မာရသာဆိုင်ကလုန်းမုန်းတိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မန်းရွှေစက်တော်ဘုရား ပါဒစေတီတော် ၊ အောက်စက်တော်ရာမြတ် လုံခြုံမှုရှိ

၂ဝ၁၇ ခုနှစ်၊ ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော မာရသာ
ဆိုင်ကလုန်းမုန်တိုင်းကြောင့် မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မန်းရွှေစက်
တော် (အောက်စက်တော်ရာ) ရှိ ပါဒခြေတော်ရာမှာ
လုံခြုံမှုရှိကြောင်း မြ၀တီသတင်းတစ်ရပ်တွင် ဧပြီလ
၂၀ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မန္တလေးမြို့၊ မဟာသင်္ကြန် လမ်းလျှောက်သင်္ကြန်ပွဲတော် မုခ်ဦးအား Express ကားခေါင်မိုးဖြင့် တိုက်မိခဲ့

ဧပြီလ ၁၉ ရက်က (၂၆) လမ်းမှ (၇၈)လမ်းသို့ ယာဉ်မောင်း
ကျော်ဇင်လတ် မောင်းနှင်လာသည့် Express ယာဉ်သည်
မန္တလေးမြို့၊ မဟာသင်္ကြန် လမ်းလျှောက်သင်္ကြန်ပွဲတော် မုခ်ဦး
အား ကားခေါင်မိုးဖြင့် တိုက်မိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၀ ရက်က ဖော်ပြ
ထားသည်။

» အပြည့်အစုံသို့

တက္ကသိုလ်ဝင်တန်းမှအပ အောင်စာရင်းအားလုံး ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်မည်

တက္ကသိုလ်ဝင်တန်းမှအပ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းကို ဧပြီလ
၂၃ ရက်တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ပြောကြားချက်
ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် ဧပြီလ ၂၀ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

မြန်မာနိုင်ငံ၌ လက်ပြတ်တောက်မှုပြန်ဆက်ခြင်း ခွဲစိတ်ကုသမှုကို စတုတ္ထအကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

မြန်မာနိုင်ငံ၌ လက်ပြတ်တောက်မှုပြန်ဆက်ခြင်း ခွဲစိတ်
ကုသမှုကို နေပြည်တော် ခုတင် (၁ဝဝဝ) ဆံ့ ဆေးရုံကြီး
၌ စတုတ္ထအကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဧပြီလ ၁၉ ရက်နေ့က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကျုံးပတ်လည်တွင် ဆောက်ထားသည့် သင်္ကြန်မဏ္ဍပ်များကို ဧပြီ ၂၃ ရက် အပြီးဖျက်သိမ်းရမည်

ကျုံးပတ်လည်တစ်လျှောက်တွင် ဆောက်လုပ်ထားသည့်
ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များကို ဧပြီလ
၂၃ ရက် နောက်ဆုံးထား၍ အပြီးဖျက်သိမ်းရမည် ဖြစ်
ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ
မှ အသိပေးကြေညာထားကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၁၈ ရက်နေ့က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

သစ်သားအစားထိုး ပြည်တွင်းဖြစ် ဖိုက်ဘာဂလပ်(စ်)ထုတ်ကုန်များ ထုတ်လုပ်ရောင်းချမှု တွင်ကျယ်လာ

 သစ်သားပန်းပုများ၊ သစ်သားဖြင့် ပြုလုပ်သော ပရိဘောဂ
များနှင့် အခြား အလှဆင်ပစ္စည်းများ အစား ပြည်တွင်းဖြစ်
ဖိုက်ဘာဂလပ်(စ်) ထုတ်ကုန်များကို အစားထိုးအသုံးပြုလာ
ကြသဖြင့် ဖိုက်ဘာဂလပ်(စ်) ထုတ်ကုန်များ ထုတ်လုပ်မှု တွင်ကျယ်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဧပြီ ၁၈ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

ရန်ကုန်မြို့နေ ပြည်သူများ အန္တရာယ်ကင်းစေရန် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော် များက ရေကူးရေလှောင်ကန်အတွင်း ပရိတ်ရေများ သွန်းလောင်း

ရန်ကုန်မြို့နေ ပြည်သူများ နှစ်သစ်ကူးကာလအတွင်း ဘေး
အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီက ဘေးအန္တရာယ်ကင်း ပရိတ်တရားတော်
နာယူခြင်းနှင့် ပရိတ်ရေသွန်းလောင်းခြင်း မင်္ဂလာအခမ်းအနား
ကို မြန်မာနှစ်ဆန်းတစ်ရက်တွင် ရန်ကုန်မြို့တော်ခန်းမနှင့်
မရမ်းကုန်းမြို့နယ်ရှိ ရေကူးရေတွန်းစက်ရုံတို့၌ ကျင်းပခဲ့သည်။

» အပြည့်အစုံသို့

သင်္ကြန်ကာလအတွင်း သင်္ကြန်နှင့်ပတ်သက်၍ ပြစ်မှုပေါင်း ၁၂ဝဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁ဝ၇၃ ဦးရှိ

၂ဝ၁၇ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်နှင့် ဆိုင်သော ပြစ်မှု စုစုပေါင်း ၁၂ဝဝ ဖြစ်ပွားခဲ့ပြီး
သေဆုံးသူ ၂၈၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁ဝ၇၃ ဦး ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဧပြီလ ၁၈ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

နေပြည်တော်ရှိ စပျစ်ဝိုင်စက်ရုံတွင် စပျစ်ဝိုင်ထုတ်လုပ်ရန် စပျစ်သီးတန်ချိန် ငါးထောင်ဝယ်ယူမည်

 နေပြည်တော်၌ ဖွင့်လှစ်မည့် စပျစ်ဝိုင်စက်ရုံအတွက် စပျစ်သီး
တန်ချိန် ငါးထောင်ကို ဧပြီလကုန်တွင် ဝယ်ယူသွားမည် ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆေးပုလဲ
ကျေးရွာ စပျစ်သီးခြံပိုင်ရှင် ကိုလှိုင်လှိုင်ထွန်း၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်တွင် ဧပြီလ ၁၁ ရက်က
ဖော်ပြထားသည်။

» အပြည့်အစုံသို့

ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရန် အခွန်ပြေစာ အမှတ်တံဆိတ်များ ရိုက်နှိပ်၍ ရွှေဆိုင်များသို့ ထုတ်ပေးမည်

ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရန် အခွန်ပြေစာ အမှတ်
တံဆိပ်များ ရိုက်နှိပ်ပြီး ဧပြီလကုန်တွင် ရွှေဆိုင်များသို့ ထုတ်
ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ တာဝန်ရှိ
သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်း
တစ်ရပ်တွင် ဧပြီလ ၁၁ ရက်က ဖော်ပြထားသည်။

» အပြည့်အစုံသို့

အကြည့်အများဆုံး - ပြည်တွင်းသတင်း