နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်ရှိ လက်နက်ကိုင်များကို တပ်မတော်က ရှင်းလင်း

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်ရှိ
SSA(ရွက်ဆစ်)အဖွဲ့နှင့် TNLA အဖွဲ့ တိုက်ပွဲ ဖြစ်ပွားရာ
ဒေသသို့ တပ်မတော် စစ်ကြောင်းများက လှုပ်ရှားရှင်းလင်း
လျှက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနကို ကိုးကားကာ
နိုင်ငံပိုင်သတင်းစာများက ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင်
ရေးသားခဲ့ကြသည်။

» အပြည့်အစုံသို့

ညောင်ဦးမြို့ မီးလောင်မှုတွင် မီးဆက်မကူးအောင် ထိန်းနိုင်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်
နံနက် ၁၀ နာရီ ခန့်က ဈေးဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းရာ
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံတို့က ပတ်ဝန်ကျင်သို့
မီးဆက်မကူးအောင် အချိန်မှီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာတွင်
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ပုပ္ပါး တောင်ကလပ်ဝန်းကျင်တွင် ပလပ်စတစ် ကင်းစင်ရေးလှုပ်ရှားမှုပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်
ပုပ္ပါးဒေသနှင့် တောင်ကလပ်ဝန်းကျင်အား
ပလပ်စတစ် ကင်းစင်နယ်မြေအဖြစ် အကောင်အထည်
ဖော်နိုင်ရေးအတွက် ဒေသခံများနှင့် လူမှုရေးအသင်း
အဖွဲ့များ စုပေါင်းကာ ပလပ်စတစ် ကင်းစင်ရေး
လှုပ်ရှားမှု ...

» အပြည့်အစုံသို့

အင်န်အယ်လ်ဒီခေါင်းဆောင်က တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများအား ခေါ်ယူတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းင်း၏
အင်န်အယ်လ်ဒီပါတီမှ တိုင်းဒေသကြီးနှင့်
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများအားနှင့်
နေပြည်တော်တွင် ယနေ့တွေ့ဆုံမည်
ဖြစ်သော်လည်း မည်သည့် အကြောင်းကိစ္စအား ...

» အပြည့်အစုံသို့

ဆက်သွယ်ရေးအော်ပရေတာအသစ် အခွင့်ထူးခံဖြစ်မည်ကို လက်ရှိလုပ်ကိုင်နေသည့် ဆက်သွယ်ရေးကုမ္ပဏီများ စိုးရိမ်

အသစ်လုပ်ကိုင်ခွင့်ပေးမည့် စတုတ္ထမြောက်မိုဘိုင်းအော်ပရေတာအနေဖြင့် မျှတမှုမရှိသော
အကျိုးခံစားခွင့်များ ရရှိလိမ့်မည်ကိုစိုးရိမ်မိကြောင်း မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော
နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် တယ်လီနောနှင့် အူရီဒူးတို့က
ထုတ်ဖော်ပြောကြားခဲ့ကြသည်။

» အပြည့်အစုံသို့

ကိုးကန့်သောင်းကျန်းသူများ နောက်တစ်ဖန် ပြန်လည်တိုက်ခိုက်ရန် စီစဉ်နေ

စစ်အင်အားကို တိုးချဲ့ကာ အနိုင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း တရုတ်နယ်စပ်ရှိ MNDAA
လက်နက်ကိုင်တပ်ဖွဲ့က ကြေညာခဲ့ရာ ရှမ်းပြည်နယ်ကိုးကန့်ဒေသ လုံခြုံရေးကို ထိန်းသိမ်းရန်
အစိုးရ၏ ကြိုးပမ်းမှုများအား ခြိမ်းခြောက်လာနိုင်သည်။

» အပြည့်အစုံသို့

လှိုင်သာယာမြို့နယ်ရှိ စက်သုံးဆီတိုင်ကီမီးလောင်မှုဖြစ်ပွားပြီး ၁၀ မိနစ်အကြာ မီးငြိမ်း သတ်နိုင်ခဲ့

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အနီးရှိ စက်သုံးဆီဆိုင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး
၁၀ မိနစ်အတွင်း မီးငြိမ်သတ်နိုင်ခဲ့ကြောင်း ရန်ကုန်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ
သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်
ရွှေလင်ဗန်းစက်မှုဇုန် အနီးရှိ စက်သုံးဆီဆိုင်တစ်ခု၏ စက်သုံးဆီသိုလှောင်သည့်
ဆီတိုင်ကီအကြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုသို့ မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းနှင့်
ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စီစစ်ဆဲဖြစ်ကြောင်းသိရသည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော် မတီဖွဲ့စည်း

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့်
ပြည်သူ့ငွေစာ ရင်းကော်မတီ နှစ်ခုကို ဇန်န၀ါရီင်္ ၄ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင်
စတင်ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်မှ အမျိုးသား လွတ်တော်
ကိုယ်စားလှယ် ဦးဇော်မင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်မှလွတ်တော်
ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးနှင့် တပ်မတော်သားကိုယ်စားလှယ် တစ်ဦးအပါအ၀င်
ကော်မတီဝင် (၁၅)ဦး၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌ အဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ်မှ
အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစောသန်းထွဋ် ၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ်
မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်နှင့် တပ်မတော်သား
ကိုယ်စားလှယ် တစ်ဦးအပါအ၀င် ကော်မတီဝင် (၁၅)ဦး တို့ဖြင့် တာဝန်ပေးအပ်သည်။

၅၉(စ)ဆိုင်းငံ့ရန် မလွယ်ကူဟု အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးတွင်
အရေးပါသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့မည့်ကိစ္စသည်
မလွယ်ကူကြောင်း အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က
ဖေဖော်ဝါရီ ၅ရက်က ပြောကြားသည်။

“ဆိုင်းငံ့မယ်ဆိုရင်တော့ ကောင်းတယ်လို့ ထင်တယ်၊ ဒါပေမယ့် ကျွန်တော်အမြင်မှာ
လွယ်တော့ မလွယ်ဘူး၊ ဖြစ်နိုင်ပါ့မလားဆိုတာကို စဉ်းစားပါတယ်” ဟု အမျိုးသား
လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်းခံရသောဦးအေးသာအောင်က
ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဒ်မ၅၉(စ)ကို မဆိုင်းငံ့ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအဖွဲ့တွင် ၀န်ကြီးနေရာ
တစ်နေရာယူပြီး အစိုးရအဖွဲ့ကို ဦးဆောင်လမ်းညွှန်ပေးလိမ့်မည်ဟု ထင်မြင်ကြောင်း ၎င်းက
ဆိုသည်။

မီးဘေးသင့်သူများအတွက် လွှတ်တော်ကိုယ်စားလှယ်များက ငွေကျပ် နှစ်သောင်းစီ လှူဒါန်းမည်

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့များတွင်
ဖေဖော်ဝါရီ ၄ရက် က ဖြစ်ပွားသည့် မီးဘေးသင့်ပြည်သူများအတွက် လွှတ်တော်
ကိုယ်စားလှယ်များက နေ့တွက်စရိတ်ထဲမှ တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းစီ
ထည့်ဝင်လှူဒါန်းမည်ဖြစ်သည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်နာယက
ဦးမန်းဝင်းခိုင်သန်းက မီးဘေးအန္တရယ်ကြုံတွေ့ ခဲ့ရသော ပြည်သူများအတွက် ပြည်ထောင်စု
လွှတ်တော်ကိုယ်စားလှယ်များက အထက်ပါငွေပမာဏအတိုင်း ထည့်ဝင်လှူဒါန်းရန်
အဆိုပြုတင်ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူခဲ့ခြင်းဖြစ်သည်။

အကြည့်အများဆုံး - ပြည်တွင်းသတင်း