ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနေရာရှိ အဆောက်အအုံနှင့် ဟိုတယ်ဇုန်များ ဖျက်သိမ်းပေးရန်ဆန္ဒဖော်ထုတ်

ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဆန္ဒဖော် ထုတ်နေကြသော ဒေသခံများကို ယခုလ ၂၂ ရက်နေ့က တွေ့ရစဉ်။  စည်သူလွင်/ မြန်မာတိုင်း(မ်)ပုဂံယဉ်ကျေးမှုနယ်မြေတွင် ဆန္ဒဖော် ထုတ်နေကြသော ဒေသခံများကို ယခုလ ၂၂ ရက်နေ့က တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)

ပုဂံမြို့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဇုန်များအတွင်း နေအိမ်အဆောက်အအုံများ၊ဘဏ်နှင့်
ဟိုတယ်ဇုန်များတည်ဆောက်နေမှုကို ဖျက်သိမ်းပေးရန် ဒေသခံများက တရားဝင်ခွင့်ပြုမိန်
့တောင်းခံကာ ယခုလ ၂၂ ရက်နံနက်ပိုင်း ပုဂံမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ခဲ့ကြရာတွင် ပုဂံမြို့သစ် ၀က်ကြီးအင်းကျေးရွာရှိ  Myanmar Treasure Resort
Hotel မှ စတင်ပြီး ပုဂံမြို့ဟောင်း၊ မြင်းကပါ၊ ညောင်ဦးတရားရုံး၊ ပုဂံပြတိုက် လမ်းတစ်လျှောက်
ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အာနန္ဒာဘုရား ရောက်ချိန် မွန်းလွဲ ၁ နာရီတွင် ငြိမ်းချမ်းစွာပြီးဆုံး
သွားခဲ့သည်။

"ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အာဏာ ပိုင်တွေပေါင်းပြီး ယဉ်ကျေးမှုနယ်မြေ အတွင်းမှာ
အဆောက်အအုံဆောက် တာတွေ၊ စီမံချက်တွေလုပ်နေတာတွေကို ဖျက်သိမ်းပေးဖို့ ဆန
္ဒဖော်ထုတ်ကြတာပါ။ အခုလိုလုပ်ခဲ့တာကို တုံ့ပြန်မှုမရှိဘူးဆိုရင်တော့ ဆက်လက်ဆန္ဒဖော်
ထုတ်သွားမယ်။ အခုလိုလုပ်နေတာတွေ ကို သမ္မတလည်းသိစေချင်တယ်"ဟု ဆန္ဒ
ဖော်ထုတ်မှုကိုဦးဆောင်သူ ၀က်ကြီးအင်းကျေးရွာနေ ဦးမင်းနိုင်အောင်က ပြောသည်။

ဆန္ဒဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ တရားဝင်ခွင့်ပြု ချက်တောင်းခံရာတွင်
လူဦးရေငါးရာနှင့် ဆန္ဒဖော်ထုတ်ချိန် အချိန်သုံးနာရီ တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာ က
လူဦးရေတစ်ရာနှင့် အချိန်တစ်နာရီ ခွင့်ပြုခဲ့သည်။

"ကိုင်မယ့်ဆိုင်းဘုတ်တွေရဲ့ တခြားစာ သားတွေကိုလည်း ဖြုတ်ပစ်တယ်။ ပေးတဲ့ လမ်းကြောင်း
ကလည်း အကျိုးရှိနိုင်မယ့်လမ်းကြောင်းမဟုတ်ဘူး။ အခုလိုလုပ် ရပ်တွေက တရားမမျှတဘူး"
ဟု ဦးမင်း နိုင်အောင်က ဆက်လက်ပြောသည်။

ဆန္ဒဖော်ထုတ်ရန် လူတစ်ရာသာခွင့်ပြုခဲ့သော်လည်း ဆန္ဒဖော်ထုတ်စတင်ချိန်တွင် လူဦးရေ
သုံးဆယ်နီးပါးဖြင့်သာ သတ်မှတ်ဆောင်ပုဒ်  ၁၄ ခုကို ကိုင်ဆောင်ပြီး စတင်ခဲ့ရသည်။

"အခုလိုလုပ်ရတာ ပုဂံဘုရားတွေ ကြားမှာ ဟိုတယ်လုပ်ငန်းတွေ၊ စား သောက်ဆိုင်တွေနဲ့
ခရီးသွားလုပ်ငန်း  အဆောက်အအုံတွေ တည်ဆောက်နေ တာတွေကို ရပ်တန့်ပေးဖို့အတွက်
ပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူတစ်ဦး က
မြန်မာတိုင်း(မ်)ကို ပြောသည်။

ဆန္ဒဖော်ထုတ်တောင်းဆိုချက် ၁၄ ချက်အနက် တစ်ချက်ဖြစ်သည့်  ဗူးဘုရား ရှိ စားသောက်
ဆိုင်ခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များကို  ဖျက်သိမ်း ပေးရန် တောင်းဆိုသည့်
အချက်သည် ပင် လျှင် ယခုအစိုးရသစ်လက်ထက်ကျမှ ဆောင်ရွက်ခဲ့သော ယာယီစီမံချက်
ဖြစ်ပြီး ဖျက်သိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနကို တင်ပြ ဆောင်ရွက်ထားဆဲဖြစ်ကြောင်း
သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း