ရွေးကောက်ပွဲ မဲဆွယ် အသုံးစရိတ်များကို ယခုလ ၁၂ ရက်နေ့အထိ လက်ခံမည်

မန္တလေးမြို့ပေါ်၌ စက်တင်ဘာ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့က မဲဆွယ်နေစဉ်။မောင်ဇော်/မြန်မာတိုင်း(မ်)မန္တလေးမြို့ပေါ်၌ စက်တင်ဘာ ၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့က မဲဆွယ်နေစဉ်။မောင်ဇော်/မြန်မာတိုင်း(မ်)

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးခရိုင်မှ ယှဉ်ပြိုင်ခဲ့သည့် သက်ဆိုင်ရာပါတီများက
ကိုယ်စားလှယ်၏ စည်းရုံးရေး ကာလအတွင်းသုံးစွဲခဲ့သည့်အသုံးစရိတ် များကို ယခုလ ၁၂ ရက်
နောက်ဆုံးထားကာ လက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်
အရာရှိ ဦးတင်မင်းအေးက၊ယခုလ၊၆၊ရက်တွင်ပြောသည်။

"သတ်မှတ်ရက်အတွင်းမှာ တင်ပြခြင်း မရှိရင်တော့ ကော်မရှင်ကနေ သတ်မှတ်ထားတဲ့
ပုံစံနဲ့ ပြည်ထောင်စုအဆင့်ကို တင်ပြမှာ ပါ။ အခုအချိန်ထိတော့ ခရိုင်အတွင်းမှာ ၀င် ရောက်
ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် အရေအတွက် အကုန်လုံး လာရောက် တင်တာ မရှိ သေးပါဘူး"ဟု
ဦးတင်မင်းအေးက၊ဆိုသည်။ မန္တလေးခရိုင်အတွင်း၌ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့
သည့် ကိုယ်စား လှယ် ၁၁၂ ဦး ရှိခဲ့သော်လည်း ကိုယ်စား လှယ်လောင်း အသုံးစရိတ်တင်ပြထား
သည့် အရေအတွက်မှာ ယခုလ ၆ ရက်နေ့အထိ ၄၀ ၀န်းကျင်အထိသာ ရှိသေးကြောင်း
သိရသည်။

မန္တလေးတိုင်းတစ်တိုင်းလုံးတွင် ကိုယ် စားလှယ်လောင်း အသုံးစရိတ်တင်ရန် နောက်ဆုံး
သတ်မှတ်သည့်ရက်မှာ မတူ ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်
အဖွဲ့ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ယခုလ ၇ ရက်တွင် ပြောသည်။
"တစ်တိုင်းလုံးအနေနဲ့ ကျတော့ ကိုယ် စားလှယ်လောင်း အသုံးစရိတ် သတ်မှတ် ထားတဲ့
ရက်က မတူဘူး။ အားလုံးတန်းတူညီတူ သတ်မှတ်လို့မရဘူး။ တချို့နေရာ တွေမှာ
ကိုယ်စားလှယ်လောင်း အမည် စာရင်း ကြေညာတဲ့ရက်တွေကမတူလို့ပါ" ဟု
ဦးကျော်ကျော်စိုးက ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် သည့် ကိုယ်စားလှယ်လောင်း အသုံးစရိတ်ကို
မဲဆွယ်ကာလအတွင်း၌ ကျပ်သိန်း ၁၀၀ အထိသာ သုံးစွဲခွင့်ပြုထားပြီး မြို့နယ်တရား
သူကြီးထက် မနိမ့်သော တရားသူကြီးရှေ့ တွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာနှင့်အတူ
သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ထံတွင် အသုံးစရိတ်ကိုပူးတွဲ
တင်ပြရမည်ဖြစ်ကြောင်း လွှတ်တော်ရွေး ကောက်ပွဲဥပဒေတွင် ဖော်ပြထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း