စည်းကမ်းမဲ့ရပ်နားယာဉ်များ သော့ခတ် ပြေစာစနစ်ဖြင့် အရေးယူမည်

မန္တလေးမြို့ ၇၃ လမ်းပေါ်၌ စည်းကမ်းမဲ့ရပ်နားထားသော ကားတစ်စီးကို စည်ပင်သာယာက Tow Truckွှု ဖြင့် ဆွဲယူသွားသည်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းက တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)မန္တလေးမြို့ ၇၃ လမ်းပေါ်၌ စည်းကမ်းမဲ့ရပ်နားထားသော ကားတစ်စီးကို စည်ပင်သာယာက Tow Truckွှု ဖြင့် ဆွဲယူသွားသည်ကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းက တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

မန္တလေးမြို့တွင်းရှိ အသွားအလာစည်ကားရာ အဓိကလမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့
ရပ်နားထားသော ယာဉ်များကို သော့ခတ်ပြေစာ စနစ် ပထမဆုံးကျင့်သုံး အရေးယူ
သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီတွဲဖက်
အတွင်းရေးမှူး ဦးသက် နိုင်ထွန်းက စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။

"သော့ခတ်အရေးယူရာမှာ သော့ကို ဖျက် ဆီးပြီး ထွက်သွားခဲ့ရင် ဘယ်လိုပုံစံနဲ့
အရေးယူ သွားမလဲ၊ ဒဏ်ငွေကို ဘယ်လို ဆောင်စေမလဲ စတဲ့ အချက်တွေကို
ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးသွားမှာပါ"ဟု ၎င်းကဆိုသည်။

ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ယာဉ်မရပ်ရနေရာ များ၌ ရပ်ခြင်း စသည်တို့ကို ကားဘီး သော့နှင့်
ခတ်ပြီး ပြေစာဖြတ် ဒဏ်ငွေဆောင်စေမည် ဖြစ်ကြောင်းနှင့် ယာဉ်ထိန်းရဲကဲ့သို့ အခြား
သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကာ အဆိုပါ စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်မည်
ဖြစ်ကြောင်း ဦးသက်နိုင်ထွန်းက ပြောသည်။

သတ်မှတ်ချက်များကို အတည်ပြုပြီးပါက နေ့စဉ်ထုတ် သတင်းစာများနှင့် မီဒီယာများမှ
တစ်ဆင့် ပြည်သူလူထုကို အသိပေးသွားမည် ဟု ဆိုသည်။

လက်ရှိတွင် စည်ပင်သာယာက စည်းကမ်းမဲ့ ရပ်သော ကားများကို Tow Truck ဖြင့်
ဆွဲကာ အရေးယူနေပြီး ဆွဲခ ကျပ် ၅၀,၀၀၀၊ ဒဏ်ကြေး ငွေ ကျပ် ၅၀,၀၀၀
ပေးဆောင်စေကြောင်း စည်ပင်သာယာ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစနစ် ကျင့်သုံးပါက အရေးယူမှုမှာ ပို အလုပ်ဖြစ်လာပြီး အရေးယူခံရသူများလည်း
ပိုမိုများပြားလာနိုင်ကြောင်း၊ သို့သော် Tow Truck ဖြင့် ဆွဲယူခမပေးရသဖြင့်
ဒဏ်ကြေးဆောင်ရမှု ပိုမိုသက်သာသွားဖွယ်ရှိသည်ဟု မြို့ခံတချို့က ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း