စဥ့်ကူးမြို့နယ်၌ ကောက်စိုက်အမျိုးသမီး ၁၀ ဦး အစာအဆိပ်သင့်

စဥ့်ကူးမြို့နယ်၌ စက်တင်ဘာ ၂ ရက် က ကောက်စိုက်အမျိုးသမီး ၁၀ ဦး အစာ
အဆိပ်သင့်သဖြင့် ဆေးရုံသို့ တက် ရောက်ကုသခဲ့ရကြောင်း မန္တလေးတိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

စဥ့်ကူးမြို့နယ် မင်းကျေးရွာမှ ဦးအောင် ၀င်း၏ လယ်မြေတွင် ကောက်စိုက်နေကြသော
အမျိုးသမီး ၁၀ ဦးသည် ထမင်း စားနားချိန်တွင် လယ်ပိုင်ရှင်က ကျွေးသော ထမင်း၊
ဝက်သားဟင်း၊ ငံပြာရည်၊ ချဉ်ပေါင်ဟင်း၊ မျှစ်ပြုတ်၊ ခရမ်းသီး ပြုတ်တို့နှင့် စားသောက်ပြီး
မိနစ် ၃၀ အကြာတွင် မူးဝေအော့အန်ခြင်းများ ဖြစ်သဖြင့် စဥ့်ကူးဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

ကုသချက်အရ အမျိုးသမီး ၁၀ ဦးမှာ မစိုးရိမ်ရသဖြင့် ယင်းနေ့တွင် ပင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။
စုံစမ်း စစ်ဆေးချက်အရ လယ်ပိုင်ရှင် ဦးအောင်ဝင်းက ဩဂုတ် ၁၈ ရက်တွင် လယ်မြေအတွင်း
ပေါင်းသတ်ဆေး ပက် ဖျန်းခဲ့ကြောင်း၊ ကောက်စိုက်အမျိုး သမီးများက ထမင်းမစားမီ လက်ကို
စင်ကြယ်အောင် မဆေးမိသဖြင့် ပေါင်း သတ်ဆေးကြောင့် မူးဝေအော့အန်ရခြင်း ဖြစ်ကြောင်း
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း