Monday, April 24, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က CITIC Group ဥက္ကဌကို လက်ခံတွေ့ဆုံ

 


ဓာတ်ပုံ - Ministry of Foreign Affairs Myanmarဓာတ်ပုံ - Ministry of Foreign Affairs Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း
စုကြည်သည် CITIC Group ဥက္ကဌ Mr.Chang Zhenming ဦးဆောင်သည့် ကိုယ်စားလှယ်
အဖွဲ့အား ဧပြီလ ၂၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏
ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဧပြီလ၂၁ ရက်က ဖော်ပြထားသည်။

တွေ့ဆုံပွဲတွင် CITIC Group အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့်
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် စွမ်းအင်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်မှု ပူးပေါင်း
ဆောင်ရွက်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ရှေ့ဆက် ဆောင်ရွက်သွားမည့် ကိစ္စများကို ရှင်းလင်း
ပြောကြားခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း