မိုးကုတ်နှင့် မိုးမိတ်ရှိ တရားမ၀င် ရတနာတွင်းများ လျော့နည်းရေး ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသနှင့် ရှမ်း ပြည်နယ် မိုးမိတ်ဒေသအနီးရှိ တရားမ၀င်
ရတနာတွင်းများ လျော့နည်းသွားရန်အတွက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း
ဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က
စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။

" မိုးကုတ်ဒေသက တရားမ၀င်လုပ်ကွက်တွေကို ဖမ်းမယ်ဆိုရင်တော့ မိုးမိတ်ဘက်က
သွားဖမ်းမှ ရလိမ့်မယ်။ မိုးကုတ်ဘက်ကဆိုရင် လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေနိုင်
ဘူး။ ဒါပေမဲ့ တရားမ၀င် ခိုးတွင်းတွေက မိုးကုတ်ဒေသမှာပဲ ရှိနိုင်တယ်။ ဒီလ ၁၀ ရက်မှာ
ပြည်နယ်ဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
ဒီခိုးတွင်းတွေကို အစဉ်အမြဲ မလုပ်အောင်တော့ ထိန်းရမှာပေါ့။ အခုကာလ က မိုးတွင်းဆိုတော့
မိုးကုတ်ဒေသမှာရှိတဲ့ လုပ်ကွက်အတော်တော်များများက နားထားကြပါ တယ်"ဟု ဦးမျိုးသစ်က
ပြောသည်။ မိုးကုတ်ဒေသတွင် ရတနာလုပ်ကွက်များ ကြောင့် ကင်းချောင်းတံတားအနီးရှိ ရွှံ့နွံများ
ဖုံးလွှမ်းသွားသည့် လယ်ယာမြေများကို လာ ရောက်စစ်ဆေးခဲ့ပြီး ကင်းချောင်းတံတားအနီး ရှိ
တရားဝင်တူးဖော်နေသည့် ရတနာလုပ် ကွက် ရှစ်ကွက်ကို ရပ်နားထားရန် ညွှန်ကြားထားသည်။

"ပြည်ထောင်စုဝန်ကြီးက ကင်းချောင်းကနေ စီးဆင်းလာတဲ့ အနယ်အနှစ်တွေက ကင်းချောင်းအတိုင်း
စီးဆင်းလာပြီး ကင်း ချောင်းတံတားအောက်ခြေ ထိခိုက်ပျက်စီးနေ တာတွေကို လာရောက်
စစ်ဆေးခဲ့တာပေါ့။ နောက်ပြီး လုပ်ကွက်တွေကို လုပ်ကိုင်ပြီးရင် သစ်ပင်တွေ ပြန်လည်စိုက်ထားဖို့
သဘာဝ ပတ်ဝန်ကျင် ထိခိုက်မှုမရှိအောင် အတတ်နိုင် ဆုံး ဆောင်ရွက်ကြဖို့ မှာကြားသွားတာပေါ့။ နိုဝင်ဘာလထဲမှာ ပြန်လည်စစ်ဆေးမယ်လို့ လည်း ပြောသွားပါတယ်။
အခု နားထားတဲ့လုပ်ကွက်တွေ ပြန်လည်လုပ်ကိုင်ဖို့အတွက်ကတော့ သက်ဆိုင်ရာ မြို့နယ်
သတ္တုတွင်း ညွှန် ကြားရေးမှူးတွေနဲ့ တိုင်ပင်လုပ်ကိုင်ရမှာပေါ့" ဟု ၎င်းက ဆက်ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ ရတနာတူးဖော်ခွင့်လုပ်ကွက် ချထားပေးမှုအများစုကို ပြည်ထောင်စု
အဆင့်ကသာ ဆောင်ရွက် လုပ်ကိုင် ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့် လုပ်ကွက်
ဆောင်ရွက်ပေးမှုများ၌ ဒေသခံများ လုပ် ဆောင်နိုင်အောင် အတတ်နိုင်ဆုံးကြိုးပမ်း
သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသွားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း