တောင်လေးလုံး ဆရာတော် ဦးပညာဇောတ (ကိုပညာ-အမရပူရ) ၏ အန္တိမအဂ္ဂိဈာပနပြီးစီး

ဆရာတော် ဦးပညာဇောတ၏ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်ရန် စာပေပညာရှင်များက သယ်ဆောင်လာစဉ်။စည်သူလွင် / မြန်မာတိုင်း(မ်)ဆရာတော် ဦးပညာဇောတ၏ ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်ရန် စာပေပညာရှင်များက သယ်ဆောင်လာစဉ်။စည်သူလွင် / မြန်မာတိုင်း(မ်)

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံး ကျောင်းတိုက်တွင်
သီတင်းသုံးနေထိုင်သည့် ဆရာတော် ဦးပညာဇောတ (ကိုပညာ-အမရပူရ) ၏ ဈာပနအခမ်း
အနားကို မေ ၂၄ ရက်က လင်ဇင်းကုန်းသုသာန်တွင် ပြုလုပ်ခဲ့သည်။

ဆရာတော် ဦးပညာဇောတသည် မေ ၂၁ ရက် (ကဆုန်လပြည့်နေ့) နံနက်ပိုင်းတွင် ဘ၀နတ်ထံ
ပျံလွန်တော်မူခဲ့ရာ မေ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် လင်ဇင်းကုန်း သုသာန်သို့
ဆရာတော်၏ ရုပ်ကလာပ်ကို တပည့်သာဝကများနှင့် စာပေအနုပညာရှင် များ အဆင့်ဆင့်
သယ်ယူကာ မီးသင်္ဂြိုဟ်ခဲ့ပြီး အထိမ်းအမှတ် အုတ်ဂူပြုလုပ်ခဲ့ကြသည်။ ဆရာတော် ဘ၀နတ်ထံ
ပျံလွန်တော်မူ ချိန်မှာ သက်တော် ၈၄ နှစ်၊ ၀ါတော် ၆၄ ၀ါ ရှိပြီး ဆရာတော်၏ ဈာပနသို့ နိုင်ငံရေးနယ်ပယ်
အသီးသီးနှင့် စာပေနယ်ပယ်အသီးသီး မှ လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြသည်။

"ဆရာတော် ပျံလွန်တော်မူသွားတာ စာပေလောကအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကြီး
တစ်ခုပါ။ အလွန်အင်မတန်မှကို ၀မ်းနည်းရပါတယ်။ စာပေလောကနဲ့ ပတ်သက်တဲ့
အကြောင်းအရာကိစ္စတွေ ရှိလာပြီ ဆိုရင် တောင်လေးလုံးကျောင်းတိုက်မှာပဲ ဟိုးအရင်
မလွတ်လပ်တဲ့ ခေတ်စနစ်အချိန် ကတည်းက ဦးဆောင်လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တယ်။
အခု ဆရာတော် မရှိတော့ပေမဲ့ စာပေကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို
တောင်လေးလုံးမှာပဲ ဆက်တိုက် လုပ် ဆောင်သွားမယ်။ အမေ လူထုဒေါ်အမာရဲ့ ပွဲတွေကိုလည်း
တောင်လေးလုံးမှာပဲ ဆက်လုပ်သွားမယ်။ နောက်တက်လာမယ့် ကျောင်းထိုင်ဆရာတော်ကလည်း
ခွင့်ပြု လိမ့်မယ်လို့ ထင်ပါတယ်" ဟု စာရေးဆရာ ညီပုလေးက မြန်မာတိုင်း(မ်) ကို ပြောသည်။

ဆရာတော်ကို လင်ဇင်းကုန်း သုသာန်တွင် မီးသင်္ဂြိုဟ်ပြီး အရိုးပြာအိုးနှင့် အထိမ်းအမှတ်အုတ်ဂူကို
အဆိုပါ သုသာန်ထဲတွင် ထားရှိသွားမည်ဖြစ်သည်။

"အမျိုးသားစာပေဆုရခဲ့တဲ့အပြင် လွတ် လပ်ခွင့်မရှိသေးတဲ့ ခေတ်စနစ်အချိန်မှာ တောင်
စာပေလောကအတွက် ရှေ့ကနေ မားမားမတ်မတ်ရပ်ခဲ့တာ။ ဒီလိုတွေ လုပ်ခဲ့ လို့လည်း
အမျိုးမျိုး ခြိမ်းခြောက်တာကို ခံခဲ့ရ တယ်။ ဒါပေမဲ့ ဆရာတော်က နောက်မဆုတ်ခဲ့ပါဘူး။
ဆက်လက်ပြီး စာပေလောက အတွက် ရှေ့ကနေ မားမားမတ်မတ်ရပ်တည် ခဲ့တယ်။ အခုလို
ပျံလွန်တော်မူသွားတာ စာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ကြီးပါပဲ"ဟု စာရေးဆရာ
ဆူးငှက်က မြန်မာ တိုင်း(မ်)ကို ပြောသည်။

သာသနာပြု ဆရာတော်အဖြစ်သာမက စာပေသုတေသန ဆောင်းပါးများစွာ ရေးသား
ဖော်ထုတ်ခဲ့ပြီး 'တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ' စာအုပ်ဖြင့် ၁၉၉၆ ခုနှစ်တွင်
အမျိုးသားစာပေဆု ရရှိခဲ့သ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း