အပ်ကားစလစ်ဈေး တစ်ပတ်အတွင်း ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့်တက်

မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသော ကားအရောင်းပြပွဲတစ်ခုတွင် လေ့လာနေသူများကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသော ကားအရောင်းပြပွဲတစ်ခုတွင် လေ့လာနေသူများကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

၂၀၁၆ ခုနှစ် မကုန်မီ စလစ်ကပ်ရမည့် ကားများရှိလာခြင်းကြောင့် အပ်ကားစလစ်
ဈေးနှုန်းများ ကျပ်သိန်း ၉၀ ခန့်မှ ကျပ် ၁၀၇ သိန်းခန့်သို့ မြင့်တက်သွားကြောင်း
ကားဝယ်ရောင်းများက ပြောသည်။

"Consignment စနစ်နဲ့ တင်သွင်းထား တဲ့ စလစ်ကပ်ကားတွေ အကုန်စလစ်ကပ်
ကြရတော့မယ်။ အပ်ကားတွေ ရှားပါးသွား လို့ စလစ်ဈေးနှုန်းတွေက အခုလို တက်ကုန်
တာပါ"ဟု မန္တလေးမြို့မှ ကားဝယ်ရောင်း ဦးဝင်းမြင့်ဦးက စက်တင်ဘာ ၁၅ ရက်တွင် ပြောသည်။

မူဝါဒအရ ၂၀၁၆ ခုနှစ် မကုန်မီတွင် လက်ရှိ တင်သွင်းထားသော ၂၀၀၃၊ ၂၀၀၄ နှင့်
၂၀၀၅ ခုနှစ် မော်ဒယ်ကားများကို စလစ် ကပ်ထားရမည်ဖြစ်၍ ထိုသို့ စလစ်ဈေးနှုန်းများ သီတင်းတစ်ပတ်အတွင်း ပြောင်းလဲ မြင့်တက်သွားခြင်းဖြစ်သည်။

လက်ရှိဈေးကွက်တွင် အရောင်းအ၀ယ် မကောင်းသည့်အပြင် ပြင်ပတွင် ကြားနေရသော
မူဝါဒသစ်အရ စလစ်ကပ်ကားများ မော်ဒယ်ပိုမြင့်လာနိုင်သော်လည်း အခွန် နှုန်းထားနှင့်
ဈေးနှုန်းမြင့်လာဖွယ်ရှိသော ကြောင့် အခြေခံလူတန်းစားများ ၀ယ်ယူရန် ပိုခက်သွားနိုင်ပြီး
ယခု ကျပ်သိန်း ၁၀၀ ကျော် နေသော ဖရီးပါမစ် ကားပေါက်ဈေးလည်း ပိုမိုမြင့်မားလာနိုင်သည်ဟု
ဆိုသည်။

"လူတွေက ကျပ်သိန်း ၁၀၀ ပတ်ချာလည် ကားတွေကိုပဲ ၀ယ်ချင်ကြတာ များတယ်။
အခု စလစ်တန်ဖိုးနဲ့ ကားတန်ဖိုးပေါင်းရင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ဆိုတော့
မ၀ယ်ချင်ကြဘူး။ ကားအရောင်းအ၀ယ်က နိုင်ငံခြားငွေဈေး အတက်အကျအပေါ် လည်း
မူတည်သေးတယ်။ ငွေဈေးတက်ရင် ကားဈေးတက်ပြီး အရောင်းအ၀ယ် အေးပါတယ်"ဟု
ကားဝယ်ရောင်း ဦးသိန်းဆွေက ပြောသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၆
ခုနှစ်အတွက် မော်တော်ယာဉ်များ တင်သွင်းမှုတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို
၂၀၁၅၊ ဒီဇင်ဘာ ၁၈ ရက်၌ ကနဦးထုတ်ပြန်ခဲ့ရာ၊ ၂၀၁၅ ခုနှစ် မကုန်မီ စလစ်ကပ်ရမည့်
ကားများ ရှိလာခြင်းနှင့် ဘယ်မောင်းကားများသာ တင်သွင်းခွင့် ရှိမည့် အချက်များ ပါဝင်
လာသဖြင့် ကားတင် သွင်းရောင်းချသူများက ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့်
ကားအရောင်းစင်တာနှင့် ပြခန်း များမှ သွင်းကုန်လိုင်စင်များကို၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်
အထိ ပြန်လည် သက်တမ်းတိုး ခွင့်ပြုပေးခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း