အရသာကောင်းပေမဲ့ ဆိုင်နာမည် ပေးမထားတဲ့ မုန့်ဟင်းခါးဆိုင်လေး

၈၁ လမ်း၊ ၃၁ လမ်းထောင့် မြောက်ဘက်ဘေးက မုန့်ဟင်းခါးဆိုင်၌ စားချင်စဖွယ် ပြင်ဆင်ထားသည့် မုန့်ဟင်းခါးကို တွေ့ရစဉ်။လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)၈၁ လမ်း၊ ၃၁ လမ်းထောင့် မြောက်ဘက်ဘေးက မုန့်ဟင်းခါးဆိုင်၌ စားချင်စဖွယ် ပြင်ဆင်ထားသည့် မုန့်ဟင်းခါးကို တွေ့ရစဉ်။လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)

အရသာကောင်းပေမဲ့ ဆိုင်နာမည် ပေးမထားတဲ့ မုန့်ဟင်းခါးဆိုင်လေးကို ပြောပြချင်ပါတယ်။
ဒီမုန့်ဟင်းခါးဆိုင်ကတော့ ညနေခင်းမှာ စားလို့ရမယ့်ဆိုင်လေး ဖြစ်ပါတယ်။ ညနေခင်း
အဆာပြေစားဖို့အပြင် ထမင်းနဲ့ ဟင်းရည်အဖြစ်လည်း စားနိုင်ပါသေးတယ်။

သူ့ရဲ့ ဆိုင်လေးဟာ လမ်းဘေး မှာ ခင်းကျင်းရောင်းချပေမဲ့ စားသုံး သူ တွေနဲ့ အမြဲတမ်း
စည်ကားလို့နေပါတယ်။ ပုံမှန်အားဖြင့် ညနေ ၃ နာရီခွဲကနေ စတင် သုံးဆောင်နိုင်ပြီး
ည ၈ နာရီကျော်ရင်တော့ စားဖို့ မဖြစ်နိုင်တော့ပါဘူး။

ည ၈ နာရီ ၀န်းကျင်လောက်မှာ သူ့ဆိုင်က အမြဲကုန် သွားလေ့ ရှိပါတယ်။ ထူးခြားချက်
ကတော့ ဘယ်နေ့ပဲ သွား စားစား ဟင်းရည်ရဲ့ အရသာကတော့ အတူ တူပါပဲ။မုန့်ဟင်းခါး
ကလည်း ဟင်းရည်က အဓိကမဟုတ်လား။ ပြီးတော့ ရောင်းသူရဲ့ ဆက်ဆံရေးကလည်း
ကောင်းတဲ့အတွက် စားသုံးသူတွေ များတယ်လို့ ပြောလို့ရပါတယ်။

သူ့ဆိုင်ကိုသွားစားချင်ရင်တော့ နည်းနည်းတော့ စောင့်ပေးရပါတယ်။ ဟင်းရည်ကို ချက်တဲ့သူက
တစ်ဦးတည်း ပုံမှန်ချက်တဲ့အတွက် ဘယ်နေ့ပဲဖြစ်ဖြစ် အရသာက တစ်မျိုးတည်း ဖြစ်ပါတယ်တဲ့။
ပြီးတော့ မန္တလေးမုန့်ဟင်းခါး စစ်စစ်လို့ ပြောနိုင်ပါတယ်။ ဟင်းရည်ကို ပဲမှုန့်၊ ကုလားပဲ၊ ဆန်လှော်၊
ငါးတွေနဲ့ ချက်ထား တာပါတဲ့။ မန္တလေးသူ/သားတွေကတော့ မုန့်ဟင်းခါးသောက်ရင်
ဟင်းရည်များများ နဲ့ မုန့်ဖတ်နည်းနည်းကို ကြိုက်နှစ်သက် ကြတဲ့အတွက် ဟင်းရည်က
အဓိကအကျ ဆုံးပါ။ ပြီးတော့ မုန့်ဟင်းခါးမှာ ငှက်ပျော အူဖတ်ကလည်း အဓိကထဲမှာ
ပါဝင်ပါ တယ်။ မန္တလေးမှာ မုန့်ဟင်းခါးဆိုင်တွေ ပေါများပေမဲ့ တစ်ဆိုင်နဲ့ တစ်ဆိုင်တော့
အရသာတွေက မတူညီပါဘူး။

ချက်တဲ့ပုံစံ တွေ တူညီပေမဲ့ သုံးတဲ့အဆာတွေ မတူညီ တဲ့အတွက် အရသာတွေက
ပြောင်းလဲသွားပါတယ်။ သူ့ဆိုင်ကို သွားစားလို့ ဟင်းရည်ထပ်တောင်းရင် ငှက်ပျောအူ
ဖတ်တို့၊ ကြက်သွန်ဥတို့ကိုလည်း ထပ်ထည့် ပေးပါတယ်။

မုန့်ဟင်းခါးအစုံတစ်ပွဲကို ကျပ် ၆၀၀ ဖြစ်ပြီးတော့ ငါးဖယ်၊ ကြက်ဥ၊ အကြော်တို့ ပါဝင်ပါတယ်။
မုန့်ဟင်းခါးအပြင် မန္တလေး မုန့်တီသုပ်စစ်စစ်လည်း ရနိုင်ပါသေး တယ်။ မုန့်တီသုပ်ကတော့
ဆိုင်ကြီးတွေကလို အသားမပါပေမဲ့ စားရတဲ့အရသာ ကတော့ အတူတူပါပဲ။ မုန့်တီသုပ်အစုံ
တစ်ပွဲကို ကျပ် ၆၀၀ ဖြစ်ပြီး ငါးဖယ်၊ ကြက်ဥ၊ အကြော်တွေပါတယ်။ သူ့ဆိုင်ရဲ့ မုန့်ဟင်းခါးကို
သွားပြီး စားချင် ရင် ၈၁ လမ်း၊ ၃၁ လမ်းထောင့် မြောက်ဘက် ဘေးမှာ ညနေ ၃နာရီ ခွဲကနေ
ည ၈ နာရီ ၀န်းကျင်အထိ စားသုံးနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း