၂ဝ၁၇ ခုနှစ် မြန်မာ ပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် ကျင်းပမည်

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ ကြီးမှူး၍ MOTTAMA HOLDINGS Ltd က
အဓိကကူညီပံ့ပိုးသည့် ၂ဝ၁၇ ခုနှစ်၊ ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ပထမပွဲစဉ်ကို
နေပြည်တော်ရှိ ရေပြာ တပ်မတော်ဂေါက်ကွင်းတွင် မေလ ၃ ရက်မှ ၆ ရက်အထိ ကျင်းပမည်
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၅ ရက်က ဖော်ပြ
ထားသည်။

» အပြည့်အစုံသို့

သြစတြေးလျနိုင်ငံမှ ရေကြောင်းရဲတပ်ဖွဲ့သို့ ရေယာဉ်ငယ်လွှဲပြောင်းပေးအပ်

သြစတြေးလျနိုင်ငံ Australian Border Force (ABF) မှ
အမေရိကန်ဒေါ်လာ ၅၂၈ဝဝ တန်ဖိုးရှိ ထိုင်းနိုင်ငံ SN CRAFT
ကုမ္ပဏီထုတ် Rigid Hull Inflatable Boat (RHIB) ရေယာဉ်
ငယ်အား မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့သို့ ဧပြီလ ၂၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက် စာမျက်နှာတွင် ဧပြီလ ၂၅ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကောလင်းမြို့နယ် လာကာကျေးရွာအနီး ကျောက်ရွှေကြောတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ လာကာကျေးရွာ
အုပ်စု၊ လာကာကျေးရွာအနီး ဘိုးမင်းတောင်တွင် ဧပြီလ ၂၃
ရက်နေ့က လာကာကျေးရွာဒေသခံတစ်ဦးမှ ရွှေပါရှိသည့်
ကျောက်တုံးကို တွေ့ရှိ၍ ဆက်လက်တူးဖော်ရာမှ ကျောက်
ရွှေကြောကို တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၅ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

နေပြည်တော်၏ မြို့ပြစီမံကိန်းကို လာမည့် ၂ဝ၄ဝ ပြည့်နှစ်ထိ တွက်ချက် အကောင်အထည်ဖော်လျက်ရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို မြို့တော်တစ်ခုအဖြစ်
ဖော်ထုတ်ရာတွင် လိုအပ်သည့် မြို့ပြစီမံကိန်း ရည်မှန်းချက်ကို
လာမည့် ၂ဝ၄ဝ ပြည့်နှစ်ထိ တွက်ချက်ရေးဆွဲထားပြီး အကောင်
အထည်ဖော်လျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေး
ကော်မတီမှ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်း
တစ်ရပ်တွင် ဧပြီလ ၂၅ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း ကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကျော်ကို ပြန်လည်ပေးဆပ်နိုင်

လက်ရှိအစိုးရလက်ထက် တစ်နှစ်တာကာလအတွင်း
ကုန်သွယ်မှုပမာဏ ၂ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး
ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ
ကျော်ကို ပြန်လည်ပေးဆပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး
က ပြောကြားခဲ့သည်။

» အပြည့်အစုံသို့

သင်္ကြန်ကာလအပြီး ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာ

သင်္ကြန်ကာလအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊
ချောင်းသာကမ်းခြေသို့ အပန်းဖြေလာရောက်ကြသည့် ခရီးသွား
ဧည့်သည်များ ပြန်လည်ဝင်ရောက်လာသည့်အတွက် လက်ရှိ
တွင် ခရီးသွားဧည့်သည် သုံးသိန်းခန့် ရှိကြောင်း ချောင်းသာ
ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်ခိုင်၏ ပြောကြားချက်ကို ကိုးကား
ကာ မြ၀တီသတင်းတစ်ရပ်တွင် ဧပြီ ၂၃ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

YBS ယာဉ်လိုင်းစနစ်ပြောင်းလဲမှု ထူးမခြားနားဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အဆို တင်သွင်းဆွေးနွေး

ရန်ကုန်မြို့ရှိ ဘတ်စ်ကားပြေးဆွဲမှုစနစ်တွင် မ.ထ.သ မှ
YBS ယာဉ်လိုင်းစနစ်အဖြစ် ပြောင်းလဲခဲ့မှုသည် သုံးလတာ
ကာလအတွင်း မ.ထ.သနှင့် ကွာခြားမှုမရှိဘဲ ထူးမခြားနား
ပင် ဖြစ်နေကြောင်း ဧပြီ၂၄ ရက်က ကျင်းပသော လွှတ်တော်
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
ကိုယ်စားလှယ်များက အဆိုတင်သွင်းဆွေးနွေးခဲ့သည်။

» အပြည့်အစုံသို့

ကုန်သည်များ အဝယ်လိုက်မှုကြောင့် နာနတ်သီးများ ဈေးကောင်းရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီးပတ်ဝန်းကျင်
ကျေးရွာများသို့ ဒေသတွင်း ထွက်ကုန် ရာသီပေါ်သီးနှံဖြစ်သော
နာနတ်သီးများ စတင်ထွက်ရှိရာ ဒေသများသို့ ကုန်သည်များ
လာရောက် လိုက်လံဝယ်ယူမှုများကြောင့် နာနတ်ခြံ စိုက်ပျိုး
ရောင်းဝယ်သူများ ဈေးကောင်းရရှိပြီး အဆင်ပြေကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ
၂၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဧည့်လမ်းညွှန်အခြေခံနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်မည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း၌
ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းအမှတ်စဉ် (၅၄) နှင့် လိုင်စင်ပျက်ပြယ်သွားသော ဧည့်
လမ်းညွှန်များအတွက် မွမ်းမံသင်တန်း အမှတ်စဉ် (၈) ဖွင့်လှစ်မည် ဖြစ်ကြောင်း ဟိုတယ်
နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်
တွင် ဧပြီလ ၂၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓါတ်တော်များ ငပလီမြို့သို့ ကြွရောက်အပူဇော်ခံခဲ့


အလိုတော်ပြည့် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့်
ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓါတ်တော်မွေတော်များအား ရန်ကုန်
မှ ငပလီမြို့သို့ ပင့်ဆောင်ကာ အပူဇော်ခံခဲ့ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၄
ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း