လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး မထင်မှတ်ဘဲ ကွယ်လွန်

ကွယ်လွန်သွားသော ပါပါလေး၏ရုပ်အလောင်းကို ညီဖြစ်သူ လူမော်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ ဖြိုးဝေကျော်ကွယ်လွန်သွားသော ပါပါလေး၏ရုပ်အလောင်းကို ညီဖြစ်သူ လူမော်နှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ ဖြိုးဝေကျော်

နိုင်ငံရေးနောက်ခံပြက်လုံးများဖြင့် ထင်ရှားသော မန္တလေးမြို့မှ လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး
မှာ ယခုလ ၂ ရက်နေ့တွင် ၃၉ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်
သွားခဲ့သည်။

ပါပါလေးသည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ဌာန၌ ပြီးခဲ့သောဇူလိုင်လ
၁၆ ရက်နေ့မှ စတင်တက်ရောက် ကုသခံခဲ့ပြီးနောက်၊ ယခုလ ၂ ရက်နေ့တွင် ဆင်းပြီးနောက်မကြာ
မီ နေ့လည် ၁ နာရီတွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း ညီဖြစ်သူ လူမော်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

"သူ ဆက်နေနိုင်မယ် မထင်တော့လို့ ဆေးရုံကနေ အိမ်ကိုပြန်သယ်ခဲ့ပါတယ်။ ကျောက်ကပ်ကို
ခြစ်ပြီးသားပါ။ ဆီးလမ်းကြောင်းမှာလည်း အနာဖြစ်နေတယ်။ ကျောက်ကပ်ရော ဆီးအိမ်ပါ ကုသလိုက်လို့ ကောင်းနေပေမယ့် နှလုံးသွေးကြောပိတ်သွားတာကြောင့် ဆုံးပါးသွားတာပါ။
ဆေးရုံက ကြပ်ကြပ်မတ်မတ် ကုသပေးပါတယ်၊ ကျွန်တော်တို့ကိုက တက်တာ နောက်ကျ
သွား တာပါ"ဟု လူမော်က ပြောသည်။

ပါပါလေးမှာ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှစ၍ ခါးနာ ဝေဒနာ
ကို ခံစားခဲ့ရကြောင်း၊ ကျောက်ကပ်ဖြစ်မှန်းမသိဘဲ ဇူလိုင်လရောက်မှသာ ဓာတ်မှန်ရိုက် ကြည့်ပြီး
သိခဲ့ရကြောင်း၊ တစ်လပိုင်းမှ သုံးလပိုင်းအထိ နယ်အနှံ့လှည့်လည်ကာ 'မကြောက်တရား' ဟော
ခဲ့ခြင်းကြောင့်လည်း ခရီးပန်းထားကြောင်း ပြောသည်။

"သူ အစားအသောက်ပျက်နေတာ သုံးလလောက်ရှိပြီ။ အခုတော့ ကျွန်တော်တစ်ယောက်တည်း
အစ်ကို့ကိုယ်စား မိသားစုကိုဦးဆောင်ပြီး ဆက်ဖျော်ဖြေရတော့မှာပေါ့။ အရင်က အစ်ကိုထောင်ထဲ
မှာ နေခဲ့ရတဲ့အခါတွေမှာလည်း ကျွန်တော် ဒီလိုပဲလုပ်ခဲ့ရတာပါပဲ"ဟု အသက် ၆၅ နှစ်ရှိ လူမော်
က ဆက်လက်ပြောသည်။

ပါပါလေးမှာ ၁၉၉၀၊ ၁၉၉၆ နှင့် ၂၀၀၇ ခုနှစ်တို့တွင် ထောင်သုံးကြိမ်ကျခဲ့ဖူးကာ ၁၉၉၆ တွင်မူ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အငြိမ့်
ကပြပြီးနောက်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းနောက် ပြင်ပတွင် ဖျော်ဖြေ ခွင့် ပိတ်ပင်ခံခဲ့ရသည်မှာ ယခု ၎င်းကွယ်လွန်ချိန်အထိဖြစ်သော်
လည်း ၎င်းမှာ နိုင်ငံခြားသား ခရီး သွားများကို အိမ်တွင် ညစဉ်ကပြဖျော်ဖြေနေကာ ပြင်ပပွဲအချို့
ကိုလည်း ယမန်နှစ်မှစတင်ကာ ပြန် လည်ဖျော်ဖြေခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း