ပန်းချီဆရာကြီး ဦးဘသစ် မွေးနေ့အထိမ်းအမှတ် ပန်းချီဒီဇိုင်းပြပွဲကျင်းပ

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmar

ပန်းချီဆရာကြီး ဦးဘသစ်၏ (၁ဝ၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပန်းချီဒီဇိုင်းပြပွဲကို
ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ နှင်းဆီမြိုင် ပန်းချီပြခန်း၌
ဧပြီလ ၂၀ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဧပြီလ ၂၁ ရက်က ဖော်ပြထားသည်။

အဆိုပါ ပန်းချီဒီဇိုင်းပြပွဲသို့ ပန်းချီပညာရှင်များ၊ ရုပ်ရှင်ပညာရှင်များ၊ ဂီတပညာရှင်များနှင့်
ပန်းချီ ဦးဘသစ်၏ သားသမီးများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

ပြခန်းတွင် ပန်းချီဦးဘသစ်၏ ပန်းချီဒီဇိုင်းလက်ရာများကို ပြသထားသည့်အပြင် ပန်းချီ
ဦးဘသစ် ပါဝင် သရုပ်ဆောင်ခဲ့သော ချစ်သက်ဝေ၊ တစ်ကြော့ နှစ်ကြော့ တေးကို သီ၊
ဖာတစ်လုံးခေါင်းကြား၊ ရန်သူကို ဘာမထီ၊ မှုံရွှေရည် ရုပ်ရှင်ဇာတ်ကားများမှ ကောက်
နုတ်ချက်များကိုလည်း ဂုဏ်ပြု ပြသခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း