ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည်

ဘာသာပြန်စာပေစာတမ်းဖတ်ပွဲနှင့် နွေရာသီစာအုပ်ဈေးရောင်းပွဲတော်တို့ကို ဧပြီလ
၂၉ ရက်မှ မေလ ၁ ရက်အထိ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး
ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၄ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ဝင်းထွန်းအား ဂုဏ်ပြုပွဲကျင်းပ

ဧပြီလဆန်းပိုင်းက အီတလီနိုင်ငံအက်စ်ပိုလီဒိုရှေးဟောင်း
မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲတွင်
ကမ္ဘာ့အပျော်တမ်း စစ်တုရင် ချန်ပီယံဆုကြီး ဆွတ်ခူးခဲ့သည့်
စစ်တုရင်ကစားသမား ဝင်းထွန်းအား ဂုဏ်ပြုပွဲအခမ်းအနားကို
ဧပြီလ ၂၃ ရက်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်
မင်းရောင်လမ်းရှိ HI Rock Chess Club ၌ ကျင်းပခဲ့သည်။

» အပြည့်အစုံသို့

ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ခမီအမျိုးသားနေ့ (၇) ကြိမ်မြောက် ကျင်းပမည်

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်သော ခမီတိုင်းရင်းသား
လူမျိုးများ၏ (၇) ကြိမ်မြောက် အမျိုးသားနေ့ကို ဧပြီလ
၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ဂန္ဓာရီ
ပရဟိတကျောင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၄
ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကျောက်ဆည်မြို့နယ်တွင် သိန်း ၆ဝဝဝခန့် ကုန်ကျသည့် အလုံပိတ်၊ အအေးပိတ်စက်ရုံစနစ်ဖြင့် ဥစားကြက်များ စတင်မွေးမြူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်
သိန်း ၆ဝဝဝ ခန့် ကုန်ကျသည့် အလုံပိတ်၊ အအေးပိတ်စက်ရုံ
စနစ်ဖြင့် ဥစားကြက်များကို စတင်မွေးမြူနေပြီ ဖြစ်ကြောင်း 
မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ပြောကြား
ချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် ဧပြီလ ၂၁
ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

သင်္ကြန်ကာလအပြီးတွင် ကျောက်စိမ်းဈေးနှုန်း ကျဆင်းနေ

မဟာသင်္ကြန်ကာလတွင် ကျောက်မျက်ရတနာရောင်းဝယ်
ရေးစခန်းပိတ်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်
(တိုင်ပေ) မှ ကျောက်စိမ်းအချောထည်ဝယ်လက်များ၊ ကျောက်
စိမ်းပွင့်၊ လက်ကောက် ဝယ်လက်များ နေရပ်သို့ ခေတ္တပြန်ကြ
သဖြင့် ဈေးကွက်အေးကာ ကျောက်စိမ်းဈေးနှုန်း ကျဆင်းလျက်
ရှိသည်။

» အပြည့်အစုံသို့

ကယားပြည်နယ်ရှိ ရှေးဟောင်းကယားလူမျိုးများနှင့် ကယန်း (ပဒေါင်) လူမျိုးများအား ပြည်တွင်းပြည်ပမှ ခရီးသွားများ စိတ်ဝင်စားမှုများလာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာတွင်
နေထိုင်သည့် ကယန်း (ပဒေါင်) တိုင်းရင်းသားလူမျိုးများနှင့်
ဒေါတမကြီးကျေးရွာရှိ ရှေးဟောင်းကယားလူမျိုးများထံ ပြည်
တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက် လေ့လာ
လည်ပတ်မှုမှာ ယခင်နှစ်ထက် ပိုမိုများပြားလာသည်။

» အပြည့်အစုံသို့

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က CITIC Group ဥက္ကဌကို လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် CITIC
Group ဥက္ကဌ Mr.Chang Zhenming ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့အား ဧပြီလ ၂၁ ရက်တွင် နေပြည်တော်
ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ
တွင် လက်ခံတွေ့ဆုံခဲ့သည်။

» အပြည့်အစုံသို့

ပဉ္စမမြောက် Pro 1 အိမ်ဆောက်ပစ္စည်းအရောင်းစင်တာ မန္တလေး၌ ဖွင့်လှစ်မည်

ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး
ပေးနိုင်မည့် အိမ်ဆောက်ပစ္စည်း အရောင်းစင်တာကို
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဦးပွား ခုံးကျော်တံတား
အနီး၌ မကြာမီ ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာ၌ ဧပြီလ ၂၁ ရက်က ဖော်ပြ
ထားသည်။

» အပြည့်အစုံသို့

ပန်းချီဆရာကြီး ဦးဘသစ် မွေးနေ့အထိမ်းအမှတ် ပန်းချီဒီဇိုင်းပြပွဲကျင်းပ

ပန်းချီဆရာကြီး ဦးဘသစ်၏ (၁ဝ၁) နှစ်မြောက် မွေးနေ့
အထိမ်းအမှတ် ပန်းချီဒီဇိုင်းပြပွဲကို ရန်ကုန်မြို့ ကမ္ဘာအေး
စေတီလမ်းရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ နှင်းဆီမြိုင်ပန်းချီ
ပြခန်း၌ ဧပြီလ ၂၀ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၁ ရက်
က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံနှင့် မာရှယ်ကျွန်းစုသမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ် ထူထောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မာရှယ်ကျွန်းစုသမ္မတနိုင်ငံတို့သည် ၂ဝ၁၇ ခုနှစ် ဧပြီလ
၂၁ ရက်မှ စတင်၍ နှစ်နိုင်ငံကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆယ်အသွယ်ထူထောင်ခဲ့
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၂၁ ရက်က ဖော်ပြထား
သည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း