လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စာရင်းကို ယခုလ ပထမပတ်အတွင်း အစိုးရထံ ပေးပို့သွားမည်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင်ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသား စာရင်းများကို
ယခုလ ပထမပတ်အတွင်း အစိုးရထံ ပေးပို့သွားမည်ဟု နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်က ယခုလ
၂ ရက်တွင် ပြောသည်။

"လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း ကို အသေးစိတ် ပြုစုနေရလို့ နည်းနည်းကြာနေတာ။
အခုတော့ အကုန်လုံးနီးပါး ပြီးနေပြီ။ ဒါကြောင့် လက်ကျန် နိုင်ငံရေးအကျဉ်းသား တွေ စာရင်းကို
သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နဲ့ အစိုးရထံ ပေးပို့သွားမယ်။ အစိုးရအနေနဲ့ ပြန်စစ်ပြီး သေချာရင်
လွှတ်ပေးမယ်လို့ ထင် တယ်"ဟု ဦးအောင်မျိုးကျော်က ပြောသည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်း ထောင်အသီးသီး၌ ထောင်ကျနေသည့် နိုင်ငံ ရေးအကျဉ်းသား ဦးရေမှာ ၆၁ ဦးရှိပြီး တရား စွဲခံထားရသည့် နိုင်ငံရေးအကျဉ်းသား အရေ အတွက်မှာ ၁၀၇ ယောက်ရှိကြောင်း ဦးအောင်မျိုးကျော်က
ပြောသည်။ "ဒီအရေအတွက် တိတိကျကျ သိထား တယ်။ နောက်ပြီး တချို့အမှုတွေမှာ နိုင်ငံရေး အမှုတွေ ပါနေလားဆိုပြီး ပြန်စိစစ်နေတဲ့အတွက် အချိန်နည်းနည်း ကြာနေရတာပါ။ ဒါပေမဲ့ ဒီလ ပထမပတ်အတွင်း
မှာတော့ ပို့နိုင်မှာပါ"ဟု ဦးအောင်ကျော်ဦး မြန်မာတိုင်း(မ်)ကို ပြောသည်။

  AAPPမှ ပြုစုထားသည့် ကျန်ရှိ နိုင်ငံရေး အကျဉ်းသား ၆၁ ဦးစာရင်း၌ အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်
သည့် ဗိုလ်မှူးဝင်းနိုင် ကျော် ကျန်ရှိနေပြီး၊ ဖမ်းခံရသည့် ဖြစ်စဉ် မှာ ၂၀၁၀ ပြည့်နှစ် ၀န်းကျင်က စစ်တပ်မှ
ထိပ်တန်းအရာရှိ သူရဦးရွှေမန်း၏ မြောက်ကို ရီးယားနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံ တော်လျှို့ဝှက်ချက် ပုဒ်မများဖြင့် ဖမ်းဆီးး
ခံထားရကြောင်း ဦးအောင်ကျော်မျိုးက ပြောသည်။ "ဗိုလ်မှူးဝင်းနိုင်ကျော် အခုထိ မလွှတ် တာက
ပြည်ထဲရေးနဲ့ ကာကွယ်ရေးနဲ့ သဘောတူညီမှု မရလို့ မလွှတ်သေးတာလို့ ထင်တယ်။ ဗိုလ်မှူး
ဝင်းနိုင်ကျော်နဲ့ အမှု တူတဲ့ လူဆိုရင် ဧပြီလထဲက လွှတ်တဲ့အထဲ မှာ ပါသွားတယ်။ သူက ကျန်ေ
နသေးတာ။ သူကို ထောင်ချခဲ့တဲ့ ပုဒ်မတွေထဲမှာ နိုင်ငံ တော် လျှို့ဝှက်မှု ပေါက်ကြားစေတဲ့ ပုဒ်မ
အပြင် တခြားပုဒ်မတွေ အများကြီးရှိတယ်။ ကျန်ရှိတဲ့ နိုင်/ကျဉ်း စာရင်းထဲကတော့ ဗိုလ်မှူးဝင်းနိုင်ကျော်လို
အရေးကြီးတဲ့သူ တွေ ရှိသေးတယ်" ဟု ဦးအောင်မျိုးကျော်က ပြောသည်။ အစိုးရသစ် တက်လာပြီးနောက်
ပထမ ဆုံးအကြိမ်အဖြစ် ဧပြီ ၈ ရက်က သပိတ် မှောက်ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသား
အပါအ၀င် လူ ၁၀၀ ကျော်ကို ပြန်လည် လွှတ်ပေးခဲ့ပြီး ဧပြီ ၁၇ ရက်တွင် နိုင်ငံရေးမှုဖြင့် ထောင်ကျနေသူ
၈၃ဦး ကို ပြန်လည် လွှတ်ပေးခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း