ဆန့်ကျင်ဘက်လိင် အလှမယ် ပြိုင်ပွဲ ကျင်းပမည်

ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲ ၀တ်ဆင်ထားသူ အမျိုးသားများအတွက် Miss Rainbow
Ribbon Contest အမည်ဖြင့် အထက်မြန်မာပြည် ပြိုင်ပွဲကြီးကို Rainbow Ribbon Network
(Myanmar) က ကြီးမှူး၍ မန္တလေးရှိ ဟိုတယ်မန္တလေး၌ ယခုလ ၂၃ ရက်နေ့၊ ညနေ ၅ နာရီမှ
ည ၉ နာရီ အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

"အခုလိုပွဲလေးလုပ်ရတာ လိင်တူ ချစ်သူတွေကို လက်ခံလာအောင်နဲ့ ကွာဟမှုတွေ၊ ခွဲခြားမှုတွေ
ပပျောက်ဖို့ အတွက် ရည်ရွယ်ပါတယ်။ လိင်တူချစ် သူတွေမှာ စည်းလုံးခြင်းရှိတယ်ဆိုတာ ပြဖို့
အတွက်လည်းပါပါတယ်"ဟု Rainbow Ribbon Network(Myanmar) မှ မပွင့်က ပြိုင်ပွဲ ကျင်းပ
ရသည့်အကြောင်းကို ပြောပြသည်။

အဆိုပါ ပြိုင်ပွဲ၌ ဆု ၁၃ ဆုထိချီးမြှင့် သွားမည်ဖြစ်ပြီး Miss ဆုရရှိသူကို ဆုကြေးငွေငါးသိန်းနှင့်
အတူ ထိုင်းနိုင်ငံ ၌ကျင်းပသည့် Miss International Queen ပြိုင်ပွဲ၌ ယှဉ်ပြိုင်နိုင်သည်အထိ
ဆက်လက်လေ့ကျင့်မှု ပေးသွားမည်ဟု ဆည်းဆာညီညီက ပြောသည်။

အကဲဖြတ်ဒိုင်များအဖြစ် မိတ်ကပ် ပညာရှင်၊ ဒီဇိုင်နာ၊ ပန်းအလှပညာရှင် နှင့် သရုပ်ဆောင်များ
ပါဝင်မည်ဖြစ်သည်။ "ပြိုင်ပွဲမတိုင်ခင် အားကစားတွေကို လည်း လုပ်ထားရတယ်။

စိတ်ကြိုက် ၀တ်စုံကို ရိုးရာဒီဇိုင်းတွေဖြစ်ဖို့ ရွေး ထားပါတယ်"ဟု ၀င်ရောက်ယှဉ်ပြိုင် မည့် ခင်ခရစ်
က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း