ဗီယက်နမ် - မြန်မာ 'ရှုမဝ အလှပန်းချီပြပွဲ' ကို ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိ

ဗီယက်နမ် - မြန်မာ ''ရှုမဝ အလှပန်းချီ ပြပွဲ'' (Vietnam & Myanmar: Charm & Beauty) ကို
မေ ၂၄ ရက်မှစ၍ သုံးရက်တိုင် ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြကျွန်းသာအပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ Master Plan ရေးဆွဲ စာချုပ်ပါ အချက်အလက်နှင့် ကွဲလွဲသည့် အဆောက်အအုံများ ပြန်ဖျက် ရမည်

ရန်ကုန်မြို့ရှိ မြကျွန်းသာအပန်းဖြေဥယျာဉ်နှင့် ပတ်သက်၍ ရေးဆွဲနေသော Master Plan အတိုင်း
ဆောင်ရွက်ရမည် ဖြစ်ပြီး စာချုပ်ပါ အချက်အလက်နှင့် ကွဲလွဲနေသည့် အဆောက်အအုံများ ပြန်ဖျက်
ရမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေ၂၄ ရက်က ဖော်ပြ
ထားသည်။

» အပြည့်အစုံသို့

ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည့် "တိမ်ပြာသောနေ့" ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

ဒီမိုကရေစီ ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးကို အဓိကထားရည်ရွယ်သည့်
"တိမ်ပြာသောနေ့" ဇာတ်ကားကို ယခုလကုန်တွင် စတင်ရိုက်ကူးမည် ဖြစ်ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မိတ္ထီလာမြောက်ကန်အတွင်း ကြာဖြူပန်းအများအပြားပွင့်ဖူးနေသဖြင့် လာရောက်ကြည့်ရှုသူများဖြင့် နေ့စဉ် စည်ကားလျက်ရှိ

မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက် အနောက်ဘက် မလှမ်း
မကမ်းတွင် တည်ရှိသည့် မိတ္ထီလာမြောက်ကန်အတွင်း
ကြာဖြူပန်း အများအပြား ပွင့်ဖူးနေသည့် ကြာတောနေရာ
သို့ လာရောက်ကြည့်ရှုသူများဖြင့် နေ့စဉ် စည်ကားလျက်
ရှိကြောင်း မြ၀တီသတင်းတစ်ရပ်တွင် မေလ ၂၃ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

Yangon Water Bus ပြေးဆွဲရာတွင် ရေယာဉ်များ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီမှသာ ပြေးဆွဲခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း Yangon Water Bus
ပြေးဆွဲရာတွင် ရေယာဉ်များကို အရည်အသွေးစစ်ဆေးမှု
များ ပြုလုပ်၍ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီမှသာ
ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊
စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ
ကျော်က ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

အရည်အသွေးပြည့် စက်ရုံထုတ် BPI ဆေးဝါးများကို အလွယ်တကူဝယ်ယူနိုင်ရန် ဆိုင်ခွဲတိုးချဲ့ဖွင့်လှစ် ရောင်းချနေ

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော အရည်အသွေး
ပြည့်ဝသည့် BPI ဆေးဝါးများကို ပြည်သူများ ဈေးနှုန်း
သက်သာစွာနှင့် စစ်မှန်စွာ ဝယ်ယူနိုင်ရန်အတွက် အရောင်း
ဆိုင်များ ထပ်မံတိုးချဲ့ဖွင့်လှစ်၍ ရောင်းချပေးနေကြောင်း
မြန်မာ့ဆေးဝါးလုပ်ငန်းမှ ပြောကြားချက်ကို ကိုးကားကာ
မြ၀တီသတင်းတစ်ရပ်တွင် မေလ ၂၃ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရန်ကုန်လေဆိပ်နှင့် မြို့တွင်းသို့ Shuttle Bus ပြေးဆွဲသွားရန် လမ်းကြောင်းရေးဆွဲနေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံ
အစိုးရနှင့် နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်ဝယ်ယူထားသော
ဘတ်စ်ကားသစ်များ ရောက်ရှိလာပါက ရန်ကုန်လေဆိပ်နှင့်
ရန်ကုန်မြို့တွင်းသို့ Shuttle Bus ပြေးဆွဲနိုင်ရန် လမ်းကြောင်း
ရေးဆွဲ စီစဉ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က
ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

ဧရာဝတီမြစ်ကြောင်းအတွင်း ဘက်စုံသုံး ကွန်တိန်နာရေယာဉ် စတင်ပြေးဆွဲ

 ဧရာဝတီမြစ်ကြောင်းအတွင်း ကုန်စည်နှင့် ခရီးသည်
ပို့ဆောင်ရေး လွယ်ကူချောမွေ့လျင်မြန်စေရန် အပြင်
ကုန်သေတ္တာနှင့် ကုန်တင်အိတ်များကို စက်ယန္တရားဖြင့်
အတင်အချပြုလုပ်နိုင်ရေးအတွက် ဘက်စုံသုံးကွန်တိန်နာ
ရေယာဉ်ကို အသုံးပြုကာ ပြည်တွင်းရေကြောင်းပို့ဆောင်
ရေးက မေလ ဒုတိယပတ်တွင် စတင် ပြေးဆွဲလျက် ရှိသည်။

» အပြည့်အစုံသို့

Wisdom ပညာရေးစင်တာမှ သင်ကြားရေးအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်းမှ ပညာသင်ဆု ပေးအပ်မည်

WISDOM Education Centre (WEC) မှ ဖွင့်လှစ်မည့် သင်ကြားရေးအရည်အသွေးမြှင့် ဆရာဖြစ်
သင်တန်း အပတ်စဉ် (၃) သို့ တက်ရောက်သူများအား ပညာသင်ဆုပေးအပ်မည် ဖြစ်ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၂ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများအား စီးတီးဘတ်စ် များဖြင့်သာ ပြေးဆွဲသွားမည်

ရန်ကုန်မြို့တွင်း သီးသန့်ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်း
များတွင် မေလ ၂၅ ရက်မှ စတင်၍ စီးတီးဘတ်စ်များဖြင့်
သာ ပြေးဆွဲသွားမည် ဖြစ်ပြီး ယခုလအတွင်း ရောက်ရှိလာ
သော Foton ယာဉ်များဖြင့် မြို့တွင်း (၅၆) ယာဉ်လိုင်းတွင်
စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ
ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း