ဗီယက်နမ် - မြန်မာ 'ရှုမဝ အလှပန်းချီပြပွဲ' ကို ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိ

ဗီယက်နမ် - မြန်မာ ''ရှုမဝ အလှပန်းချီ ပြပွဲ'' (Vietnam & Myanmar: Charm & Beauty) ကို
မေ ၂၄ ရက်မှစ၍ သုံးရက်တိုင် ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၄ ရက်က ဖော်ပြထားသည်။

အဆိုပါ ပြပွဲကို နှစ်နိုင်ငံမှ ပန်းချီဆရာများနှင့် ဓာတ်ပုံဆရာများ ပူးပေါင်းပြသခြင်းဖြစ်ပြီး မေလ ၂၄
ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာပလာဇာနှင့် အမျိုးသားဇာတ်ရုံတို့တွင် ကျင်းပမည် ဖြစ်ရာ
မည်သူမဆို အခမဲ့ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း