မြန်မာနိုင်ငံမှ ပြောင်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိ

ဓာတ်ပုံ - The Myawady Dailyဓာတ်ပုံ - The Myawady Daily
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် သီးနှံတစ်ခုဖြစ်သည့် ပြောင်းများကို စင်ကာပူ၊ မလေးရှား၊
ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားချက်ကို ကိုးကားကာ မြ၀တီသတင်းတစ်ရပ်
တွင် မေလ ၁၆ ရက်က ဖော်ပြထားသည်။

ထိုသို့ တင်ပို့ရောင်းချရာတွင် မူဆယ်ကုန်သွယ်ရေးစခန်းမှ ပြောင်းတန်ချိန် ၁၆၂,၈၁ဝ၊ လွယ်ဂျယ်
ကုန်သွယ်ရေး စခန်းမှ ၂၄၈၇တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၃၆ တန်နှင့် ကန်ပိုက်တီ
ကုန်သွယ်ရေးစခန်းမှ တန် ၄၅ဝ တင်ပို့ရောင်းချခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အဆိုပါကာလများသည်
မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလဖြစ်နေသဖြင့် မူဆယ်ကုန်စည်ဒိုင် ဈေးကွက်တွင် ဧပြီလ ၁ရက်မှ ၇ရက်အတွင်း ပြောင်းတစ်တန်လျှင် ပြည်တွင်းဘက် ပေါက်ဈေးငွေ ကျပ် ၂၂၅၃ဝ၇ ရှိရာမှ ဧပြီလ ၈
ရက်မှ ၁၄ရက်အတွင်း ငွေကျပ် ၂၂၃ဝ၇၇သို့ ဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ
၂၂၉၄ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂ တန်ခွဲကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည့်အပြင် မတ်လတွင်
တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် တစ်သိန်း သုံးသောင်းခန့်နှင့် ထိုင်းနိုင်ငံသို့ တန် တစ်ထောင်ခန့်
တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း