အစိုးရသစ်လက်ထက် မန္တလေး သင်္ကြန်ကို ရေ၊ ငွေသုံးစွဲမှု လျှော့ချနိုင်ရန် ဆောင်ရွက်မည်

မန္တလေးသင်္ကြန်တွင် ကျုံးတောင်ဘက် ၂၆ လမ်းပေါ်ရှိ သင်္ကြန်မဏ္ဍပ်တစ်ခု၌ ရေကစားနေ ကြသူများကို ယခင်နှစ်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)မန္တလေးသင်္ကြန်တွင် ကျုံးတောင်ဘက် ၂၆ လမ်းပေါ်ရှိ သင်္ကြန်မဏ္ဍပ်တစ်ခု၌ ရေကစားနေ ကြသူများကို ယခင်နှစ်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

ဧပြီ ၁ ရက်တွင် စတင်တာဝန်ယူမည့် အစိုးရသစ်လက်ထက်တွင် မန္တလေးသင်္ကြန်ကို ရိုးရာ
ယဉ်ကျေးမှုနှင့် ကိုက်ညီပြီး ရေအလွန်အကျွံ အသုံးချနေခြင်းများ၊ ငွေကြေးအမြောက် အမြား
အသုံးချနေခြင်းများကို လျှော့ချနိုင် အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်က မန္တလေးတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့်
၁၃၇၇ ခုနှစ် မဟာသင်္ကြန်ပွဲ တော်တွင် ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသော သင်္ကြန်ပွဲတော်
ကျင်းပနိုင်ရေး အစည်းအဝေး ပွဲသို့ တက်ရောက်လာသော မြို့ခံစာပေ ပညာရှင်များ၊ အနုပညာ၊
အတတ်ပညာရှင် များက လက်ရှိ မန္တလေးသင်္ကြန်ပွဲတော်များ တွင် ငွေကြေးအမြောက်အမြား
သုံးစွဲနေမှုများ နှင့် ရေအလွန်အကျွံ သုံးစွဲကာ ယဉ်ကျေးမှုကွယ်ပျောက်နေခြင်းများကို တင်ပြခဲ့ကြသော
ကြောင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ နှင့် တက်ရောက်လာသော ကိုယ်စားလှယ်များက
အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဧပြီ ၁ ရက်မှ စတင်ခါ အစိုးရသစ် တာဝန် ယူမည်ဖြစ်သောကြောင့် ၂၀၁၆ သင်္ကြန် ပွဲတော်ကို
လက်ရှိအစိုးရအဖွဲ့အစည်းများက စီစဉ်နေခြင်းဖြစ်ကာ သင်္ကြန်ပွဲတော်ကို ယခင်နှစ်များနည်းတူ
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု မန္တလေးမြို့တော်ဝန်က ပြောကြားထားကြောင်း
မန္တလေးတိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သတင်းထောက်များကို
ပြောသည်။ "ကျွန်တော် မြို့တော်ဝန်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ အခုပြည်သူလူထု တော်တော်များ
များက သင်္ကြန်ကို ကျုံးဘေးမှာ မကျင်းပချင် တာတွေရယ်၊ ရေကို ချွေတာချင်တာတွေ ရှိနေ
တာကို ပြောပြထားပါတယ်။ လက်ရှိ ရာသီဥတု အခြေအနေအရလည်း ရေကို အလွန်အကျွံ့
မသုံးစွဲသင့်ဘူးလို့ ထင်ပါတယ်။ အစိုးရသစ် က ဧပြီ ၁ ရက်မှာ တက်မှာဖြစ်ပြီးတော့ သင်္ကြန်က
၁၂ ရက်မှာ ကျမှာဆိုတော့ ကြားကာလ လေးအတွင်းမှာ ဘာတွေ ပြောင်းလဲသွားမလဲ
ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ကျွန် တော်တို့ဘက်ကလည်း တတ်နိုင်သမျှကြိုးစား
ဆောင်ရွက်သွားရမှာပါ"ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ရိုးရာယဉ်ကျေးမှုများ ကွယ်ပျောက်နေ ပြီး ရေဖြုန်း၊ ငွေဖြုန်းဖြစ်ကာ ပျော်ပွဲရွှင်ပွဲ သက်သက်ဖြစ်နေသော
မန္တလေးသင်္ကြန်ကို တိုင်းဒေသကြီးအစိုးရသစ် တာဝန်ယူပြီးချိန် တွင် ပထမဦးဆုံး ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာတစ်ရပ်အဖြစ် မြင်မိကြောင်း၊ လာမည့်နှစ်များတွင် မန္တလေးသင်္ကြန်
ကျင်းပ နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ အနုပညာ ရှင်၊ အတတ်ပညာရှင်များ၊ မြို့မိမြို့ဖများနှင့်
ပူးပေါင်းပြီး သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း
တက်ရောက်လာသည့် စာပေပညာရှင်များက ပြောသည်။

မန္တလေးသင်္ကြန်ပွဲတော် ကာလများတွင် ရေချို ရေဂါလန်ပေါင်း သန်း ၄၀ ၀န်းကျင်ခန့် ဖြုန်းတီးနေခြင်းဖြစ်
ကာ ၁၃၇၇ ခုနှစ် သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လက်ရှိ အစိုးရအဖွဲ့အစည်းများက
ငွေကြေး မြောက်မြားစွာ သုံးစွဲပြီး ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက် လုပ်ကိုင်နေပြီဖြစ်
ကြောင်း၊ သင်္ကြန်ပွဲတော်များကို ရှေးမူ မပျက် ရိုးရာအတိုင်း ကျင်းပပြုလုပ်ရမည် ဖြစ်ကာ
ယခုနှစ်သင်္ကြန်ကို ရေအသုံးချ မှုလျှော့ချရေး၊ မဏ္ဍပ်များတွင် စည်းကမ်း ချမှတ်ကာ ရှေး
မူမပျက် ဆောင်ရွက်နိုင်ရေး များကို စာပေ ပညာရှင်များက ထောက်ပြ ဆွေးနွေးခဲ့သည်။

"ကျွန်တော်တို့က ရှိသင့်ရှိထိုက်တဲ့ ရိုးရာ ယဉ်ကျေးမူဆိုတာတွေလည်း ရှိနေရမယ်။ ခေတ်အလိုက် ပြောင်းလဲမှုဆိုတာကလည်းရှိနေရဦးမှာပါပဲ။ သင်္ကြန်ဆိုရင်
ကျုံးပတ်လည်မှာပဲ လုပ်လာကြတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်္ကြန်ကားတွေ
သင်္ကြန် သံချပ်တွေဆိုတာ ပျောက်ကွယ်ကုန်နေပါပြီ။ သင်္ကြန်ကို ကျုံးဘေးမှာတင် မဟုတ်ဘဲနဲ့
မြို့နယ်တွေအလိုက် ရိုးရာမပျက် ပြန်လည် ကျင်းပနိုင်မယ်ဆိုရင် ရေကုန်စရာလည်း မရှိပါဘူး၊
ငွေကုန်စရာလည်း မလိုပါဘူး။ ကျွန်တော်တို့ကတော့ လူတစ်စု သင်္ကြန်ကနေ လူထုသင်္ကြန်ကို
ပြောင်းလဲနိုင်ဖို့ပဲ လိုလားပါတယ်"ဟု စာရေးဆရာ ဆူးငှက်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း