လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ တစ်လုံးတစ်ခဲတည်းနိုင်ငံရေးပင်စင် ၂၂သိန်းသာရရှိ

ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခွင့် မရရှိ
တော့သော လွှတ်တော်ကိုယ်စားလှယ်များကမူလကလုပ်သက်ဆုကြေး အဖြစ်
ကျပ်သိန်း၅၀ရရှိမည်ဖြစ် ကြောင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ
၂၂သိန်းသာရရှိကြောင်း မန္တလေးတိုင်းဒေ သကြီး အမရပူရမြို့နယ်မှ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဟောင်း ဦးသိန်းထွန်းဦး ကပြောကြားသည်။

ယခင်ကမူလုပ်သက်ဆုကြေးအဖြစ်လုပ်သက်နှင့်လက်ရှိလစာကိုမြှောက်ကာ
တစ်လုံးတစ်ခဲတည်းရရှိရန်ရှိသောကြောင့် ကျပ်သိန်း၅၀ရရှိမည်ဖြစ်ကြောင်း
သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ သို့သော်လည်း အမှန်ရရှိရာတွင်မူ လွှတ်တော်
သက်တမ်း၅နှစ်အနက် ပထမ၄နှစ်အတွက်ကို ရရှိခဲ့သော လစာနှုန်းအတိုင်းတွက်ချက်ပြီး
ရရှိခြင်းသာဖြစ်သည်။

 

အစွန်းတရားများရှောင်ကျဉ်ကြရန် ပြည်ထောင်စုလွှတ်တော်နာယကသစ် ပြောကြား

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံနှင့်နိုင်ငံ
သားများအကျိုးဆောင်ရွက်ကြရာတွင်အစွဲများမထားဘဲ
အစွန်းတရားများကိုရှောင်ရှားပြီး ပူးပေါင်းဆောင်ရွက်ကြ
ရမည်ဖြစ်ကြောင်း...

» အပြည့်အစုံသို့

သမ္မတလောင်းအမည်စာရင်း မတ်လ ၁၇ ရက်နေ့နောက်ဆုံးထား တင်သွင်းရမည်

သမ္မတလောင်းအမည်စာရင်းကို ပြည်သူ့လွှတ်တော်နှင့်
အမျိုးသား လွှတ်တော်တို့က မတ်လ ၁၇ ရက်နေ့တွင်
နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း နေပြည်တော်၌
ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်တွင်
ကြေညာခဲ့သည်။

» အပြည့်အစုံသို့

ရန်ကုန်ရှိ သမိုင်းဝင်အဆောက်အဦးများ ဖြိုချမှုများပြားလာသဖြင့် ကျွမ်းကျင်သူများက သတိပေး

ဆောက်လုပ်ရေးကုမ္ပဏီများသည် လွန်ခဲ့သောလများ
အတွင်းက ရန်ကုန်မြို့ရှိ သမိုင်းဝင်အမွေအနှစ်
အဆောက်အအုံများကို ဖြိုချခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သောအစိုးရ အာဏာ မရယူမီတွင် အငြင်းပွားဖွယ်
ဖြိုချမှုများကို အလျင်အမြန် လုပ်ဆောင်နေကြသဖြင့်
စိုးရိမ်မှုများအား မြင့်တက်စေလျက်ရှိကြောင်း ...

» အပြည့်အစုံသို့

ရန်ကုန်မြို့ပြင်တွင် ခိုကိုးရာမဲ့ တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက် လျက်ရှိ

ဓာတ်ပုံ - အေအက်(ဖ်)ပီဓာတ်ပုံ - အေအက်(ဖ်)ပီ

ရန်ကုန်မြို့ပြင်ရှိ စောင့်ရှောက်ရေးစခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦးက ကြောင်များကို
ပြုစုစောင့်ရှောက်နေသည်ကို ဖေဖော်ဝါရီလ ၄ရက်နေ့က တွေ့မြင်ရစဉ်။

စောင့်ရှောက်ရေးစခန်းတွင် တိရစ္ဆာန်၂၀၀ ကျော်အား ခေါ်ယူစောင့်ရှောက်ထားကာ အစားအစာများနှင့်
အခြေခံဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးနေပြီး ထိုတိရစ္ဆာန်များအား ရန်ကုန်မြို့လမ်းမများပေါ်မှ
ကယ်ဆယ်ထားခြင်းဖြစ်သည်ဟု တိရစ္ဆာန်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများက ဆိုသည်။

- အေအက်(ဖ်)ပီ

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီကနေ့
ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ
သမ္မတအိမ်တော်၌ တွေ့ဆုံခဲ့သည်။

» အပြည့်အစုံသို့

ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန် ပြိုင်ပွဲဝင်လိုသူများကိုဖိတ်ခေါ်

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ကျင်းပမည့်
ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန်
ပြိုင်ပွဲဝင်လိုသူများ ဒီဇင်ဘာလ ၁၈ ရက်နေ့
နောက်ဆုံးထား စာရင်းသွင်းရန် ပွဲစီစဉ်
သူများကယခုလ ၂၃ ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည်။

» အပြည့်အစုံသို့

မြင့်တက်လာသည့် ကုန်ဈေးနှုန်းများက အစိုးရသစ်ကို စိန်ခေါ်နေ

အစိုးရသစ်တက်လာသည့်အချိန်တွင် အခြေခံ
ဥပဒေပြင်ဆင်ရေးကိစ္စမျိုးထက်
အခြေခံစားဝတ်နေရေး ပြေလည်စေရန်
ကိစ္စရပ်များကို ပိုမိုဦးစား ပေးသင့်ကြောင်း...

» အပြည့်အစုံသို့

နောက်ဆုံးထုတ်ပြန်ချက်အရ အင်န်အယ်ဒီက ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရန်
ကျန်ရှိနေသေးသော လွှတ်တောအမတ် ၁၁ နေရာအတွက်
မဲစာရင်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တစ်နိုင်ငံလုံး
အတိုင်းအတာအရ ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည်။

» အပြည့်အစုံသို့

ဗေဒင်ဆရာတစ်ဦး လွှတ်တော်အမတ်ဖြစ်လာ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်မှအနိုင်
ရခဲ့သည့် ဦးအောင်ရွှေ မှာ ဗေဒင်ဆရာ တစ်ဦးဖြစ်ပြီး
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မဲအနိုင်ရသည့်
တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း