မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံက ဆန်နှင့် ဆေးဝါးပစ္စည်းများကူညီထောက်ပံ့

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံက ဆန်၊ ခေါက်ဆွဲနှင့်
ဆေးဝါးပစ္စည်းကူညီထောက်ပံ့မှုများ မန္တလေးမြို့သို့ ဩဂုတ်လ ၆ ရက်နေ့က ရောက်ရှိခဲ့ကာ
ဘေးသင့်ဒေသများသို့ ဆက်လက်ဖြန့်ဖြူးသွားမည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေး ဦးစီးဌာန ဒုတိယညွန်ကြား ရေးမှူးချုပ် ဦးအောင်ခိုင်က ပြောသည်။  အိန္ဒိယနိုင်ငံမှထောက်ပံ့ကူညီပေးသော ပစ္စည်းများကို တံတားဦးလေဆိပ်တွင်လေယာဉ်ပေါ်မှချနေသည်ကိုတွေ့မြင်ရစဉ်။ ဓာတ်ပုံ - ကျော်ကိုကို၊မြန်မာတိုင်းမ်အိန္ဒိယနိုင်ငံမှထောက်ပံ့ကူညီပေးသော ပစ္စည်းများကို တံတားဦးလေဆိပ်တွင်လေယာဉ်ပေါ်မှချနေသည်ကိုတွေ့မြင်ရစဉ်။ ဓာတ်ပုံ - ကျော်ကိုကို၊မြန်မာတိုင်းမ်

အိန္ဒိယနိုင်ငံက ဆန် ၄၅ တန် နှင့် ခေါက်ဆွဲ ကီလိုဂရမ် ၃၀၀၊ ဆေးဝါး နှင့်ဆက်စပ်ပစ္စည်း
ကီလိုဂရမ် ၃၀၀ တို့ကို အိန္ဒိယလေတပ်ပိုင် C-17 Globemaster လေယာဉ်ဖြင့် အိန္ဒိယ
နိုင်ငံ၊ နယူးဒေလီမြို့မှ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သယ်ဆောင်
လွှဲပြောင်းပေး အပ်ခဲ့ကြောင်း အိန္ဒိယကောင်စစ်ဝန် ရုံးချုပ် Dr.Nagendrar.Nandakumar က
ယခုလ ၆ ရက်နေ့ တွင် ပြောသည်။ "တံတားဦးလေဆိပ်မှာ လွှဲပြောင်း ပေးအပ်ခဲ့တဲ့
အထောက်အပံ့တွေက မြန်မာပြည်အလယ်ပိုင်းအတွက် ရည်ရွယ်ပေးအပ်တာဖြစ်ပါတယ်။
အခုလို ကူညီလိုက်ရတဲ့အတွက် လည်း အများကြီးကျေနပ်မိပါတယ်။ ကျွန်တော်တို့
လှူလိုက်တာ တွေကလည်း ရေဘေးသင့်ဒေသတွေ အတွက် အမှန်တကယ်အထောက်
အပံ့ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါ တယ်" ဟု အိန္ဒိယကောင်စစ်ဝန်ချုပ်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း
အိန္ဒိယနိုင်ငံလေတပ်ပိုင် C- 130 လေယာဉ်ဖြင့် ဆန် ၉ တန်၊ ခေါက်ဆွဲ ၂၃၅
ကီလိုဂရမ်နှင့် ဆေးဝါး ပစ္စည်း ၉၃၅ ကီလိုဂရမ်ရှိ ထောက်ပံ့ ရေးပစ္စည်းများကို
ကူညီပေးခဲ့ကြောင်း၊ စစ်တွေမြို့သို့လည်း ထောက်ပံ့ ရေးပစ္စည်းများပေးပို့ရန် စီစဉ်
ထားကြောင်း အိန္ဒိယကောင်စစ်ဝန်ရုံးမှ သိရသည်။ တံတားဦးလေဆိပ်သို့ ရောက်ရှိ
လာသည့် အိန္ဒိယနိုင်ငံက ထောက်ပံ့ ရေးပစ္စည်းများကို အမျိုးသားသဘာဝ ဘေးအန္တရာယ်
စီမံခန့်ခွဲမှုကော်မတီသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကာ ကော်မတီက စီမံခန့်ခွဲ
သည့်ဒေသများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်က ပြောသည်။

"ကျွန်တော်တို့ဆီကို နိုင်ငံခြားက ထောက်ပံ့ရေးပစ္စည်းတွေ ဆက်လက် ရောက်ရှိဖို့လည်း
ရှိပါသေးတယ်" ဟု ဦးအောင်ခိုင်ကပြောသည်။ ရေဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံ
ယူနန်ဒေသကလည်းဆန် အပါအ၀င် ကူညီထောက်ပံ့မှုများ ပေးပို့ ရန်ရှိကြောင်းဦးအောင်ခိုင်က
ဩဂုတ် လ ၆ ရက်ကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း