ဒေါက်တာလှမောင်ဖောင်ဒေးရှင်းက ဘိုးဘွားများအား လှူဒါန်းပွဲနှင့် ထူးချွန်သူများ ဂုဏ်ပြုပွဲ ကျင်းပ

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmar

နေပြည်တော် (ပျဉ်းမနား) မြို့နယ်အသင်း(ရန်ကုန်)၏ ဦးစီးနာယက သံအမတ်ကြီး ဦးလှမောင်
(သံအမတ်ကြီး (ငြိမ်း) ဒေါက်တာလှမောင် ဖောင်ဒေးရှင်း)က ကြီးမှူး၍ ပျဉ်းမနားမြို့ရှိ အသက်
၈ဝ နှင့် အထက် ဘိုးဘွားများအား လှူဒါန်းခြင်းနှင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်
စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့
ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် မေလ ၁၅ ရက်က ဖော်ပြထား
သည်။

မေလ ၁၄ ရက်က ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သော အဆိုပါ
အခမ်းအနားတွင် အသက် ၈ဝ နှင့်အထက် ဘိုးဘွား ၁၂၃ ဦး၊ အသက် ၁ဝဝ ပြည့် ဘိုးဘွား
နှစ်ဦး၊ ၁၂၅ ဦးနှင့် ၂ဝ၁၅-၂ဝ၁၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သုံးဘာသာ ဂုဏ်ထူးရ
ကျောင်းသားကျောင်းသူ ၁၇ ဦး၊ လေးဘာသာ ဂုဏ်ထူးရ ၁၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရ ၆ ဦး၊
ခြောက်ဘာသာ ဂုဏ်ထူးရ ၇ ဦး၊ စုစုပေါင်း ၄၂ ဦး တို့ကို သံအမတ်ကြီး(ငြိမ်း) ဒေါက်တာ
ဦးလှမောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ကြပြီး ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား အငြိမ်းစား
တိုင်းပညာရေးမှူး ဦးသိန်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း