မျက်မမြင်ကျောင်း (ကြည့်မြင်တိုင်)နှင့် မျက်မမြင်ကျောင်း(စစ်ကိုင်း) တို့မှ မျက်မမြင် သင်တန်း သားများ ခေါ်ယူ

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မျက်မမြင်ကျောင်း (ကြည့်မြင်တိုင်) နှင့် မျက်မမြင်ကျောင်း
(စစ်ကိုင်း)တို့တွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် မျက်မမြင် သင်တန်းသားများ ခေါ်ယူလျက်
ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၀ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကနီမြို့နယ် တွင်းကျေးရွာ သဒ္ဓမ္မနန္ဒိယာရာမကျောင်းတိုက်ရှိ ခန့်မှန်းငွေကျပ်သိန်း ၁၂၅ဝဝ ခန့်ရှိ ရှေးဟောင်းပေစာထုပ် ၁၂၅ ထုပ်ခန့် ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ တွင်းကျေးရွာရှိ သဒ္ဓမ္မ
နန္ဒိယာရာမကျောင်းတိုက်အတွင်း သိမ်းဆည်းထားသော
တစ်စည်းလျှင် အရွက် ၁ဝဝ ပါ ရှေးဟောင်းပေစာထုပ် ၁၂၅
စည်းခန့် မေလ ၈ ရက်က ပျောက်ဆုံးသွားကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၀ ရက်
က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြနန်းစံကျော် ရွှေနန်းတော်သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် များပြားလာ

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြနန်းစံကျော် ရွှေနန်းတော်
သို့ ခရီးသွား ဝင်ရောက်မှု များပြားခဲ့ပြီး ဝင်ကြေးငွေ ကျပ်
၉ဝ, ၄ဝ၃, ၈ဝဝ ရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်း
တစ်ရပ်တွင် မေလ ၅ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အင်းတော်မြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် နှစ်ပေါင်းရာချီသက်တမ်း ရှိ ရှေးဟောင်းကျွန်းလှေကြီးအား ယနေ့တိုင် ထိန်းသိမ်းထား

သီပေါမင်းလက်ထက် တံခွန်တိုင် ကျောင်းတိုက်ဆရာတော်
ဦးအာသဘအသုံးပြုခဲ့သည့် ''စေတီ'' အမည်ရှိ သစ်တစ်လုံး
ထွင်း လှေကြီးအား စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မဲဇာခုနစ်ရွာအုပ်စုအတွင်းရှိ တံခွန်တိုင်ကျေးရွာ ဘုန်းတော်ကြီး
ကျောင်းတွင် ယနေ့တိုင် ထိန်းသိမ်းထားကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၉ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍ၌ စင်ကာပူနိုင်ငံက အများဆုံး ရင်းနှီးမြုပ်နှံခဲ့

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍ၌ ပြီးခဲ့သည့် ၂ဝ၁၆-
၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စင်ကာပူနိုင်ငံက အမေရိကန် ဒေါ်လာ
သန်း ၁၉ဝ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်
ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသတင်း
များကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် မေလ ၉ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ချပ်သင်းဘေးမဲ့တောရှိ ရှားပါးရွှေသမင်မျိုးစိတ်များနှင့် အပင်မျိုးစိတ်များကို ရာသီမရွေးလာရောက် လည်ပတ်ကြည့်ရှုနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့်
ကသာခရိုင်၊ ကောလင်းမြို့နယ်တွင်းရှိ ချပ်သင်းဘေးမဲ့တော
အတွင်းမှ ရှားပါးရွှေသမင်မျိုးစိတ်များနှင့် အပင်မျိုးစိတ်များကို
ရာသီမရွေး လာရောက်လည်ပတ်ကြည့်ရှုနိုင်ကြောင်း ချပ်သင်း
ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး၏ ပြောကြားချက်ကို ကိုးကားကာ
မြ၀တီသတင်း တစ်ရပ်တွင် မေလ ၉ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

သရက်စိုက်တောင်သူများထံမှ စိန်တလုံးသရက်သီးများကို တန်ချိန် ၁ဝဝ ကျော်ခန့် စတင်ဝယ်ယူမည်

သရက်စိုက်တောင်သူများ၏ တောင်းဆိုချက်အရ မြန်မာ့
စိန်တလုံးသရက်သီးများကို မေလ ၇ ရက် နေ့မှ စတင်၍
တန်ချိန် ၁ဝဝကျော်ထိ ဝယ်ယူမည် ဖြစ်ကြောင်း သရက်
စိုက်တောင်သူများ၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီ
သတင်းတစ်ရပ်တွင် မေလ ၈ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ပုဂံဒေသ ဗူးဘုရားရေဆိပ်တွင် ရေယာဉ်အစီးရေ များပြားလာသောကြောင့် ငှားရမ်းသူနှင့် ရေယာဉ်မညီမျှမှု ဖြစ်ပေါ်လျက်ရှိ

ပုဂံဒေသရှိ ဗူးဘုရားရေဆိပ်တွင် ရေယာဉ်အစီးရေ အဆမတန်
များပြားလာသောကြောင့် ငှားရမ်းစီးသူနှင့် ရေယာဉ်မညီမျှမှု ဖြစ်
ပေါ်လျက်ရှိကြောင်း အဆိုပါဆိပ်ကမ်းရှိ ရေယာဉ်လုပ်သားများ၏
ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် မေလ
၈ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဂျာမန်ဘာသာ ကျောင်းသားဟောင်းများ အသင်း ဖွဲ့စည်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျာမန်ဘာသာဖြင့်
ဘွဲ့ရရှိခဲ့သော ကျောင်းသားဟောင်းများ စုစည်း၍ ဂျာမန်
ဘာသာကျောင်းသားဟောင်းများအသင်း(German Old
Students Association- GOSA) ဖွဲ့စည်းခြင်း အခမ်းအနား
ကို မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ
My Garden Restaurent ၌ ကျင်းပခဲ့သည်။

» အပြည့်အစုံသို့

မြင့်မြင့်ခင်ဖောင်ဒေးရှင်း၏ ဒုတိယအကြိမ် သိပ္ပံစာပေဆုပေးပွဲ ကျင်းပ

မြင့်မြင့်ခင်ဖောင်ဒေးရှင်း၏ ဒုတိယအကြိမ် သိပ္ပံစာပေဆုပေးပွဲ
အခမ်းအနားကို မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ
ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၈ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း