မိုးကုတ်မြို့၊ ဘားနဒ်စစ် သင်္ချိုင်းအနီးရှိ ရှေးဟောင်းလက်နက်တိုက် ထိန်းသိမ်းပြုပြင်ရန် လယ်ပိုင်ရှင်များနှင့် ညှိနှိုင်းသွားမည်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရွာသာရွာကျေးရွာ
အုပ်စုအတွင်း ဘားနဒ်စစ်သင်္ချိုင်းအနီးရှိ  အင်္ဂလိပ်ခေတ်က အသုံးပြုခဲ့သော ရှေးဟောင်းလက်နက်တိုက်ကို ထိန်းသိမ်း
ပြုပြင်နိုင်ရန် လက်နက်တိုက်အနီးရှိ လယ်ပိုင်ရှင်တောင်သူ
များနှင့် ညှိနှိုင်းသွားမည်ဟု မိုးကုတ်မြို့နယ်စည်ပင်သာယာ
ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းတင်က ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် လက်ရှိ ချေးငွေ အစီအစဉ်များကို တိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်

မြန်မာ့သစ်သီးဝလံလုပ်ငန်းရှင်များအတွက် မြန်မာ့လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်မှတဆင့် လက်ရှိ ချေးငွေ အစီအစဉ်များကို
တိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဟု စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက
ပြောကြားခဲ့ကြောင်း မြ၀တီသတင်းတစ်ရပ်တွင် မေလ ၄ရက်
က ဖော်ပြထားသည်။

» အပြည့်အစုံသို့

သထုံတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်
ရေးလုပ်ငန်းမှ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ
သထုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း ကမ္ဘာဘဏ်ချေးငွေ
ဒေါ်လာ သန်း ၁၄၀ ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု
ပမာဏ ၁၁၈.၉ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး
ဓာတ်အားပေးစက်ရုံတစ်ရုံကို တည်ဆောက်လျက်ရှိသည်။

» အပြည့်အစုံသို့

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးအတွက် လူထုဆန္ဒ ထောက်ခံမှုလက်မှတ်ရေးထိုးပွဲ ဒလမြို့နယ်၌ ပြုလုပ်ခဲ့

ကိုရီးယား-မြန်မာ (ချစ်ကြည်ရေး) ရန်ကုန်-ဒလ (မြစ်ကူး
တံတား) အမြန်ဆုံး တည်ဆောက်ရေးနှင့် လူထုဆန္ဒ
ထောက်ခံမှုအတွက် ပြည်သူလူထု လက်မှတ်ရေးထိုးခြင်း
ကို မေလ ၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်
ရှိ ဒလ-ပန်းဆိုးတန်း သင်္ဘောဆိပ်နှင့် စက်သမ္ဗန်ဆိပ်တို့
တွင် ပြုလုပ်ခဲ့သည်။

» အပြည့်အစုံသို့

မြေအောက်ရေ အခြေအနေစောင့်ကြည့်သည့် ကိရိယာဖြင့် မြေပြို၊ မြေကျွံခြင်း မဖြစ်ရန် တစ်နှစ်ပတ်လုံး စောင့်ကြည့်တိုင်းတာမည်

မြေအောက်ရေ ထုတ်ယူသုံးစွဲမှုကြောင့် မြေပြိုခြင်း၊ မြေကျွံ
ခြင်းမဖြစ်ရန် မြေအောက်ရေအခြေအနေစောင့်ကြည့်သည့်
ကိရိယာများ တပ်ဆင်ကာ တစ်နှစ်ပတ်လုံး စောင့်ကြည့်
တိုင်းတာ၍ လေ့လာသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း
ဒေသကြီး၊ မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ
ခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်
ခိုင်မင်းက ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေ နှုန်းထားပြင်ဆင်နိုင်ရန် လုပ်ဆောင်မည်

မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ အနည်းဆုံး အခ
ကြေးငွေ နှုန်းထားများကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်
ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကော်မတီများ
ဖွဲ့စည်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အနည်းဆုံး
အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ
အတွင်းရေးမှူး ဦးမောင်မောင်ကျော်က ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

မြန်မာ့ရိုးရာ ပုသိမ်ထီးများ ပြည်တွင်း ပြည်ပဈေးကွက်တွင် အရောင်းသွက်

မြန်မာ့လက်မှု ထုတ်ကုန်ပစ္စည်း ဖြစ်သည့် ပုသိမ်ထီး
လုပ်ငန်းသည် ယခုအခါ ပြည်တွင်းဈေးကွက်၌သာမက
ပြည်ပဈေးကွက်များ၌လည်း ကျယ်ပြန့်လာကြောင်း
ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်ကို
ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် မေလ ၄ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံထုတ် သစ်အစားထိုးပစ္စည်းများ ပြည်တွင်း၊ ပြည်ပ၌ ဈေးကွက် တွင်ကျယ်လာ

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် သစ်အစားထိုး အသုံးပြုနိုင်
သည့် Wood Plastic ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ
ဈေးကွက်များတွင် ဝယ်ယူသုံးစွဲမှု များပြားလာ၍ ဈေးကွက်
တွင်ကျယ်လာကြောင်း မြန်မာနိုင်ငံ ပလတ်စတစ် လုပ်ငန်း
ရှင်များအသင်းကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင်
မေလ ၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြစ်သာရေလှောင်တမံသို့ အပန်းဖြေလေ့လာရေးခရီးစဉ်အဖြစ် လာရောက်သူများ ရှိ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင်
အကောင်အထည်ဖော် တည်ဆောက်ထားသည့် မြစ်သာ
ရေလှောင်တမံသို့ ယခုနှစ် နွေဥတုကာလတွင် အပန်းဖြေ
လေ့လာရေး ခရီးစဉ်တစ်ခုအဖြစ် လာရောက်သူများ ရှိ
ကြောင်း မြ၀တီသတင်းတစ်ရပ်တွင် မေလ ၄ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ယခုဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသို့ ကော်ဖီစေ့ ၁၈ တန် တင်ပို့မည်

ယခုနှစ်တွင် ပြည်တွင်းရှိ ကော်ဖီစေ့ ၁၈ တန်ကို အမေရိကန်
နိုင်င်ငံသို့ တင်ပို့ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ကော်ဖီ
အသင်းမှ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်
တွင် မေလ ၂ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း