မန္တလေး မြို့တော်တွင် ကျောက် ပန်းချီကား ဈေးကွက်မှာ ပြည်ပ ထက် ပြည်တွင်း ဈေးကွက် ကိုသာ ပိုမို အားထားလာရ

ကျောက်ပန်းချီကားရောင်းချသည့်ဆိုင်းတစ်ဆိုင်တွင် ပန်းချီကားများ ချိတ်ဆွဲရန် ပြင်ဆင်နေစဉ်။ ရွှေဝါလွင်/ မြန်မာတိုင်း(မ်)ကျောက်ပန်းချီကားရောင်းချသည့်ဆိုင်းတစ်ဆိုင်တွင် ပန်းချီကားများ ချိတ်ဆွဲရန် ပြင်ဆင်နေစဉ်။ ရွှေဝါလွင်/ မြန်မာတိုင်း(မ်)

မန္တလေးမြို့ ကျောက်ပန်းချီကားဈေး ကွက်သည် ပြည်ပထက် ပြည်တွင်းဈေး ကွက်ကို ပိုမိုအား
ထားလာရကြောင်းကျောက်ပန်းချီ လုပ်ငန်းရှင်များက ပြောသည်။

"အရင်တုန်းကတော့ ကျောက်ပန်းချီ ကားတွေက နိုင်ငံခြားသားတွေပဲ ကြိုက်ကြတယ်။ အခု
နောက်ပိုင်းကျတော့ နိုင်ငံခြားသားတွေထက် မြန်မာလူမျိုးတွေရဲ့ဝယ်လိုအားက ပိုများလာ
တယ်၊ နိုင်ငံခြားသား တွေကတော့ သယ်ရလွယ်ကူတဲ့ ကျောက်ပန်းချီကား အသေးလေးတွေကိုပဲ
ဝယ်ကြတယ်၊ အာဆီယံနိုင်ငံတွေ ကတော့ အော်ဒါအပ်တာတွေလည်းရှိတယ်၊ သူတို့တွေဝယ်ရင်
မြန်မာငွေနဲ့ပဲလက်ခံပါတယ်" ဟု ဗစ်တိုးရီးယား ကျောက်ပန်းချီလုပ်ငန်းမှ မမေသူက ပြောသည်။

ကျောက်ပန်းချီကားများမှာ ၂၀၀၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံတွင် ခေတ်စား လာပြီး  ယခုနှစ်ပိုင်း
မှစ၍ ကျောက်ပန်းချီ ကားများသည် မန္တလေး၌ ပိုမိုခေတ်စား လာကာ အိမ်တွင်း အလှဆင်
ခြင်းနှင့် လက်ဆောင်ပေးခြင်းများတွင် ပိုမိုအသုံးပြုလာကြကာ ပန်းချီဆရာများ မြန်မာ့လက်မှု
ပညာရပ်ကို မြတ်နိုးသူများနှင့် နိုင်ငံခြား သွားရောက်မည့်သူများက အဓိက ၀ယ်ယူကြကြောင်း
၎င်းက ဆိုသည်။

"နိုင်ငံခြားကို ကျောင်းသွားတက်တဲ့ သူတချို့က မြန်မာ့တွင်းထွက်ပစ္စည်းနဲ့လုပ်ထားတဲ့ ဒီပန်းချီ
ကားကို လက်ဆောင်ပေးဖို့ ၀ယ်ယူကြတယ်။ အလှူ၊ မင်္ဂလာဆောင်၊ အိမ်သစ်တက်မင်္ဂလာ
ပြုလုပ်တဲ့ ပွဲတွေမှာ ကျောက်ပန်းချီကားတွေကိုအများဆုံး အသုံးပြုလာကြတယ်။

ကျောက်ပန်းချီကားတွေက လှလည်းလှတယ်၊ ဈေးလည်း အရမ်းမကြီးတော့ ကြိုက်တဲ့သူ ပိုများ
လာတာပေါ့" ဟု၎င်းက ပြောသည်။

ယခင်နှစ်နှင့် ယှဉ်ပါကကျောက်ပန်းချီကား ဈေးကွက်မှာ ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် ပိုမို
ကောင်းမွန်လာပြီး သီတင်းကျွတ်လတွင် ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း ကျောက်
ပန်းချီလုပ်ငန်းရှင်များက ပြောသည်။

ကျောက်ပန်းချီကား ဈေးနှုန်းများမှာ ကျပ်၂,၀၀၀ မှကျပ် ၃၅၀,၀၀၀ အထိရှိပြီး လိုချင်သည့်
ကျောက်အရည်အသွေး အလိုက်ဈေးနှုန်းများ ပြောင်းလဲသွားကာ လိုချင်သည့် ကျောက်
အရည်အသွေးနှင့် ပန်းချီကားအရွယ်အစားများကို အော်ဒါ မှာယူနိုင်ကြောင်း မြင့်ရတနာ
ကျောက်ပန်းချီနှင့် ကျောက်မျက်ရတနာအရောင်းပြခန်းမှကိုမင်းသန့်က ပြောသည်။

"ပန်းချီကားဆိုက်တွေက လက်မ (၈x၁၂)ဆိုက်ကို ကျပ်၂၀,၀၀၀ အနည်းဆုံးမှာယူလို့ရပါတယ်။
တချို့ နိုင်ငံခြားသား တွေကလည်း သူတို့နိုင်ငံခေါင်းဆောင်တွေရဲ့ပုံတူကို အင်တာနက်ကနေ
ပို့လိုက်ပြီးတော့ ကျောက်ပန်းချီ ဆွဲခိုင်းတာတွေလည်း ရှိတယ်။

"မြန်မာတွေကတော့ သူတို့ရဲ ပုံတူပန်းချီတွေပြပြီး ကျောက်ပန်းချီ လုပ်ခိုင်းတာများတယ်၊ ဒီလိုမျိုး
ပုံတူပန်းချီကား တွေအပ်ရင်တော့ ဈေးနှုန်းကိုနှစ်ဆနီး ပါးယူ ရပါတယ်။ တကယ်လို့အော်ဒါ
မှာရင်တော့ ၁၀ ရက်ကြိုတင် မှာယူရပါတယ်၊ ကျောက်ပန်းချီနဲ့ ကုမ္ပဏီနာမည်တွေ၊ ဆိုင်နာမည်
တွေ၊ ဆိုင်းဘုတ်အပ်တာတွေလည်းရှိတယ်"ဟု ၎င်းက ပြောသည်။

အာဆီယံနိုင်ငံများအနက် တရုတ် နိုင်ငံက ကျောက်ပန်းချီကားများကို ပိုမိုစိတ်ဝင်စားပြီး ဥရောပ
နိုင်ငံများမှာ ငွေနှင့် မိုးကုတ်တွင်းထွက်ကျောက်များ ဖြစ်သော ပြောင်ခေါင်းစိမ်း၊ ခရမ်းစွဲ၊ ပတ္တမြား၊
နီလာ၊ စသော ကျောက်များဖြင့် ပြုလုပ်ထားသောလက်စွပ်၊ ဆွဲကြိုးများ ကို အဓိက၀ယ်ယူကြ
ကြောင်း မမေသူကပြောသည်။

"ဥရောပက ဧည့်သည်တွေက ပန်းချီကားတွေကို ကြိုက်ကြပေမယ့် သယ်ရတာ မလွယ်တဲ့
အတွက်ကြောင့် သိပ်မ၀ယ်ကြဘူး။ တကယ်လို့ဝယ်ဖြစ် ရင်တော့ မြန်မာ့ယဉ်ကျေးမှုလက်ရာတွေ
ဖြစ်တဲ့ မန္တလေးကျုံး၊ အင်းလေးကန်၊ ပုဂံဘုရား ပုံတူ၊ လှည်းယာဉ်ပုံ၊ ရွှေတိဂုံစေတီတော်ပုံတွေကို
ပိုပြီးအလေးထားဝယ်ကြတယ်" ဟု ၎င်းက ပြောသည်။

ကျောက်ပန်းချီပြုလုပ်ရာတွင် အဓိကလိုအပ်သောပစ္စည်းမှာ မိုးကုတ်မြို့မှ ရောင်စုံကျောက်များ
ဖြစ်ပြီး ကျောက် ကပ်ရာတွင်  ထိုင်းနိုင်ငံမှလာသော ကော်များကို  အသုံးပြုကြောင်း မမေသူ
က ပြောသည်။

ယခုအခါတွင် မိုးကုတ်ကျောက်များ ရှားပါးမှုကြောင့် ဈေးနှုန်းအနည်းငယ် တက်သော်လည်း
ကျောက်ပန်းချီ လုပ်ငန်းမှာ ပျောက်ကွယ်သွားနိုင်မည် မဟုတ်ကြောင်း၊ အဆိုပါလုပ်ငန်းကို
မိုးကုတ်မြို့တွင်သာ ပြုလုပ်သဖြင့် မိုးကုတ်ကျောက်စစ်အဖြစ် အာမခံနိုင်ကြောင်း ၎င်းက ပြောသည်။

ကျောက်ပန်းချီလုပ်ငန်းသည် ထိုင်းနိုင်ငံမှ လာသောပညာရပ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်ပ
တင်ပို့မှုအဖြစ် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကိုသာ အဓိက တင်ပို့ရကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း