ငါးရှဥ့်ကို ပြည်တွင်းတွင် မွေးမြူ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသင့်ဟုဆို

စီးပွားဖြစ်တင်ပို့ရောင်းချရန် မွေးမြူထားသော ပုဂ္ဂလိက ငါးရှဥ့်မွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။စီးပွားဖြစ်တင်ပို့ရောင်းချရန် မွေးမြူထားသော ပုဂ္ဂလိက ငါးရှဥ့်မွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်။

တရုတ်ပြည်သို့ အများဆုံးတင်ပို့ရောင်းချနေ သည့် ငါးရှဥ့်ကို ယခုကဲ့သို့ သဘာဝအတိုင်း ဖမ်းဆီး ရောင်းချနေခြင်းထက် ရေရှည်တွင် မွေးမြူထုတ်လုပ်နိုင်သည့်အဆင့်သို့ရောက် ရှိရန်
ကြိုးပမ်းသွားသင့်ကြောင်း ငါးရှဥ့် ကုန်စည်ဒိုင်အသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"အခု ငါးရှဥ့်က သဘာဝသယံဇာတဖြစ်နေတဲ့အတွက် ရေရှည်မှာ ဒီအတိုင်း ဆက်သွားဖို့
မလွယ်ဘူး။ ထိန်းထိန်းသိမ်းသိမ်းဖမ်းဆီးဖို့ဆိုတာကလည်း စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်နေတဲ့
အတွက် လုပ်ဖို့ခက်တယ်။ ဒါကြောင့် ရေရှည်မှာတော့ မွေးမြူထုတ်လုပ်တဲ့စနစ်ကို ဦးတည်ပြီး
သွားသင့်ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ မြန်မာနိုင်ငံက လုပ်ငန်းရှင် အချို့ ငွေကုန်ကြေး
ကျခံပြီး ငါးရှဥ့်မွေးမြူရေးလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒါကလည်း နည်းပညာလိုအပ်ချက်
ကြောင့်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် သိသလောက် တော့ ဗီယက်နမ်မှာဆို ငါးရှဥ့်ကို
အိမ်ရှင်မတွေ တောင် တစ်နိုင်တစ်ပိုင်မွေးမြူကြတယ်။ ဒါကြောင့် ဒီမှာလည်း အဲဒီလို လုပ်နိုင်ဖို့
ကြိုးစားရမယ်။ ပညာပေးတာမျိုးတွေ လုပ်ရ မယ်" ဟု ငါးရှဥ့်ကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး
ဦးတိုင်းကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။

သဘာဝအတိုင်းထွက်ရှိသည့် ငါးရှဥ့်များကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကပင် တရုတ်ပြည်သို့ တင်ပို့
ရောင်းချနေခြင်းဖြစ်ကာ အရေအတွက်အားဖြင့် လျော့နည်းသွားခြင်းမရှိသော်လည်း အရည်
အသွေးမှာမူ တဖြည်းဖြည်းလျော့ကျလာကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

"သဘာဝအတိုင်းထွက်ရှိတဲ့ ငါးရှဥ့်ပမာဏက တော့ လောလောဆယ်မှာ မလျော့သေးဘူး လို့
ပြောရမယ်။ ဒါကလည်း ဖမ်းတဲ့လူ ပိုများ လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေ မဲ့ ဖမ်းလို့
ရလာတဲ့ ငါးရှဥ့်တွေထဲမှာတော့ အကောင်ကြီးရတာနည်းလာတယ်။ အလတ် ဆိုက်တွေ၊ အသေး
တွေပဲ ပိုများတယ်။ အရင် တုန်းက တစ်ပတ်လောက်လှောင်ထားလည်း ကိစ္စမရှိပေမယ့် အခု
အသေအပျောက်တွေ များလာတယ်။ ဒါတွေက အရည်အသွေးလျော့ ကျလာတဲ့သဘောပေါ့။
နောင် လာမယ့် လေးငါးနှစ်အတွင်း ငါးရှဥ့်ထွက်ရှိမှုက ဆိုးဆိုးဝါးဝါးကြီးလျော့ကျမသွားနိုင်ပေမယ့်
နောက်ပိုင်းမှာ ဒီထက်ပိုဖမ်းလာကြမယ်၊ သဘာဝမဟုတ်တဲ့ နည်းတွေကိုလည်း သုံးလာ မယ်
ဆိုရင်တော့ စိုးရိမ်စရာအခြေအနေမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ တစ်ခါတလေ သဘာဝဘေး
အန္တရာယ်တွေကြောင့်လည်း ငါးရှဥ့်အထွက်က လျော့ကျတတ်တယ်။ လယ်မြေဧကတွေလည်း
လျော့ကျလာတယ်ဆိုတော့ နောက်ပိုင်းမှာ မွေးမြူထုတ်လုပ်တဲ့စနစ်ကို မဖြစ်မနေလုပ်ကြရမှာပါ"
ဟု တရုတ်ပြည်သို့ ငါးရှဥ့်တင်ပို့ရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိအခြေအနေတွင် ပြည်တွင်း၌ ငါးရှဥ့်တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ နှင့် ၇,၅၀၀ ကြား
ပေါက်ဈေးရှိနေပြီး ပြည်ပတင်ပို့ရာတွင် ငါးရက်တစ်ကြိမ် ဈေးနှုန်းသတ်မှတ်ပြီး တစ်တန်လျှင်
အမေရိကန်ဒေါ်လာ ၄,၀၀၀ နှင့် ၅,၀၀၀ ကြား ပေါက်ဈေးဖြင့် တင်ပို့ရောင်းချ နေကြောင်း ငါးရှဥ့်
ကုန်စည်ဒိုင်အသင်းမှ သိရ သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း