ပွင့်ဖြူမြို့နယ်တွင် အိမ်တွင်း စီးပွားဖြစ် သရက်ချဉ်လုပ်ငန်းများ ၀င်ငွေကောင်းလျက် ရှိ

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmar
ပွင့်ဖြူမြို့နယ်မှ ထွက်ရှိသော သရက်ချဉ်များကို မင်းဘူး၊ မကွေးမြို့များမှတဆင့် ရန်ကုန်၊ မန္တလေးမြို့
များအထိ တင်ပို့ရောင်းချရမှုကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိသည့်အပြင် အိမ်တွင်း
စီးပွားဖြစ်လုပ်ငန်းအဖြစ် အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် မေလ ၁၆ ရက်က ဖော်ပြထားသည်။

ယခင်က သရက်သီးကို ဓါးဖြင့် ပေါက်ပြီး အချဉ်လုပ်ခဲ့သော်လည်း ယခုအခါတွင် ခြစ်ဖြင့် ခြစ်ပြီး
အချဉ် လုပ်ကြခြင်း ဖြစ်ကြောင်း၊ သရက်သီး အလုံး ၁၀၀ ကို ၁၀၀၀ ကျပ်ဖြင့် ၀ယ်ယူပြီး သရက်
သီး တစ်တင်းလျှင် ခြစ်ရန် လုပ်အားခ ၁၀၀၀ ပေးရကြောင်း၊ အလုပ်သမားတစ်ဦးလျှင် တစ်နေ့
၅ တင်းမှ ၁၀ တင်းထိ ခြစ်နိုင်ကြောင်း ဒေးဒရဲကျေးရွာ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူ ဦးဇော်မင်း
ခိုင်က ဆိုသည်။

သရက်ချဉ်ပြုလုပ်ရန်အတွက် ခြစ်ပြီးသား သရက်သီးအသားများကို ဆားရည်တွင် ၂ ရက် စိမ်ထား
ရပြီး ဆားရည်ဝမှ ဆယ်ယူကာ ကျောက်ချရကြောင်း၊ ကျောက်ချဆားရည်စစ်ပြီးသား သရက်ချဉ်ကို
ပိဿာ ၅၀ ၀င် စဥ့်အိုးကြီးများတွင် မေလမှ ဇွန်လအတွင်း မိုးမကျမီ သိပ်ထားရကြောင်း၊ ၀ါတွင်းကာလ
တွင် စဥ့်အိုးဖောက်ပြီး သရက်ချဉ်ကို ဖော်ယူရောင်းချကြခြင်း ဖြစ်သည်။

လက်ရှိတွင် ဆားရေစိမ် သရက်ချဉ် တစ်ပိဿာလျှင် ၅၀၀ ကျပ်သာ ဈေးရသော်လည်း ၀ါတွင်းကာလတွင်
ကထိန်အလှူနှင့် မင်္ဂလာပွဲများ၌ အသုံးများသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ထိ ရောင်းရကြောင်း၊ သရက်
ချဉ် လုပ်ကိုင်သူတစ်ဦးသည် တစ်နှစ်တွင် ပိဿာ ၅၀ ၀င် စဉ်အိုး ၅၀ မှ ၁၀၀ ထိ သိုလှောင်ထားကြကြောင်း
၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း