အကွက်အကွင်းကောင်းတဲ့ မြို့သစ်ဧရိယာ ၀ယ်ယူရန်အချိန်ကောင်းဖြစ်လာ

မန္တလေးမြို့ မြို့သစ်အရှေ့ဖျား ဧရိယာအတွင်းက အဆောက်အဦများကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)မန္တလေးမြို့ မြို့သစ်အရှေ့ဖျား ဧရိယာအတွင်းက အဆောက်အဦများကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ အရောင်းအ၀ယ်ခပ်ပါးပါးသာ ရှိပေမဲ့
မြို့သစ်ဧရိယာအတွင်းက အိမ်မြေ အကွက်အကွင်းတွေကို ၀ယ်ယူဖို့ စဉ်းစားမယ်ဆိုရင်
လက်ရှိအချိန်ဟာ အချိန်ကောင်း ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင် အများစုက
သုံးသပ်ကြပါတယ်။

အခုလို ဈေးကွက်နှစ်ရှည် ငြိမ်သက်နေ တာဟာ အချိန်တိုအတွင်းမှာ အိမ်မြေဈေးနှုန်းတွေ
အဆမတန် မြင့်တက်ခဲ့တာရယ်၊ အိမ်မြေ ကို အမြင့်ဈေးနဲ့ ပိုက်မိနေသူတွေက ဈေးပြန်ချရောင်းဖို့
အခက်တွေ့နေကြတာရယ်အပြင် အခွန်နှုန်းထား သတ်မှတ်ချက်တွေ မတည် ငြိမ်ပဲ နိမ့်လိုက် မြင့်လိုက်ဖြစ်နေလို့ ရောင်းမယ့်ဝယ်မယ့်သူတွေအတွက် ဆုံးဖြတ်ချက်ချရတာ
ခက်ခဲနေတာတွေလည်း ပါပါတယ်။

အခွန်နှုန်းထားမှာ ၂၀၁၅ ခုနှစ်က လုပ်သာ ကိုင်သာ ရှိခဲ့ပေမဲ့ အခု ၂၀၁၆ ခုနှစ်ထဲမှာ ဥပဒေသစ်အရ
ဝင်ငွေရလမ်း မပြနိုင်ရင် အိမ်မြေတန်ဖိုး တစ်ကျပ်ကနေ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊
ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ အထက်ကို
၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ဖို့ သတ်မှတ်ထားလို့ အိမ်မြေ ဈေးနှုန်း အမြင့်တန်းတွေအတွက်
စဉ်းစား စရာ ဖြစ်ခဲ့ရပါတယ်။ ဒီလိုအနေအထားတွေ ဖြစ်နေချိန်မှာ ပြီးခဲ့ တဲ့ လလောက်ကစပြီး
မြို့သစ်အရှေ့ပိုင်း ဧရိယာထဲမှာ အရင်က ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည်ခေါ်ဈေး ရှိခဲ့တဲ့
အိမ်မြေတချို့ ဟာ ကျပ်သိန်း ၁,၀၀၀ ပတ်ချာလည် ဈေးလျှော့ ခေါ်တာတွေ ရှိလာပါတယ်။
မြို့သစ်အရှေ့ ပိုင်းဧရိယာရဲ့ ရှေ့အလားအလာနဲ့ လက်ရှိ ဖွံ့ဖြိုးမှုအနေအထားအရ လျှော့ခေါ်လာတဲ့
ဈေးနှုန်းတန်းနဲ့ ချိန်ထိုးကြည့်ရင် နေထိုင်ဖို့ သာမက ရင်းနှီးမြှုပ်နှံမှုအနေနဲ့ပါ ကောင်းတဲ့ အနေ
အထားဖြစ်လာတယ်လို့ အတွေ့အကြုံ ရင့်တဲ့ မန္တလေးမြို့က အိမ်မြေအကျိုးဆောင် အများစုက
ဩဂုတ်လ ပထမပတ်မှာ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲံ့
ဦးတင်မောင်ကတော့ လူဦးရေ တိုးပွားမှုနဲ့ စီးပွားရေးတိုးတက်ပြောင်းလဲမှု တွေရှိနေလို့ အိမ်မြေ
ဈေးကွက်ငြိမ်သက် ခြင်းဟာ ခဏပဲဖြစ်နိုင်မယ်၊ အချိန်တန်ရင် သူ့ဈေးနဲ့သူ ပြန်ဖြစ်ပြီး စီးပွားရေး
ပြန်လည်ပတ်တတ်တယ်လို့ ဇွန်လတုန်းက မန္တလေးမြို့တော်ခန်းမမှာလုပ်ခဲ့တဲ့ အိမ်ခြံမြေ
ဆိုင်ရာဟောပြောပွဲမှာ ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း