မြေငလျှင်ဒါဏ်သင့် ပုဂံဘုရားများ ပြုပြင်ရန် ပရဟိတအဖွဲ့များ မကွေးတွင် အလှူခံ

နေအောင်/မြန်မာတိုင်း(မ်)နေအောင်/မြန်မာတိုင်း(မ်)

ပြီးခဲ့သည့်သြဂုတ်လအတွင်းမြေငလျှင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ပုဂံဘုရားများအား
ပြန်လည်ပြုပြင်ရာတွင် ထည့်ဝင်လှုဒါန်းရန်အတွက် ယခုလ ၃ ရက်နေ့မှစတင်၍
ပရဟိတအဖွဲ့များစုပေါင်းပြီးမကွေးမြို့ပေါ်တွင် အလှုခံမှုများပြု လုပ်ခဲ့ကြသည်။

ပရဟိတလူမှုအဖွဲ့များအနေဖြင့် မကွေးမြို့ပေါ်ရပ်ကွက်များသို့ ယခုလ ၁၅ ရက်နေ့အထိ
လှည့်လည်အလှုခံသွားမည်ဖြစ်ပြီးစတင် အလှုခံသည့်ပထမနှစ်ရက်တွင်ဖျော်ဖြေရေးကားဖြင့်
မြို့တွင်းသို့ လှည့်လည်နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်း''သဒ္ဓါရှင်'' ရှင်သန်မှုကူညီရေးအဖွဲ့မှ
ဦးနေမိုးဆွေကျော်ကပြောသည်။

“ပုဂံဘုရားတွေဆိုတာ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ နှလုံးသည်းပွတ်တွေပါ၊ဒီလိုမျိုးငလျှင်ဒါဏ်ခံပြီး
ပြိုကျပျက်စီးသွား တဲ့အချိန်မှာရှေးမူမပျက် ရှေးဟောင်းယဉ်ကျေးမှုတန်ဘိုး မပြောက်ပျက်အောင်
ပြုပြင်နိုင်မယ် ဆိုလို့ရှိရင် ပုဂံရှေးဟောင်းနယ်မြေဟာကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားမှာသေချာပါတယ်”ဟု
ဦးနေမိုးဆွေကျော် မှဆိုသည်။

နေအောင်/မြန်မာတိုင်းမ်နေအောင်/မြန်မာတိုင်းမ်

ယခုကဲ့သို့အလှုခံမှုအားမကွေးမြို့ပေါ်ရှိပရဟိတအသင်း ၂၈ ဖွဲ့မှပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
မကွေးမြို့ပေါ်ရှိဈေးများနှင့်လူစည်ကားရာနေရာများတွင်လည်းအလှုခံဌာနများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိရသည်။

“ပရဟိတအကျိုးတော်ဆောင်ကလေးတွေကတော့ ရပ်ကွက်တွေမှာတစ်လမ်းခြင်းဝင်ပြီး
အလှုခံသွားမယ်၊ပထမနေ့ အလှုခံရတာတော့ဆယ်နှစ်သိန်းရှစ်သောင်းနှစ်ထောင့်ရှစ်ရာ့
ငါးဆယ်ရတယ်၊အလှုငွေကောက် ခံရတဲ့ ပမာဏအပေါ် မှာကြည့်ပြီးတော့မကွေးမြို့ကစုပေါင်းပြီးတော့ ပြုပြင်မွန်းမံတယ်ဆိုတာနှစ်ဆူလှုနိုင်ရင်
နှစ်ဆူပေါ့ ၊နှစ်ဆူပဲဖြစ်ဖြစ် တစ်ဆူပဲဖြစ်ဖြစ် ကုန်ကျတဲ့ငွေအပေါ်မှာကြည့်ပြီးတော့ လှုမယ်လို့ရည်မှန်းထားတယ်”ဟုလှည့်လည်ဖျော်ဖြေရေး တာဝန်ရှိသူတစ်ဦးဖြစ်သူ
ဦးကြည်လင်ကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း