တိမ်မြုပ်ပျောက်ကွယ်နေသည့် ကလေးစာပေ၊ စာအုပ်များကို ယခု ဘဏ္ဍာနှစ်တွင် ဘာသာပြန်၍ ထုတ်ဝေသွားမည်

တိမ်မြုပ်ပျောက်ကွယ်နေသည့် ကလေးစာပေ၊ စာအုပ်များကို
ယခု၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဘာသာပြန်၍ ထုတ်ဝေ
ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ
ရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူတစ်ဦး
၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင်
ဧပြီ ၂၈ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မာန်အောင်မြို့ပေါ်၌ သင်္ကြန်ရိုးရာ ရေစစ်ပွဲတော် ကျင်းပမည်

သင်္ကြန်ရိုးရာ ရေစစ်ပွဲတော်ကို မာန်အောင်မြို့၌ ဧပြီ ၂၈ ရက်မှ ၃ဝ ရက်ထိ ကျင်းပ
သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ
၂၇ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

The 60th Bangkok Gems & Jewelry Fair ကုန်စည်ပြပွဲကျင်းပမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ IMPACT Maung Thong Thani, Challenger Hall 1-3
တွင် စက်တင်ဘာ ၆ ရက်မှ ၁ဝ ရက်အထိ ကျင်းပမည့် The 60th Bangkok Gems &
Jewelry Fair တွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က သွားရောက်ပြသနိုင်ရန် စီစဉ်
ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဧပြီလ ၂၇ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အာဆီယံထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိလစ်ပိုင်သို့ သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ
သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်သမ္မတနိုင်ငံ၌
ဧပြီလ ၂၉ ရက်တွင် ကျင်းပမည့် (၃ဝ) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး
နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ သွားရောက်
မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၂၇
ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဆူးလေစေတီတော်၏ စိန်ဖူးတော် ထီးတော်နှင့် ငှက်မြတ်နားတော်တို့အား ရွှေသားအစစ်ဖြင့် ကပ်လှူပူဇော်မည်

ဆူးလေစေတီတော်၏ စိန်ဖူးတော်၊ ထီးတော်နှင့် ငှက်မြတ်
နားတော်တို့အား ရွှေသားအစစ်ဖြင့် ကပ်လှူပူဇော်မည် ဖြစ်
ရာ အလှူရှင်များအနေဖြင့် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ကြောင်း
စေတီတော်ဂေါပကအဖွဲ့မှ ပြောကြားချက်ကို ကိုးကားကာ
မြ၀တီသတင်းတစ်ရပ်တွင် ဧပြီ ၂၇ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရန်ကုန်မြို့၌ ဂိမ်းဆိုင်ပေါင်း ၄၃ ဆိုင်သာ တရားဝင်ဖွင့်ခွင့်ပြုထား

ရန်ကုန်တိုင်းဒေသကြီး၌ ဂိမ်းဆိုင်ပေါင်း ၄၃ ဆိုင်ကိုသာ
တရားဝင်လုပ်ကိုင်ခွင့်လုပ်ငန်းလိုင်စင်များ ချပေး၍ ဖွင့်ခွင့်
ပြုထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏
ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင်
ဧပြီလ ၂၇ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသ၌ ယွန်းထည်ပစ္စည်း အရောင်းအဝယ်အေးနေပြီး အပ်ထည်သာ များပြားလျက်ရှိ

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသတွင် ဧပြီ
လမှ စတင်ကာ ခရီးသွားဝင်ရောက်မှု နည်းပါးလာပြီး ယွန်း
ထည်လက်မှုပစ္စည်းရောင်းချမှု အရောင်းအဝယ်အေးသွားပြီး
အပ်ထည်များသာ များပြားနေကြောင်း ပုဂံမြို့ရှိ ယွန်းထည်
လုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်ကို ကိုးကားကာ
မြ၀တီသတင်းတစ်ရပ်တွင် ဧပြီ ၂၇ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြောက်ဦးနန်းတော်ရာကုန်းတွင် တောင်မြေများ ဖို့ထားသော ကျောက်လှေကားများနှင့် ကျုံးကို ထပ်မံတွေ့ရှိ

ရခိုင်ပြည်နယ်ရှိ ရှေးရခိုင်ဘုရင်များ ထီးနန်းစိုက်ခဲ့ရာ
မြောက်ဦးနန်းတော်၏ ရေသွင်းရေထုတ် စနစ်ကို
လေ့လာရန် သုတေသနပြု တူးဖော်ရာမှ တောင်မြေ
များ ဖို့ထားသော ကျောက်လှေကားများနှင့် ကျုံးကို
ထပ်မံတွေ့ရှိခဲ့ကြောင်း မြောက်ဦး ရှေးဟောင်းသုတေ
သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

ချင်းပြည်နယ် ရိဒ်ရေကန်သို့ အိန္ဒိယနိုင်ငံမှ လာရောက် လေ့လာမှုများပြား

ချင်းပြည်နယ်အတွင်း ထင်ရှားသော ရိဒ်ရေကန်ကို အခြေပြု
ကာ ခရီးသွားလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်မှုကြောင့်
အိန္ဒိယနိုင်ငံမှ လာရောက်လေ့လာမှု များပြားလျက် ရှိကြောင်း
ဟားခါးမြို့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲ ၏
ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင်
ဧပြီလ၂၆ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ မေ ၂ ရက်တွင် စတင်ကျင်းပမည်

၂ဝ၁၇ ဘောလုံးရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်
ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို မေလ ၂ ရက်တွင် စတင်
ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း