြီး
တစ်ခုလုံးကို ဖြတ်ပြီး ဆင်းလာတာ၊ ဒီမြိုပြဧရိယာကထွက်တဲ့ အညစ်အကြေးအမှိုက် သရိုက်အများဆုံး
ကို ဆွဲထုတ်မှာပဲ" ၎င်းက ဆိုသည်။ "ငါးတွေက ဧပြီလ ၁၂ ရက်နေ့က တစ်ကြိမ် သေတယ်၊
၃၀ ရက်နေ့မှာ တစ်ကြိမ် သေတယ်၊ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက် တွေအရ
စက်ရုံတွေက စွန့်ပစ်ရေတွေမှာ အက်ဆစ်ပါဝင်မှုများတဲ့ရေ၊ အောက်ဆီဂျင်ပျော်ဝင်မှု နည်းတဲ့ရေ၊
ဘီအိုဒီ biochemical oxygen demand ၊ စီအိုဒီ chemical oxygen demand
ဝင်မှုများတဲ့ရေတွေ စွန့်ပစ်တာ တွေ့ရပါတယ်။ ရေချို ငါးလုပ်ငန်း ဥပဒေမှာက ရေထဲမှာ
ငါးတွေသေကြေပျက်စီးရင်၊ ရေထုကို ညစ်ညမ်းစေရင်၊ အမှိုက်စွန့်ပစ်ရင် တရားစွဲလို့ ရပါတယ်"
ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။ "ပြည်သူတွေ
ပတ်ဝန်းကျင်အလေးထားသင့်တဲ့အကြောင်း နေ့စဉ်သတင်းစာမှာ ထည့် ဖို့ စီစဉ်နေပါတယ်။
တောင်သမန်အင်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို အသိပေးချင်တာက အမှိုက်ပါ၊
ပလတ်စတစ်တို့လို ပစ္စည်းဆိုတာက နှစ်ပေါင်းများစွာ မပျက်စီး နိုင်တဲ့အရာတွေပါ၊ အင်းကို
ဒုက္ခဖြစ်စေပါတယ်" ဟု ၎င်းကပြောသည်။

သဘာဝအင်းဖြစ်သော တောင်သမန်အင်းကို ငါးမွေးမြူရေးကန်အဖြစ် ပြောင်းလဲ ခဲ့သည်မှာ
နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ် သည်။ အင်းအတွင်း ငယ်စဉ်ကတည်းက ငှက်လှေခတ်ခဲ့သော
အသက် ၄၃ နှစ်ရှိ ဦးစိုးဝင်းကတော့ ဟိုးယခင်က ရေကျချိန် တွင် အင်းစောင်းက
အပင်များအောက်တွင် ဖျာများခင်းပြီး အနားယူသူတွေရှိသည်ဟုပြောသည်။ ယခုတော့
အင်းမှာ ရေအမြဲရှိအောင် ရေထိန်းတံခါးတွေပိတ်ထားသည်။ အင်းစောင်းမှာလည်း
စားသောက်ဆိုင်တန်း တွေ အစီအရီပေါ်လာပြီး အင်းနှင့် တံတားမှာ စီးပွားတွက်
အတွက်ခံလာရသည်။ ဒီကြား ထဲ စည်းကမ်းမရှိသူများ၏ ဒဏ်ကိုလည်း အင်းနှင့် တံတားခမျာ
ခံရရှာသေးသည်။ အမှိုက် စုံ ထည့်လာသည့်တောင်းကြီးကို အင်းရေထဲမှာ မျှောသွန်နေသူတွေကို
ကိုယ်တိုင်မြင် ဖူးသည်။ အင်းအောက်ခြေကြမ်းပြင်တွင် အမှိုက်တွေဗရပွနှင့် နုန်းတွေထုတက်နေမှာ
သေချာသလို ယခင်က ရေလယ်တွင် အုပ်အုပ် ဆိုင်းဆိုင်းရှိခဲ့သည့် အပင်ကြီးတွေလည်း
ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

"အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းဦးစီးမှူးနဲ့ ကျွန်တော် ကွင်းဆင်း
ကြည့်တော့အင်းရေထိန်းတံခါးပေါက် ငါးပေါက်မှာ တစ်ပေါက်ပဲဖွင့်ထားပါတယ်။
ကျွန်တော့်အနေနဲ့ အစည်းအဝေးတွေမှာ အင်းရေထိန်းတံခါးတွေကိုဖွင့်ပြီး ရေကိုထုတ် သင့်တယ်
ဆိုတာကို လက်မှတ်ရေးထိုး တင်ပြ ပြီးပါပြီ။ ရေထိန်းတံခါး မဖွင့်ဘူးဆိုရင် မကောင်းတဲ့
အနံ့တွေ ကြုံနေရဦးမှာပါ။ အင်းထဲမှာ မကောင်းတဲ့အရည်တွေ၊ အစိုင်အခဲတွေက အနည်ထိုင်နေပြီ။
ဒီလိုပြဿနာ တွေ မဖြစ်ခင်ကတည်းက စည်ပင်သာယာကို စက်ရုံတွေကို ကြပ်ကြပ်မတ်မတ်ထိန်းပေးပါ
လို့ ကျွန်တော်တို့ပြောခဲ့တယ်။ အရင်ကလည်း စက်ရုံပိတ်တာ၊ ဒဏ်ရိုက်တာတွေလုပ်ခဲ့တယ်။
အခုစက်ရုံတွေကို ပိတ်ပြီးပေမယ့် အင်းရေထုတ်ဖို့ လုပ်ရဦးမယ်။ ရေဆိုးကို မသိအောင်
ထပ်စွန့်ထုတ်တာမျိုးလည်း ရှိဦးမှာပဲ။ လက်ရှိ အင်းထဲကရေတွေကို အရင် ပြန်စွန့်ထုတ်မှ
ရပါမယ်၊ ဒါကိုလုံးဝယုံကြည်ပါတယ်။ ဒါမှ ၀ါဆိုဝါခေါင် ရေများချိန်မှာ အင်းက အရင်လို
သုံးရာသီအလှပြန်ရမှာ" ဟု ဦးခင်မောင်ထွန်းက ပြောသည်။ သို့သော် ၁၉၉၅-၁၉၉၆
တွင် ရေပိတ် လှောင်ခံရပြီး ငါးမွေးကန်တစ်ဖြစ်လဲနေသည့် တောင်သမန်အင်း၏
ပိတ်နေသောရေထိန်းတံခါးများကို မည်သူ့အမိန့်နှင့် ဖွင့်မည်နည်း ဆိုသည်မှာ
နောက်ဆက်တွဲကိစ္စရပ်ဖြစ်နေကြောင်း ဦးခင်မောင်ထွန်းက ပြောပါသည်။
"ဆည်မြောင်းဌာနက တာဝန်ရှိသူတွေ မှာလည်း အခုဖွင့်ဆိုတဲ့ အခွင့်မရှိဘူးလို့ ပြောတယ်။
ခေတ်အဆက်ဆက် ဒီလိုပဲပိတ် လာခဲ့တာဖြစ်နေတာ။ ကျွန်တော့် အမြင်ပြော ရရင်
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းက ဖွင့်ကိုဖွင့်ရမယ်ဆိုရင် ပြီးသွားမှာ ပဲ။ ရေဆိုးတွေကို
ဖွင့်ထုတ်ရမယ်ဆိုတဲ့အမိန့် ပေါ့"ဟု သူကပြောသည်။ တောင်သမန်ငှက်လှေအသင်းဥက္ကဋ္ဌ
လည်းဖြစ်သူ ဦးစိုးဝင်းကတော့ ရေထိန်းတံခါး များ၏ အောက်ခြေတိုင်ဖိနပ်များမှာ
အတန် မြင့်မားနေသည့်အတွက် ရေထိန်းတံခါး များမှ ရေကုန်စင်အောင်ထုတ်ရန်ခက်နိုင်ေ
ကြာင်း ပြောသည်။ "ရေမကောင်းတာတွေ ထည့်မှတော့ အင်းကဆိုးပြီပေါ့။ ကျွန်တော်တို့
အမြင်က ရေထုတ်သင့်တယ်၊ ပြန်ဆယ်သင့် တယ်ဆိုပေမယ့် ရှေးလူကြီးတွေပြောစကား
အရ အင်းရေမခန်းကောင်းဘူး" ဟု ယခုလ ၈ ရက်တွင်ပြောသည်။

ဘာပဲပြောပြော အင်းကိုရေမခန်းအောင် လှောင်ပြီး ငါးမွေးရသည့် အင်းသူကြီးတွေကတော့
စည်ပင်ကိုလေလံကြေးပေးကြရ သည်။ အင်းမှထွက်သောငါးမှာလည်း မြို့ လူထုအတွက်
ငါးဖူလုံမှုကို ရာခိုင်နှုန်းအများ ဆုံးပေးနိုင်သည်။ လက်ရှိလုပ်ကိုင်ခွင့်ရထား သည့်
အင်းသူကြီးဦးချစ်ခိုင်က စည်ပင်သို့ အင်းလေလံကြေး တစ်နှစ်စာ ကျပ်သိန်း ၅,၀၀၀
ပေးရပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးပေး သွားရမည်ဟု သိရသည်။ ဦးချစ်ခိုင်မှာ စတင်
လုပ်ကိုင်စဉ်က အင်းအနီးနေထိုင်သူများက ငါးခိုးဖမ်းသဖြင့် ဖမ်းဆီးရာမှ ပြဿနာဖြစ် ကာ
ဖြေရှင်းလိုက်ရသေးသည်။ "ကျွန်တော်တို့ ငါးလုပ်ငန်းကိုတော့ အင်းလုပ်ကိုင်ခွင့် အတွက်
အင်းသူကြီးက ကျပ်သိန်း ၅၀၀ ကျော်ပေးသွင်းရပါတယ်"ဟု
ခရိုင်ဦးစီးမှူးဦး ခင်မောင်ထွန်းက ပြောသည်။

သူ့အလှအပကိုခံစားပြီး အကျိုးအမြတ် ပါရယူနေကြသည့် လူသားများအပေါ်မှာ
လူသားတွေပယောဂကြောင့် ယိုယွင်းပျက်စီး လာရသည့် တောင်သမန်အင်းကတော့
သူဘယ်လိုခံစားနေရသည်ဆိုတာ ဘယ်တော့ မှထုတ်ပြောနိုင်မှာမဟုတ်ပါချေ။
သဘာဝ၏လက်ဆောင် တောင်သမန်အင်း၏ အနာဂတ် အတွက် တာဝန်သိသည့် လူသားတွေကသာ နောက်ဆုံးမျှော်လင့်စရာဖြစ်မှာ သေချာပါသည်။ "သဘာဝအင်းကို
သဘာဝအတိုင်းထားသင့် ပါတယ်။ ဒီလိုပြဿနာ ဖြစ်တော့လည်း အဖြေ တစ်ခုထွက်သွားတာပေါ့။
မကောင်းဘူးဆိုပေ မယ့်လည်း တစ်ဖက်ကကြည့်ရင် မင်္ဂလာသတင်း ဖြစ်သွားတာပေါ့။
ဒီအင်းပြန်ကောင်းအောင် ဘယ်လိုလုပ်ပြီး ဘယ်လိုအစီအမံနဲ့သွား မလဲဆိုတာပဲစဉ်းစားရမှာပါ။
ဒါကြီး (ရေဆိုး) ကို စွန့်ထုတ်ရမယ်ဆိုတာ သိနေပါတယ်။ ဒါပေ မဲ့ဘယ်သူ့အမိန့်နဲ့ ထုတ်မလဲဆိုတာပဲ"
ဟု ဦးခင်မောင်ထွန်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း