ကမ်းနားလမ်း ညဈေးတန်းတွင် ဆိုင်မဖွင့်လျှင် ဆိုင်ခန်းနေရာပြန်သိမ်းမည်ဟု သတင်းထွက်ပေါ်နေ

ဓာတ်ပုံ - မြန်မာတိုင်း(မ်)ဓာတ်ပုံ - မြန်မာတိုင်း(မ်)ကမ်းနားလမ်းညဈေးတန်းတွင် ဆိုင်ခန်းနေရာရထားပြီး ဆိုင်မဖွင့်သည့် ဈေးသည်များထံမှ ဆိုင်ခန်း
နေရာများကို ပြန်လည်သိမ်းယူမည်ဟု စည်ပင်ဝန်ထမ်းများက ဆိုကြောင်း ဈေးသည်များ၏ ပြောကြား
ချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၁၅ ရက်က
ဖော်ပြထားသည်။

ညဈေးတန်းတွင် ဆိုင်ခန်းနေရာရပြီး မေလ ၁၇ ရက်အထိ ရောင်းချခြင်းမပြုသည့် ဈေးသည်များကို
ဈေးရောင်းချခွင့်ရုပ်သိမ်းမည်ဟု ရေးသားအသိပေးထားသော ဗီနိုင်းကိုလည်း မော်တင် ခုံးကျော်
တံတားဘေး လမ်းမီးတိုင်တွင် ချိတ်ဆွဲထားသည့်အပြင် မေလ ၁၁ ရက် ညပိုင်းက ဈေးသည်များထံမှ
သန့်ရှင်းရေး၊ ရေနှင့် လျှပ်စစ်မီးဝန်ဆောင်ခများ လာ ရောက်ကောက်ခံသည့် စည်ပင်ဝန်ထမ်းများက
ဈေးသည်များအား ထိုသို့ အသိပေးသွားခြင်း ဖြစ်ကြောင်း ညဈေးတန်း ဆိုင်ခန်းနေရာ ၅၆၇ (ခ) တွင်
ဈေးရောင်းသူ ကိုနေဝင်းက ပြောကြားခဲ့သည်။

ကမ်းနားလမ်း ညဈေးတန်း စတင်ဖွင့်လှစ်ချိန်က ရန်ကုန်မြို့လယ်မြို့နယ် ၄ ခုအတွင်းရှိ လမ်းဘေး
နေရာများတွင် ရောင်းချနေကြသည့် စာရင်းကောက်ယူထားသော ဈေးသည် ၆ဝဝဝ ကျော်အနက်
၁၈ဝဝ ဝန်းကျင်အား တရားဝင်ဈေးရောင်းချခွင့် ကတ်ပြားများ ထုတ်ပေးခဲ့သော်လည်း လက်ရှိတွင်
ည ဈေးတန်း၌ ဈေးသည် ၁ဝဝဝ ခန့်သာ ရောင်းချနေကြပြီး ၈ဝဝ ဝန်းကျင်ခန့်မှာ ဈေးရောင်းချခြင်း
မရှိ ကြောင်း သိရသည်။

ညဈေးတန်းစတင်ဖွင့်ချိန်က ရန်ကုန်မြို့တွင်း လူစည်ကားသည့် လမ်းမကြီးများဖြစ်သော ဗန္ဓုလလမ်း
နှင့် အနော်ရထာလမ်းမကြီးများပေါ်တွင် ဈေးဆိုင်များ ရောင်းချခြင်း မရှိတော့၍ ရောင်းအား ကောင်း
ခဲ့သော်လည်း ယခုအခါ ထိုလမ်းမကြီးများတွင် ဈေးပြန်ရောင်းနေသူများ ရှိလာ၍ ညဈေးတန်းတွင်
အရောင်းအဝယ်မကောင်းတော့သဖြင့် ညဈေးတန်းတွင် ဆိုင်ခန်းဖွင့် ရောင်းချသူ လျော့နည်းလာခြင်း
ဖြစ်ကြောင်း၊ ယခင် ရောင်းချခဲ့သော ကားလမ်းမကြီးများဘေးမှ နေရာဟောင်းများတွင် ဈေးပြန်ရောင်း
နေကြသည့် စားသောက်ဆိုင်များ အပါအဝင် ဈေးဆိုင်များကို အရေးယူပေးမှသာ ကမ်းနားလမ်း ည
ဈေးတန်းတွင် အရောင်းအဝယ် ပြန်ကောင်းလာနိုင်မည် ဖြစ်ကြောင်း ညဈေးတန်းမှ ဈေးသည်တစ်ဦး
၏ ပြောကြားချက်အရ သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း