ညောင်တုန်းမြစ်ကမ်းပါး ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းကို မိုးမကျမီ ပြီးစီးနိုင်ရေး ဦးစားပေးလုပ်ဆောင်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြစ်ကမ်းပါး ထိန်းသိမ်း
ကာကွယ်ရေးလုပ်ငန်းများကို မိုးမကျမီ ပြီးစီးနိုင်ရေး ဦးစားပေး
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

ဂျပန်နင်ဂျာသုံးဖော်၏ နင်ဂျာသရုပ်ပြမှု အစီအစဉ်ကို ရန်ကုန်မြို့တွင် တင်ဆက်ခဲ့

ဂျပန်နိုင်ငံမှ နင်ဂျာသုံးဖော်၏ နင်ဂျာသရုပ်ပြမှု အစီအစဉ်နှင့်
အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ MICT Park ၌ မေလ
၂၁ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၂ ရက်က ဖော်ပြထား
သည်။

» အပြည့်အစုံသို့

မြနန်းစံရွှေနန်းတော်၊ အင်းဝမြို့ဟောင်းနှင့် ခံတပ်သုံးခုကို သမိုင်းကြောင်းဆိုင်ရာ ဒေသအဖြစ် ဖော်ဆောင်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်၊
အင်းဝမြို့ဟောင်း အပါအဝင် ခံတပ် ၃ ခုသို့ ပြည်တွင်းပြည်ပ
ခရီးသွားဧည့်သည်ဝင်ရောက်မှု မြင့်တက်လာစေရန် သမိုင်း
ကြောင်း ဆိုင်ရာ ဒေသအဖြစ် ဖော်ဆောင်သွားမည်ဟု မြန်မာ
နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ယဉ်ကျေးမှု ဇုန် ပြင်ဆင်ရာတွင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်မည်

 ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့
အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ယဉ်ကျေးမှုဇုန်
ပြင်ဆင်သတ်မှတ်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ
၏ အကျိုးစီးပွားကို မထိခိုက်စေရန် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက်
စာမျက်နှာတွင် မေလ ၁၆ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာ့သစ်မွှေးထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့မည်

မြန်မာနိုင်ငံ၌ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော သစ်မွှေးထုတ်ကုန်
များကို ၂ဝ၁၇ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ တရားဝင် တင်ပို့
ရောင်းချနိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်း
ရှင်များအသင်း ဥက္ကဋ္ဌ ဦးသောင်းညွန့် (သောင်းညွန့်သစ်) ၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် မေလ ၁၆ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ပွင့်ဖြူမြို့နယ်တွင် အိမ်တွင်း စီးပွားဖြစ် သရက်ချဉ်လုပ်ငန်းများ ၀င်ငွေကောင်းလျက် ရှိ

ပွင့်ဖြူမြို့နယ်မှ ထွက်ရှိသော သရက်ချဉ်များကို မင်းဘူး၊ မကွေး
မြို့များမှတဆင့် ရန်ကုန်၊ မန္တလေးမြို့များအထိ တင်ပို့ရောင်းချရ
မှုကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိသည့်အပြင်
အိမ်တွင်းစီးပွားဖြစ်လုပ်ငန်းအဖြစ် အောင်မြင်ဖြစ်ထွန်းလျက် ရှိ
ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် မေလ ၁၆ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံမှ ပြောင်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိ

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် သီးနှံတစ်ခုဖြစ်သည့် ပြောင်း
များကို စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ
နိုင်ငံတို့သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားကာ
မြ၀တီသတင်းတစ်ရပ်တွင် မေလ ၁၆ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကမ်းနားလမ်း ညဈေးတန်းတွင် ဆိုင်မဖွင့်လျှင် ဆိုင်ခန်းနေရာပြန်သိမ်းမည်ဟု သတင်းထွက်ပေါ်နေ

ကမ်းနားလမ်းညဈေးတန်းတွင် ဆိုင်ခန်းနေရာရထားပြီး
ဆိုင်မဖွင့်သည့် ဈေးသည်များထံမှ ဆိုင်ခန်းနေရာများကို
ပြန်လည်သိမ်းယူမည်ဟု စည်ပင်ဝန်ထမ်းများက ဆိုခဲ့
ကြောင်း ဈေးသည်များ၏ ပြောကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
မေလ ၁၅ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အငြိမ်းစားလစာများကို မိုဘိုင်းဖုန်းဖြင့် ထုတ်ယူနိုင်သည့် Mobile Payment လုပ်ငန်းဆောင်ရွက်မည်

MPT နှင့် MEC TeL Sim Card အသုံးပြုသူ အငြိမ်းစားများ၏ အငြိမ်းစားလစာများကို မိုဘိုင်းဖုန်း
ဖြင့် ထုတ်ယူနိုင်သည့် Mobile Payment ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့
စီးပွားရေးကော်ပိုရေးရှင်း၊ အင်းဝဘဏ်လီမိတက်၊ Myanmar Mobile Money (MMM) တို့ အကျိုးတူ
ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ
၁၅ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဒေါက်တာလှမောင်ဖောင်ဒေးရှင်းက ဘိုးဘွားများအား လှူဒါန်းပွဲနှင့် ထူးချွန်သူများ ဂုဏ်ပြုပွဲ ကျင်းပ

နေပြည်တော် (ပျဉ်းမနား) မြို့နယ်အသင်း(ရန်ကုန်)၏ ဦးစီး
နာယက သံအမတ်ကြီး ဦးလှမောင် (သံအမတ်ကြီး (ငြိမ်း)
ဒေါက်တာလှမောင် ဖောင်ဒေးရှင်း)က ကြီးမှူး၍ ပျဉ်းမနားမြို့ရှိ
အသက် ၈ဝ နှင့် အထက် ဘိုးဘွားများအား လှူဒါန်းခြင်းနှင့်
တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော
ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း