ကျေးလက်ဒေသများတွင် စက်သုံးဆီအရောင်းဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေး၍ တရားဝင်ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိ

ကျေးလက်ဒေသများတွင် ရောင်းချနေသည့် စက်သုံးဆီ
အရောင်းဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပြီး တရားဝင်
ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း စီမံကိန်း
နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကား
ကာ မြ၀တီသတင်းတစ်ရပ်တွင် မေလ ၁၂ ရက်က ဖော်ပြ
ထားသည်။

» အပြည့်အစုံသို့

အမေရိကန်အခြေစိုက် ထိုင်း ဂျာမန် ဆိုလာ ကမ်ဖန်ပက် ကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လည်ပတ်နိုင်ရန် စီစဉ်

အမေရိကန်နိုင်ငံအခြေစိုက် ထိုင်းဂျာမန် ဆိုလာကမ်ဖန်ပက်
ကုမ္ပဏီအနေဖြင့် ခွင့်ပြုချက်ရရှိပါက ခြောက်လအတွင်း မြန်မာ
နိုင်ငံတွင် စက်ရုံတည်ဆောက်ကာ လုပ်ငန်း စတင်လည်ပတ်
နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြ၀တီသတင်းတစ်ရပ်
တွင် မေလ ၁၁ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ပုဂံရှေးဟောင်းဇုန် နယ်နိမိတ်အကျယ်အ၀န်းကို ဧက ၅၀၀၀၀ ထိ တိုးချဲ့သွားမည်

ဒေသခံများ၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန်၏ နယ်နိမိတ်
အကျယ်အဝန်းကို ဧက ၅ဝဝဝဝ ခန့်ထိ တိုးချဲ့သတ်မှတ်သွားမည် ဖြစ်ကြောင်း သာသနာ
ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်
တွင် မေ ၁၁ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲချန်ပီယံ ဦးဝင်းထွန်းအား ထပ်မံဂုဏ်ပြု

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် 'World Chess Federation က
ကြီးမှူးကျင်းပသော ကမ္ဘာ့အပျော်တမ်း စစ်တုရင်တံခွန်စိုက်
ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သော ဦးဝင်းထွန်းအား
ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၉ ရက်က ရန်ကုန်မြို့ရှိ
စင်ထရယ်ဟိုတယ်၌ ကျင်းပခဲ့သည်။

» အပြည့်အစုံသို့

အင်္ဂလန်မှ အမျိုးသမီးရထားစက်ခေါင်းမောင်း မြန်မာ့မီးရထား အချက်ပြလုပ်ငန်းများ လေ့လာခဲ့

အင်္ဂလန်နိုင်ငံမှ အမျိုးသမီး ရထားစက်ခေါင်းမောင်း Ms.
Jan Covin Ford သည် မေလ ၁ဝ ရက်က မြန်မာ့မီးရထား
လက်အောက်ရှိ ရန်ကုန်မြို့ပတ်လမ်းပိုင်းမှ ကြည့်မြင်တိုင်
ဘူတာ၊ အင်းစိန်ဘူတာ၊ မင်္ဂလာဒုံဘူတာနှင့် ပုရွက်ဆိတ်
ကုန်းဘူတာများ၌ အချက်ပြလုပ်ငန်းများသို့ သွားရောက်
လေ့လာခဲ့ကြောင်း သိရသည်။

» အပြည့်အစုံသို့

မန်ယူအသင်းနောက်ခံလူဟောင်း ရွန်နီဂျွန်ဆင် မြန်မာလူငယ် ကစားသမားများအား လေ့ကျင့်ပေးမည်

မန်ယူအသင်း တစ်ရာသီအတွင်း ဖလားသုံးလုံး ရရှိခဲ့သည့်
၁၉၉၉ ခုနှစ်တွင် ပါဝင်ကစားခဲ့သည့် နောက်ခံလူဟောင်း
ရွန်နီဂျွန်ဆင်၏ မြန်မာလူငယ်ကစားသမားများအား
လေ့ကျင့်ပေးသည့် အစီအစဉ်ကို မေလ ၁၁ ရက်က
အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတု
လေ့ကျင့်ရေးကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

» အပြည့်အစုံသို့

မြောက်ဒဂုံမြို့နယ်မဂ္ဂဇင်းအတွက် စာမူများ ဖိတ်ခေါ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မြို့နယ်စာရေးဆရာ အသင်းမှ မြောက်ဒဂုံ
မြို့နယ်မဂ္ဂဇင်းကို မကြာမီ စီစဉ်ထုတ်ဝေမည် ဖြစ်၍ ပုံနှိပ်ဖော်ပြခြင်းမရှိသေးသော ကိုယ်တိုင်ရေး
ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ ဘာသာပြန်စာမူများကို ဖိတ်ခေါ်ထားကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၂ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက် လျှောက်ထားနိုင်တော့မည်

 မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်
ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက်လျှောက်ထား
နိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးမြင့်ကြိုင်၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်း
တစ်ရပ်တွင် မေလ ၁၀ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မန္တလေးမြို့တွင်း လမ်းပိုင်းအရည်အသွေးတိုးတက်စေရေး ဂျာမနီမှ ၀ယ်ယူထားသည့် နိုင်လွန်ကတ္တရာကျို စက်ကြီးဖြင့် ဇွန်လမှစ၍ အဆင့်မြှင့်တင်မည်

မန္တလေးမြို့တွင်း လမ်းပိုင်းအရည်အသွေး တိုးတက်ကောင်းမွန်
လာစေရေးအတွက် ဂျာမနီနိုင်ငံမှ ဝယ်ယူထားသည့် နိုင်လွန်
ကတ္တရာကျိုစက်ကြီးဖြင့် ဇွန်လမှစ၍ အဆင့်မြှင့်တင်မှုများ ပြုလုပ်
သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ
မြ၀တီသတင်းတစ်ရပ်တွင် မေလ ၁၀ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းအား ရမ်ဆာဒေသအဖြစ် သတ်မှတ်ကြေညာ

မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့၏ မြောက်ဘက်ပိုင်းအား
နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာဒေသအဖြစ်
ရမ်ဆာကွန်ဗင်းရှင်းမှ သတ်မှတ်ကြေညာမည် ဖြစ်ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
မေလ ၁၀ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း