စားကောင်းဈေးတန်တဲ့ ရွှေကြာပွင့်က ဝက်နံကင်သုတ်

 ဈေးနှုန်းနည်းနည်းနဲ့ တွဲဖက်စားလို့ အဆင်ပြေတဲ့ နံကင်သုတ်နဲ့တုန်ရမ်းဟင်းရည်။ မောင်ဇော်/ မြန်မာတိုင်း(မ်)ဈေးနှုန်းနည်းနည်းနဲ့ တွဲဖက်စားလို့ အဆင်ပြေတဲ့ နံကင်သုတ်နဲ့တုန်ရမ်းဟင်းရည်။ မောင်ဇော်/ မြန်မာတိုင်း(မ်)

တစ်ရံတစ်ခါမှာ အိမ်ကထမင်းဟင်းတွေချည်းပဲ နေ့စဉ်စားနေရင် ရိုးအီတတ်တဲ့ မိသားစုတွေရှိတတ်
ကြပါတယ်။ အဲဒီလို မိသားစုတွေအတွက် တန်ဖိုးနည်းနည်းနဲ့ မိသားစုသုံးယောက်လောက်ထိ
စားလို့ရတဲ့ မန္တလေးမြို့က 'ရွှေကြာပွင့်' ဆိုတဲ့ စားသောက်ဆိုင်ကို လမ်းညွှန်ချင်ပါတယ်။

ရွှေကြာပွင့်ဆိုင်က ၆၄ လမ်းနဲ့ ၂၅ လမ်းထောင့်မှာ တည်ရှိတာပါ။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊
ထမင်းကြော်၊ အသားသုတ်၊ အရွက်ကြော်နဲ့ အရည်သောက်စရာတွေ ရပါတယ်။ ဒီဆိုင်ဖွင့်ထားတဲ့
သက်တမ်းကလည်း နှစ်အတော်ကြာပါပြီ။ စားသုံးသူများတဲ့ စားသောက်ဆိုင်တစ်ဆိုင်လို့
ညွှန်းလို့ရပါတယ်။

ဒီဆိုင်မှာရှိတဲ့ စားသောက်စရာတွေထဲကမှ ဈေးနှုန်းလည်းနည်းပြီး စားလို့သင့်တဲ့ ဝက်နံကင်သုတ်ကို
မိတ်ဆက်ပေးချင်ပါတယ်။ ဝက်နံကင်ကို ကြွတ်ကြွတ်လေးလုပ်ထားတာက စားရတာအရသာ
ရှိပါတယ်။ နောက်တစ်ခုကတော့ အဆီပါဝင်မှုနည်းပြီး အသားတွေများပါတယ်။ အဆီမကြိုက်တဲ့
လူတွေအတွက်ကတော့ စားလို့ တော်တော်လေးကောင်းမှာပါ။

အသုတ်ကိုလည်း ခရမ်ချဉ်သီး၊ ကြက်သွန်နီများများလေးထည့်ပြီး သုတ်ပေးထားပါတယ်။
ခရမ်းချဉ်သီးနဲ့ကြက်သွန်နီတွေကို အကွင်းလိုက်ပဲထည့်သုတ်ထားတော့ မကြိုက်တဲ့လူတွေဆို
ဖယ်စားလို့ အဆင်ပြေတယ်။ တချို့ဆိုင်တွေကတော့ ကြက်သွန်နီလေးတွေကို သေးသေးလေးတွေ
လှီးထားတော့ ကြက်သွန်နီမကြိုက်တဲ့ လူအတွက်ဆို ဖယ်နေရတာနဲ့တင် အတော်အချိန်ကြာရတတ်
ပါတယ်။ နံကင်ထည့်ထားတာကလည်း လူဦးရေအရဆိုရင် သုံးယောက်လောက်ထိ စားလို့ရပါတယ်။

နောက်တစ်ခုကတော့ သူနဲ့တွဲဖက်ပြီးစားလို့ကောင်းတာက တုန်ရမ်းဟင်းရည်ပါ။ တုံယမ်းဟင်းရည်က
လူလေးယောက်လောက်ထိ သောက်လို့ရပါတယ်။ တော်တော်လေးများတာကိုတွေ့ရပါတယ်။
အရသာကတော့ ဆိုင်ကြီးတွေလောက် မကောင်းပေမဲ့ ပေးရတဲ့ဈေးနှုန်းနဲ့ယှဉ်မယ်ဆိုရင်
တော်တော်လေးတန်တယ်လို့ပြောရပါတယ်။ ဟင်းရည်ထဲမှာ အသီးအရွက်တွေက များသလို
အသားတွေလည်းများပါတယ်။

ဈေးနှုန်းအရဆိုရင် ဝက်နံကင်သုတ်က ကျပ် ၂,ဝဝဝ နဲ့ တုံယမ်းဟင်းရည်က ကျပ် ၂,၅ဝဝ ပဲရှိတာပါ။
ကျန်တဲ့ ဟင်းပွဲတွေကလည်း အဲဒီနှုန်းထားနဲ့ သိပ်မကွာလှပါဘူး။ အရွက်ကြော်တွေဆိုရင်လည်း
ကျပ် ၁,ဝဝဝ အထိ ရှိပါတယ်။ ပါဝင်တဲ့ပမာဏလည်း တော်တော်လေးများတာကို တွေ့ရပါတယ်။
ထမင်းတစ်ပွဲကိုလည်း ကျပ် ၃ဝဝ ပဲ ယူတာပါ။ ဒါကြောင့် လူများများနဲ့ တန်ဖိုးနည်းနည်းလေးပဲ
ကုန်ခံချင်တဲ့ မိသားစုဆိုရင်တော့ ရွှေကြာပွင့်ကို ရွေးချယ်လိုက်တာ မှန်ကန်နိုင်မယ်လို့ ထင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း