ငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည့် "တိမ်ပြာသောနေ့" ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

ဒီမိုကရေစီ ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးကို အဓိကထားရည်ရွယ်သည့်
"တိမ်ပြာသောနေ့" ဇာတ်ကားကို ယခုလကုန်တွင် စတင်ရိုက်ကူးမည် ဖြစ်ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၄ ရက်က ဖော်ပြထားသည်။

ဒေါက်တာထက်အောင် (ဗန်းမော်) ၏ ဝတ္ထုကို မြမြင့်မိုရ်နှင့် Moon တို့က ဇာတ်ညွှန်းရေးသား
ဖန်တီးထားပြီး ဒါရိုက်တာ ဒေါင်းလွဏ်းက ရိုက်ကူးမည့် အဆိုပါဇာတ်ကားကို မွန်းမြန်မာမီဒီယာ
က ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ သရုပ်ဆောင်များကို ရွေးချယ်ရန် ရှိကြောင်း သိရသည်။

ဇာတ်ကားဖြစ်မြောက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက အဓိက တိုက်တွန်းခဲ့ကြောင်း၊
ပြန်ကြားရေးဝန်ကြီးဌာနက ဒီမိုကရေစီရက်သတ္တပတ် အမှတ်တရရုပ်ရှင်ပွဲတော် ကျင်းပမည်ဟု
ဆိုလာသောကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာကို အခြေခံ ရိုက်ကူးမည်
ဟူသော အတွေးဖြင့် အဆိုပါ ဇာတ်ကားကို ဖန်တီးသွားမည် ဖြစ်ကြောင်း၊ ဇာတ်လမ်း၏
ရည်ရွယ်ချက်မှာ ကောင်းကင်ရှိ တိမ်များ အရောင်အမျိုးမျိုး ပြောင်းလဲလာခြင်းကို ကမ္ဘာပေါ်ရှိ
လူများ၏ လောကဓံ အမျိုးမျိုးနှင့် ခိုင်းနှိုင်းပြီး ရိုက်ကူးသွားရန် ရည်ရွယ်ထားကြောင်း ဒါရိုက်တာ
JZ ဒေါင်းလွဏ်းက ပြောကြားခဲ့သည်။

ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်မည့် မွန်းမြန်မာမီဒီယာသည် ၂ဝ၁၆ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်
ဆု ပေးပွဲတွင် ကျောက်စိမ်းကမ္ဘာမြေ ဇာတ်ကားဖြင့် အထူးဆုကို ရရှိခဲ့ပြီး ဖြစ်သည်။ ယခုရိုက်ကူး
မည့် "တိမ်ပြာသောနေ့" ဇာတ်ကားတွင်လည်း တိုင်းရင်းသားများ၏ ပကတိ ရိုးသားဖြူစင်မှုနှင့်
အလှတရားကို ပေါ်လွင်အောင် ရိုက်ကူးသွားမည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း