စစ်ကိုင်းမြို့တွင် အင်န်အယ်လ်ဒီ၊ စည်ပင်သန့်ရှင်းရေးဌာနနှင့် ကျောင်းသားများ ပူးပေါင်းအမှိုက်ကောက်

စစ်ကိုင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အင်န်အယ်လ်ဒီ)က အမှိုက်ကောက်ရာတွင်
စည်ပင်သာယာရေးကော်မတီ သန့်ရှင်း ရေးဌာနနှင့် ပညာရေးတက္ကသိုလ် ကျောင်းသား၊
ကျောင်းသူများလည်း ပူးပေါင်း ကူညီခဲ့ကြောင်း အမှိုက်ကောက်ရာတွင် ပါဝင်ခဲ့သူများက
ဒီဇင်ဘာ ၁၃ ရက်က ပြောသည်။

အင်န်အယ်လ်ဒီက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် လမ်းများပေါ်တွင် အမှိုက် ကောက်ရာ၌
စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက အမှိုက်ကား ခုနစ်စီးနှင့် လမ်းကြောင်းပေါင်း
၁၂ ကြောင်းတွင် လုပ် သား ၁၀ ဦးဖြင့် ပါဝင်ကူညီခဲ့ကြောင်း စစ်ကိုင်း မြို့နယ် စည်ပင်
သာယာရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသိန်းဝေက ပြောသည်။

"အမှိုက်ကောက်တဲ့လုပ်ငန်းက ဌာနရဲ့ ပင်မလုပ်ငန်း ဖြစ်ပေမယ့် လူထုအဖွဲ့အစည်းအသီးသီးက
ပါဝင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှိုက်ကောက်တဲ့အခါ လိုအပ်တဲ့ ကားတွေပံ့ပိုးပေးခဲ့ပြီး
သမိုင်းအထောက် အထားတွေရှိတဲ့ နေရာတွေကိုလည်း သန့်ရှင်း ရေးတွေ လုပ်ပေးခဲ့ပါတယ်"ဟု
၎င်းက ပြောသည်။

ပညာရေးတက္ကသိုလ်ကျောင်းမှ ကျောင်း သား၊ ကျောင်းသူ ၂၀ ကျော်ကလည်း အမှိုက်
ကောက်ရာတွင် ပါဝင်ကူညီ ကောက်ပေးခဲ့ ကြောင်း၊ စစ်ကိုင်းမြို့တွင် အမှိုက်ကောက်
ခြင်းကို ဒီဇင်ဘာလ ၁၂ ရက်က စတင် ကောက်ခဲ့ပြီး ရပ်ကွက်များ၊ မန္တလေး-မုံရွာ
လမ်းတစ်လျှောက်နှင့် တက္ကသိုလ်ကျောင်း များရှေ့တွင် အမှိုက်ကောက်ရာ၌ ပါဝင်ခဲ့
ကြောင်း ပညာရေးတက္ကသိုလ်မှ နောက်ဆုံး နှစ်ကျောင်းသူ မမြတ်သီရီစိုးက ပြောသည်။

"ပညာရေး တက္ကသိုလ် ကျောင်းက အယောက် ၂၀ ကျော် ပါဝင်ပြီးတော့ အမှိုက်တွေကို
နှစ်ရက်လုံးမှာ လိုက်လံပြီး ကောက်ပေးခဲ့ပါတယ်။ အဓိကကတော့ အနာဂတ်ပတ်ဝန်းကျင်
လှပဖို့အတွက် ပါဝင်တာပါ။ ဘယ်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းပါဝင်သွားမှာပါ။ နောက်
ရက်တွေမှာလည်း ပါဝင်ပြီးတော့ အမှိုက် တွေကို ကောက်ပေးမှာပါ"ဟု ၎င်းက ပြောသည်။

စစ်ကိုင်းမြို့ အင်န်အယ်လ်ဒီက ဒီဇင်ဘာ ၁၂ ရက်တွင် မြို့ပေါ်ရှိ လမ်းများ၊ ရပ်ကွက်များတွင်
လူအင်အား ၅၀၀ ခန့် နှင့် အမှိုက် ကောက်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေး-မုံရွာ
လမ်းတစ်လျှောက်နှင့် စစ်ကိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ကျောင်းရှေ့များတွင်
အင်အား ၁၅၀ ကျော် ပါဝင်အမှိုက်ခဲ့ကြောင်း အင်န်အယ်လ်ဒီ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း