ငါးမိနစ် စကားစမြည်

စာအုပ်ပွဲတော်တွေ ကျင်းပပေးခြင်းဖြင့် စာဖတ်နှုန်းတွေ ပြန်လည်မြင့်မားလာမယ်လို့ ထင်ပါတယ်။

အထူးသဖြင့် ကလေးစာပေပွဲတော်တွေကို တစ်လတစ်ကြိမ်ကျင်းပပေးရင် ပိုပြီးတော့ ကောင်းမွန်
မယ်။ ကလေးစာပေပွဲတော်တွေ ကျင်းပပေးခြင်းဖြင့် ကလေးတွေလည်း စာဖတ်အားမြင့်မားလာပြီး
ယဉ်ကျေးလိမ္မာလာမှာ ဖြစ်ပါတယ်။

စာဖတ်တဲ့ကလေးတွေနဲ့ စာမဖတ်တဲ့ကလေးတွေယှဉ်လိုက်ရင် အစစအရာရာနောက်ကျကျန်ခဲ့မှာ။
ဖြစ်နိုင်ရင် ကလေးစာပေပွဲတော်တွေကို မြို့နယ်တစ်ခုမှာ တစ်ကြိမ်ပြုလုပ်ပေးရင် ပိုမိုကောင်းမွန်
လာနိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း စာပေပွဲတော်တွေများများလုပ်ပေးစေချင်ပါတယ်။

အခုဆိုရင် မန္တလေးမှာလည်း စာဖတ်သူတွေ လျော့နည်းလာပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က
စပြီး စာဖတ်သူဦးရေ နည်းပါးလာတာ အခုဆိုရင် ၁ဝ ရာခိုင်နှုန်းလောက်ပဲ ရှိပါတော့တယ်။ အခု
ခေတ်လူငယ်တွေဟာ စာဖတ်ဖို့ထက် အင်တာနက်ပဲ အသုံးပြုသူတွေ များပြားနေပါတယ်။

အဲဒီအတွက် စာဖတ်တဲ့လူငယ်တွေလည်း မရှိသလောက်ဖြစ်နေပါတယ်။ အချိန်ပေးပြီး စာဖတ်တဲ့
သူတွေလည်း မရှိတော့ပါဘူး။ စာကြည့်တိုက်တွေထွက်ပေါ်လာပေမဲ့ စာဖတ်သူတွေက အများကြီး
မရှိပါဘူး။ စာကြည့်တိုက်တွေလည်း စာအုပ်တွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ လိုအပ်နေပါတယ်။

စာကြည့်တိုက်တွေကလည်း အခမဲ့ထက် ထိုက်သင့်တဲ့ဈေးနှုန်းတွေနဲ့ ငှားရမ်းပေးရင်ပိုပြီး တန်ဖိုး
ထားကြမယ်လို့ မြင်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ဝင်ငွေအရ တစ်လကို စာအုပ်တစ်အုပ်၊
နှစ်အုပ်လောက်တော့ ဝယ်ပြီးဖတ်နိုင်ပါတယ်။ စာအုပ်ဈေးနှုန်းတွေကလည်း လူတစ်ဦးတစ်ယောက်
ရဲ့ ဝင်ငွေအရ ဝယ်ပြီးဖတ်နိုင်တဲ့ ဈေးနှုန်းတွေဖြစ်ပါတယ်။

တချို့စာအုပ်တွေကတော့ ကျပ် ၁ဝ,ဝဝဝ ကျော်တဲ့အတွက် ဝယ်ယူနိုင်တဲ့နှုန်းထားမဟုတ်တဲ့အပြင်
စာအုပ်ကလည်း အရမ်းထူတဲ့အတွက် ငှားဖတ်တဲ့သူတွေအတွက်လည်း အဆင်မပြေပါဘူး။

စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်သွားခြင်းနဲ့အတူ စာအုပ်ဆိုင်တွေလည်း ရောင်းအားလျော့
နည်းသွားပါတယ်။ လူငယ်တွေအနေနဲ့ အင်တာနက်ပေါ်မှာလည်း စာအုပ်တွေကို ရှာဖွေပြီးတော့
ဖတ်နိုင်တဲ့အတွက် စာဖတ်ခြင်းကို ပြန်လည်မွေးမြူသင့်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း