တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ တည်ထောင်နိုင်ပါက ကုန်သွယ်မှု မြင့်တက်လာမည်

ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများအကြား
တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော်
စီးပွားရေးဇုန်များ တည်ထောင်နိုင်ပါက ကုန်သွယ်မှုမြင့်တက်
လာမည်ဟု မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း
ရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းက ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

(၈) ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲအတွက် စာအုပ်များ ဖိတ်ခေါ်

(၈) ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသော စာအုပ်များကို မြန်မာနိုင်ငံ
စာရေး ဆရာအသင်းက ဖိတ်ခေါ်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် မေလ ၃ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရေကူးအားကစား တိုးတက်မြင့်မားလာစေရန် မန္တလေးတွင် ရေကူးကလပ်နှင့် ရေကူးကန်သစ်ဖွင့်

မန္တလေးမြို့ရှိ လူငယ်များ ရေကူးအားကစား စိတ်ဝင်စား၍
ရေကူးအားကစား တိုးတက်လာစေရန်နှင့် ကျန်းမာသန်စွမ်း
သော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လင်းပိုင်ရေကူး
ကလပ်နှင့် ရေကူးကန်အသစ်ကို မဟာအောင်မြေမြို့နယ်၊
၆၄ လမ်း၊ သိပ္ပံလမ်းနှင့် ၄၃ လမ်းကြားတွင် မေလ ၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း မြ၀တီသတင်းတစ်ရပ်တွင် မေလ
၃ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

" ခဲဘုရင်" ပန်းချီဆရာကြီး ဦးကံညွန့် ရာပြည့်အထိမ်းအမှတ် ပန်းချီပြပွဲ ကျင်းပမည်

ပန်းချီဆရာကြီး ဦးကံညွန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပန်းချီပြပွဲကို နိုဝင်ဘာလ ၁၇ ရက်တွင်
ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁ ရက်
နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံရှိ သရက်သီးများကို အနှစ်ထုတ်၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရန် စီစဉ်

ယခုနှစ် သရက်သီးရာသီတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်
သရက်သီးများကို အနှစ်ထုတ်၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ
ဖွံ့ဖြိုးတိုးတက်ရေး အသင်း (မန္တလေး) မှ ပြောကြားချက်ကို
ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် မေလ ၂ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

နိုင်ငံတော်ပိုင် သင်္ဘော ၁၁ စီးကို ရတနာပုံသင်္ဘောကျင်းတွင် အကြီးစားပြုပြင်မည်

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ဧရာဝတီမြစ်အတွင်း သွားလာနေ
သည့် နိုင်ငံတော်ပိုင် သင်္ဘော ၁၁စီးကို ရတနာပုံ သင်္ဘော
ကျင်းတွင် ဇွန်လအတွင်း အကြီးစားပြုပြင်မှုများ လုပ်ဆောင်
သွားမည် ဖြစ်ကြောင်း ရတနာပုံသင်္ဘောကျင်းဌာနမှ တာဝန်
ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်း
တစ်ရပ်တွင် မေလ ၁ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာအမျိုးသားတစ်ဦး အိုင်အိုဝါပြည်နယ်တွင် အသတ်ခံခဲ့ရ

မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်သို့
ရွှေ့ပြောင်းနေထိုင်သူ၊ အမေရိကန်နိုင်ငံသားခံယူထား
သည့် မြန်မာအမျိုးသားတစ်ဦး ဧပြီလ ၂၁ ရက်နေ့က
အသတ်ခံခဲ့ရကြောင်း The Des Moines Register
သတင်းတစ်ရပ်တွင် ဧပြီ ၂၃ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ်ကမ်းမြို့ဖြစ်စေရေး ဧရာဝတီမြစ်အတွင်းမှ သဲသောင်များ တူးဖော်ပေးရန် တင်ပြမည်

ငါန်းဇွန်မြို့ကို သင်္ဘောဆိပ်ကမ်းမြို့ဖြစ်စေရေးအတွက် ငါန်းဇွန်
မြို့ဘေးရှိ ဧရာဝတီမြစ်အတွင်းမှ သဲသောင်များကို တူးဖော်ပေး
ရန် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြမေးမြန်းမည်
ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်
စိုးနိုင်၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်
တွင် မေလ ၁ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံတွင် မိုးဥတုကာလ၌ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန် Green Season Program ဖော်ဆောင်မည်

Year Round Destination အဖြစ် မြန်မာနိုင်ငံသို့ မိုးဥတု
ကာလတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်
လည်ပတ်နိုင်ရန် အစီအစဉ်တစ်ရပ်အဖြစ် Green Season
(Moonson Season) Program တစ်ခုကို ဖော်ဆောင်သွား
ရန် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
သတင်းများကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် မေလ
၁ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဈေးကွက်သစ် နိုင်ငံ ၄ဝ ကျော် တိုးတက်ရရှိ၍ မြန်မာ့ ဆန်နှင့် ဆန်ကွဲ ဈေးကွက်အခြေအနေ ကောင်းမွန်

ဆန်ဝယ်ယူသည့် ဖောက်သည်ဈေးကွက်သစ် နိုင်ငံ ၄ဝကျော်
တိုးတက်ရရှိ၍ မြန်မာ့ဆန်ဈေးကွက်အခြေအနေ ကောင်းမွန်
လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနသတင်းများကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင်
ဧပြီလ ၂၈ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း