ထိုင်းဆေးရုံခွဲ ဖွင့်လှစ်ရန်ရှိ

ထိုင်းနိုင်ငံမှ ရာဂျဗစ်ချင်းမိုင်ဆေးရုံ သည် မန္တလေးမြို့တွင်ဆေးရုံခွဲဖွင့်လှစ် သွားရန် ရှိသည်ဟု
ဇွန်လ ၂၅ ရက်နေ့က ဟိုတယ်မန္တလေးတွင် ကျင်းပပြုလုပ် သော ထိုင်းနိုင်ငံမှ ကျန်းမာရေးနှင့်
အလှအပဆိုင်ရာ လုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များ ပူးပေါင်း ဆောင်
ရွက်သည့် စီးပွား ရေးအခွင့်အလမ်းသစ်များဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာတိုင်း(မ်)နှင့် သီးသန့်
တွေ့ဆုံစဉ် ရာဂျဗစ်ချင်းမိုင် ဆေးရုံဒုဥက္ကဋ္ဌ နာနမငအကျ က ပြောကြား သွားခြင်းဖြစ်သည်။

"ဖွင့်လှစ်ဖို့တော့ သေချာပါတယ်။ မန္တလေျးွ ချင်းမိုင်၊ ချင်းမိုင်ျွ မန္တလေး တိုက်ရိုက်လေကြောင်း
လိုင်း မရှိသေး ဘူး။ ဒီတော့ အခက်အခဲရှိသေးတယ်။ မန္တလေျးွ ချင်းမိုင်က တိုက်ရိုက်လေ ကြောင်း
လိုင်းနဲ့ သွားရင် မိနစ် ၄၀ ပဲ ကြာတယ်။ တိုက်ရိုက် လေကြောင်း လိုင်းရှိလာပြီဆိုရင်တော့ မကြာမီ
နှစ်အနည်းငယ်အတွင်းမှာ ဖွင့်သွားမယ်"ဟု ရာဂျဗစ်ချင်းမိုင် ဆေးရုံဒုဥက္ကဋ္ဌက ပြောသည်။

ရာဂျဗစ်ချင်းမိုင်ဆေးရုံခွဲဖွင့်လှစ် ရန် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ၏ ဆက်သွယ်မှုများကိုရရှိ
ထားပြီး၊ လောလောဆယ်တွင် ယင်းလုပ်ငန်း များ၏အမည်ကို ထုတ်ဖော်မပြောနိုင် သေးကြောင်း
၎င်းက ပြောသည်။

"ကျွန်မက အခုမှ မန္တလေးကို စရောက်ဖူးတာ။ မန္တလေးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေကို လေ့လာပြီး
မန္တလေးမှာ လိုအပ်တဲ့ဆေးရုံမျိုးကို ဖွင့်လှစ်သွားမယ်။ အကယ်၍ ဖွင့်လှစ်ဖြစ်ခဲ့ရင်လည်း နှစ်နိုင်ငံ
အကျိုးရှိတာကိုပဲ လုပ်သွားမယ်။ တစ်ဖက်တည်း သာနေတာမျိုးကို မလုပ်ဘူး" ဟု Em-eritus က
ပြောသည်။

ရာဂျဗစ်ချင်းမိုင်ဆေးရုံကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ခေတ်အမီဆုံး
ဆေးရုံ များထဲတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့ အပြင် ချင်းမိုင်နှင့်နီး
သော ရှမ်းပြည် နယ်မှ လူနာများ ကုသလျက်ရှိ သည်။ ယခုနှစ် ဇွန်လဆန်းမှစ၍ ရန်ကုန်မြို့တွင်
ရာဂျဗစ်ချင်းမိုင်ဆေးရုံ(မြန်မာပြည်ရုံးခွဲ)ကို ဖွင့်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း