ပဉ္စမမြောက် Pro 1 အိမ်ဆောက်ပစ္စည်းအရောင်းစင်တာ မန္တလေး၌ ဖွင့်လှစ်မည်

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmarဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် အိမ်ဆောက်ပစ္စည်း အရောင်း
စင်တာကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဦးပွား ခုံးကျော်တံတားအနီး၌ မကြာမီ ဖွင့်လှစ်မည် ဖြစ်
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ၌ ဧပြီလ ၂၁ ရက်က ဖော်ပြထားသည်။

အဆိုပါ အိမ်ဆောက်ပစ္စည်း အရောင်းစင်တာသည် ချမ်းမြသာစည်မြို့နယ်၌ ဒုတိယမြောက် ဖွင့်လှစ်
သည့် ဆိုင်ခွဲတစ်ခုဖြစ်ပြီး အိမ်ဆောက်ပစ္စည်းအမျိုးအစားပေါင်း ၁၄ မျိုးမှ အမျိုးအမည်ပေါင်း ၆ဝဝဝဝ
ကျော်ကို ခင်းကျင်းရောင်းချသွားမည် ဖြစ်သည်။

အာဆီယံဒေသတွင်း အချို့နိုင်ငံများတွင်ပင် အိမ်ဆောက်ပစ္စည်း သီးသန့်ရောင်းချသည့် အရောင်းစင်တာ
မျိုး မရှိသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အိမ်ဆောက်ပစ္စည်း အရောင်းစင်တာကြီးများ
ဖွင့်လှစ်နိုင်ရန် စီစဉ်နေသော်လည်း မြေဈေးနှုန်း အလွန်မြင့်သောကြောင့် အခက်အခဲရှိကြောင်း၊ ပုဂ္ဂလိက
ဖြစ်စေ၊ နိုင်ငံတော်မှ ဖြစ်စေ တစ်ဖက်တစ်လမ်းမှ နှစ်ရှည်မြေနေရာ ငှားရမ်းပေးမည်ဆိုပါက နိုင်ငံတွင်းရှိ
အလုပ်လက်မဲ့ ပြည်သူ များအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည် ဖြစ်သကဲ့သို့ လုပ်သားစွမ်းအား
အရင်းအမြစ် ဖွံ့ဖြိုးလာရန် ကူညီပေးနိုင်မည် ဖြစ်ကြောင်း Pro 1 Home Center မှ မန်နေဂျင်းဒါရိုက်တာ
ဦးမျိုးထွေးက ပြောကြားခဲ့သည်။

Farmer Phoyazar Group of Companies အနေဖြင့် Pro 1 Home Center များကို အင်းစိန်မြို့နယ်၊
ပုဇွန်တောင်မြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များ၌လည်းကောင်း၊ မန္တလေးမြို့၌ အမှတ်-၁ ဆိုင်ခွဲ
ကိုလည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ယခု ဖွင့်လှစ်သည့် မန္တလေး အမှတ်-၂ ဆိုင်ခွဲသည် Pro 1 Home Center
၏ ပဉ္စမမြောက် အရောင်းစင်တာဖြစ်ကြောင်း၊ ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် မော်လမြိုင်မြို့၌လည်း Pro 1
Home Center တစ်ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း