မြို့သစ် အိမ်ခြံမြေဈေး မကျနိုင်သေး

မြို့တွင်းနှင့်အပြိုင် ခေါ်ဈေးကောင်းနေသော မြို့သစ် ၆၂ လမ်းပေါ်မှ အဆောက်အဦများကို တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)မြို့တွင်းနှင့်အပြိုင် ခေါ်ဈေးကောင်းနေသော မြို့သစ် ၆၂ လမ်းပေါ်မှ အဆောက်အဦများကို တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

မန္တလေးမှာ အခြေကျပြီးဖြစ်တဲ့ မြို့သစ်ဧရိယာထဲက အိမ်ခြံမြေဈေးနှုန်းတွေဟာ
ခေါ်ဈေး မာနေဆဲဖြစ်ပြီး၊ ကျဆင်းနိုင်ခြေ အလားအလာလည်း နည်းပါးကြောင်း
မြို့သစ် အိမ်ခြံ မြေ အကျိုးဆောင်တချို့က ဇူလိုင်လဆန်းမှာ သုံးသပ်ထားပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ် မဖြစ်တာ နှစ်ရှည်ကြာမြင့်လာပြီ ဖြစ်တဲ့
အတွက် လူနေထိုင်မှု မများသေးတဲ့၊ မြို့သစ် အရှေ့ပိုင်းကျတဲ့ ဧရိယာတချို့မှာ ဈေးကွက်
သွက်စဉ်က ဈေးနှုန်းတွေထက် ၂၀၁၁ ခုနှစ်လောက်က စပြီး ကျပ်သိန်း ရာဂဏန်း
ဈေးလျှော့ခေါ်လာတာမျိုး ရှိပေမဲ့ ဖွံ့ဖြိုးမှု အားကောင်းနေတဲ့ မြို့သစ်ဧရိယာတွေက
တော့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ တရိပ်ရိပ် တက်လာခဲ့ပြီး အခြေအနေကောင်းနေ
ဆဲပါပဲ။

လက်ရှိမှာ အိမ်ခြံမြေအရောင်းအ၀ယ်အေးရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီနှစ်
ထဲမှာ ပြောင်းလဲသတ်မှတ်လိုက်တဲ့ အခွန်နှုန်းထားသစ်တွေကြောင့်လည်း ပါတယ်
ဆိုပေမဲ့ လမ်းမတန်းတချို့က လွဲရင် မြို့သစ်အတွင်းက အိမ်မြေဈေးနှုန်းတွေဟာ
အလယ် အလတ်တန်းမှာ ရှိနေတာကြောင့် မြို့တွင်းနဲ့စာရင် အများကြီး သက်သာနေ
ပါသေးတယ်။

လူနေထိုင်မှု များပြားပြီး အခြေခံလူမှု အဆောက်အအုံတွေနဲ့ ပြည့်စုံနေတဲ့ မြို့သစ်
ဧရိယာတွေထဲမှာ 'င' ရပ်ကွက်၊ 'စ' ရပ်ကွက်၊ 'ဆ' ရပ်ကွက်၊ 'ဏ' ရပ်ကွက်၊ 'ဃ'
ရပ်ကွက်နဲ့ 'ဈ' ရပ်ကွက်တွေက အိမ်ခြံမြေတွေဟာ ရှေ့အလားအလာလည်း ကောင်းပြီး
အခြေချ နေထိုင်မယ့်သူတွေ အများဆုံး ထည့်သွင်းစဉ်းစားဖြစ်ကြတဲ့ ဧရိယာတွေ ဖြစ်တဲ့
အတွက် အရောင်းအ၀ယ်အတွက် ခေါ်ဈေးတွေက မာနေဆဲဖြစ်သလို အငှားဈေးနှုန်းတွေလည်း
ကောင်းနေပါတယ်။ မြို့သစ်ဧရိယာအတွင်း လမ်းမတန်းတွေနဲ့ နီးပြီး အကွက်အကွင်းကောင်းတဲ့
နေရာတွေ မှာ ပေ ၄၀x ပေ ၆၀ အကျယ် မြေကွက်ကို လက်ရှိမှာ အောက်ထစ် ကျပ်သိန်း
၃,၅၀၀ ပတ်ချာလည် ခေါ်ဈေးရှိနေပါတယ်။

အရောင်း အ၀ယ် အေးနေပေမဲ့ ဒီထက် ဈေးကျ ဖွယ် မရှိဘဲ အချိန်နဲ့အမျှ ပိုတက်လာဖို့သာ
များတယ် လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။ ဒါ့ပြင် အငှားဈေးနှုန်းတွေကလည်း
တစ်လကို ပျမ်းမျှအောက်ထစ် ကျပ်နှစ်သိန်း ကနေ အဆောက်အအုံပေါ် မူတည်ပြီး ကျပ်သိန်း
ဆယ်ချီဈေး ရှိနေသလို အထပ်မြင့် အဆောက်အအုံတွေကို တစ်လကို ကျပ်သိန်း ၂၀ နဲ့ ၃၀
ကြားအထိ ဈေးခေါ်လာတာတွေ လည်း ရှိနေပါတယ်။ မြို့သစ်ရဲ့ ဖွံ့ဖြိုးပြောင်းလဲမှုက တစ်နှစ်ထက်
တစ်နှစ် သိသိသာသာ ကောင်းမွန်နေပြီး အဆောက်အအုံကောင်းတွေ တိုးပွားမှုဟာ လွန်ခဲ့တဲ့
သုံးနှစ်တာကာလအတွင်းမှာ ပို အရှိန်ကောင်းခဲ့ပါတယ်။

ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ တက္ကသိုလ်တွေ၊ ဈေးတွေနဲ့ ပြည့်စုံနေသလို အဝေးပြေး
ကားကွင်းနဲ့လည်း နီးတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ပြီး မြို့တွင်းနဲ့ ချိတ်ဆက်မှုက
ချောမွေ့ သလို၊ စက်မှုဇုန်ကို ကျော်လွန်ပြီး မြို့တောင် ဘက်ခြမ်းက ကုန်တင်ကားကွင်းသစ်နဲ့
ဆက်စပ်နေတဲ့ ဧရိယာအသစ်နဲ့ ဆက်လက် ချိတ် ဆက်နေတာကြောင့် မြို့သစ် အိမ်မြေဈေးကွက်ဟာ
လုံးဝ မျက်ချည်ပြတ်မခံသင့်တဲ့ ဈေးကွက် ဖြစ်တယ်လို့ အတွေ့အကြုံ ရင့်ကျက်တဲ့ အိမ်မြေ
အကျိုးဆောင်အများစုက သုံးသပ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း