ကားဈေးနှုန်းတက်သော်လည်းအရောင်းအ၀ယ်အေး

ယခုလလယ်အတွင်း ကားဈေးကွက်တွင် ဈေးနှုန်းများမှာ ယခင်ကထက် အနည်းငယ်
မြင့်တက်လာသော်လည်း အရောင်းအ၀ယ် မှာ အေးနေဆဲဖြစ်ကြောင်း မန္တလေးမြို့မှ
ကားဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။ မန္တလေးမြို့မှ ကားအရောင်းပြပွဲတစ်ပွဲတွင် ကားများကို လေ့လာကြည့်ရှုနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်၊မြန်မာတိုင်းမ်မန္တလေးမြို့မှ ကားအရောင်းပြပွဲတစ်ပွဲတွင် ကားများကို လေ့လာကြည့်ရှုနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်၊မြန်မာတိုင်းမ်

ကားဈေးနှုန်း မြင့်လာခြင်းမှာ အရောင်းအ၀ယ် ကောင်း၍မဟုတ်ဘဲ ဒေါ်လာဈေးမြင့်တက်
လာခြင်းနှင့် အခွန်အခဆောင်ရခြင်းများ မြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ၀ါရင့်ကားဝယ်ရောင်း
ဦးဝင်းမြင့်က ယခုလ ၁၇ ရက်တွင် ပြောသည်။ "အရင်က ကျပ်သိန်း ၁၀၀ ၀န်းကျင်
ဈေးနှုန်းရှိတဲ့ ကားတွေက အခု ကျပ်သုံးသိန်းဝန်းကျင် ဈေးပိုတက်လာတယ်။ သိန်း ၂၀၀
တန်တွေလောက်က ကျပ် ခုနစ်သိန်းလောက် ဈေးပိုများလာတယ်။ အရောင်းအ၀ယ်ကတော့
ခပ်လေးလေးပါ ပဲ"ဟု ဦးဝင်းမြင့်က ပြောသည်။

မကြာမီက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကိစ္စရပ်များနှင့် ပါတီနိုင်ငံရေး
အပြောင်းအလဲများကြောင့် လူအများ၏ စိတ်ဝင်စားမှုမှာ ပြန့်နေပြီး ကားဈေးကွက်တွင်လည်း
စိတ်ဝင်စားမှုလျော့ကြောင်း၊ ကားအရောင်းအ၀ယ်လုပ်ငန်းမှာ စားဝတ်နေရေးပြေလည်ပြီး
ငွေကြေးပိုလျှံမှသာ စဉ်းစားကြလေ့ရှိပြီး ကားဈေးကွက်မှာ ၂၀၁၅ ခုနှစ်အကုန်ခန့်မှ
ပုံမှန်ပြန်လည်တည်ငြိမ်နိုင်မည်မှန်းကြောင်း ၎င်းက ပြောသည်။ "ကားဈေးတွေ နည်းနည်း
တက်လာတာ က ငွေဈေးမြင့်ပြီး အခွန်အခဆောင်ရတာများတာကို ကာမိအောင်
ဈေးမြှင့်ယူတဲ့သဘောပါပဲ"ဟု ကားဝယ်ရောင်းဦးမြင့်ဆွေက ပြောသည်။

ကားဈေးကွက် အရောင်းအ၀ယ်ပုံမှန် လည်ပတ်နိုင်ရန်နှင့် မူဝါဒတည်ငြိမ်မှုရှိရန်
အရေးကြီးကြောင်း ၀ယ်ရောင်းအများစုက သုံးသပ်ပြီး ဒေါ်လာဈေးမြင့်ခြင်းကြောင့် ပြင်ပမှ
ကားတင်သွင်းမှု နည်းခြင်းမှာလည်း လက်ရှိဈေးကွက်အတွင်းမှ ကားဈေးနှုန်းများကို
မြင့်လာစေကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း