သင်္ကြန်ကာလအပြီးတွင် ကျောက်စိမ်းဈေးနှုန်း ကျဆင်းနေ

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmarမဟာသင်္ကြန်ကာလတွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းပိတ်သဖြင့် တရုတ်ပြည်သူ့သမ္မတ
နိုင်ငံနှင့် တရုတ် (တိုင်ပေ)မှ ကျောက်စိမ်းအချောထည်ဝယ်လက်များ၊ ကျောက်စိမ်းပွင့်၊ လက်ကောက် ဝယ်လက်များ နေရပ်သို့ ခေတ္တပြန်သွားကြသဖြင့် ဈေးကွက်အေးကာ ကျောက်စိမ်းဈေးနှုန်း ကျဆင်းလျက်
ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၂၀ ရက်က ဖော်ပြထားသည်။

မဟာသင်္ကြန်ကာလအပြီးတွင် မန္တလေးမဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ရတနာရောင်းဝယ်ရေး
စခန်းတွင် လက်ကောက်၊ လွှာချပ်၊ ပုတီးပြုလုပ်ရန် လာရောက်ဝယ်ယူကြသော ပြည်တွင်း ကျောက်စိမ်း
အချောထည်လုပ်ငန်း ပြုလုပ်သူများ လာရောက်ကြပြီး ကုန်ကြမ်းကျောက်စိမ်းအရိုင်းများသာ ဝယ်ယူမှု ရှိ
နေခြင်း ဖြစ်သည်။

မဟာအောင်မြေမြို့နယ် ၈၇ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အတစ်စဝိုင်း၊ လွှာချပ်ဝိုင်း၊ ခဲဝိုင်း၊ ဂွင်းဝိုင်း
တို့တွင်လည်း ဖားကန့်ဒေသမှော်များမှ ကျောက်စိမ်းအကြမ်းထည်များ မရောက်ရှိခြင်း၊ ကျောက်မျက်ရတနာ
ဈေးပတ်လည်ရှိ သွေးခုံ၊ ဖြတ်ခုံ လုပ်ငန်းများမှ လုပ်သားများ နေရပ်သို့ ပြန်ခြင်းတို့ကြောင့် ရောင်းအားနည်း
ပါးပြီး အရောင်းအဝယ် အေးစက်နေသည်ဟု ဆိုသည်။

သင်္ကြန်အပြီးတွင် တရုတ်ငွေဈေးအတက်အကျမရှိသော်လည်း ငွေဖော်လိုသူများမှာ ပြည်တွင်း ကျောက်စိမ်း
ဝယ်လက်များထံ လျှော့ဈေးဖြင့် ရောင်းချနေရကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း