တတိယမြောက် မိုးလေဝသရေဒါ မေလတွင် တပ်ဆင်ပြီးစီးမည်

မြန်မာနိုင်ငံ၏ မိုးလေဝသနှင့်ဇလဗေဒ ကဏ္ဍတွင် မုန်တိုင်းများ၏တည်နေရာ၊ ပြင်းအားနှင့်
ရွေ့လျားမှုလမ်းကြောင်း များကို အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းနိုင်ရန် ဂျပန်နိုင်ငံက
မိုးလေဝသ ရေဒါသုံးလုံး ထောက်ပံ့ကူညီပေးထားရာ တတိယမြောက်ရေဒါကို လာမည့်မေလ တွင်
တပ်ဆင်ပြီးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန်
ဦးဝင်းခန့် က ပြောကြားသည်။

» အပြည့်အစုံသို့

တရားရုံးငါးရုံးတွင် အမှုအမြန်ပြီးပြတ်စေရေး ရှေ့ပြေးစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်နေ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသည် တရားရုံးများတွင် အမှုများအမြန်ပြီးပြတ်စေရန်
တရားရုံးငါးရုံးတွင် ရှေ့ပြေးစီမံချက်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြည်ထောင်စု
တရားလွှတ်တော်ချုပ်ရုံး၊ တရားစီရင်ရေးဆိုင်ရာကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်
ဒေါ်အေးအေးကြည်သက်က ပြောကြားသည်။

» အပြည့်အစုံသို့

နိုင်ငံ့ဝန်ထမ်းများ လစာတိုးရေး ညွှန်ကြားချက် မရှိသေးဟုဆို

နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးတော့မည်ဖြစ်ကြောင်း ပြင်ပတွင် ပြောဆိုမှုအချို့
ရှိနေသော်လည်း တရားဝင်ပြောကြားထားခြင်း မရှိသေးသကဲ့သို့ ညွှန်ကြားချက်လည်း
မရှိသေးကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောသည်။

» အပြည့်အစုံသို့

"အစိုးရက တာဝန်ပေးရင် မီးကုန်ယမ်းကုန်လုပ်မယ်"

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မြန်မာတိုင်း(မ်)
သတင်းထောက် ထိုက်နန္ဒာဝင်းက နေပြည်တော်တွင်
လွန်ခဲ့သော ရက်သတ္တပတ်က တွေ့ဆုံမေးမြန်းထားသည်။

» အပြည့်အစုံသို့

နေပြည်တော်ပျဉ်းမနားတွင် မိသားစုအစီအစဉ်ဖြင့် နွားလှည်းမောင်းပြိုင်ပွဲ ကျင်းပ

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင်
ဒေသခံတစ်ဦးက နွားအရှဉ်း(အစုံ) ၈ဝ ပါဝင်ယှဉ်ပြိုင်သော
နွားလှည်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ပေးလျက်ရှိပြီး
လာရောက်ကြည့်ရှုသည့် ဝါသနာရှင်များကို ဧည့်ခံကျွေးမွေး
လျက်ရှိသည်။

» အပြည့်အစုံသို့

နေပြည်တော်တွင် မြေလျော်ကြေး ကျပ်သိန်း ၉,ဝဝဝ ကျော်ပေး

နေပြည်တော်ဧရိယာအတွင်းရှိ လယ်ယာမြေနှင့်
စိုက်ပျိုးသီးနှံမြေ ၈၉၉ ဒသမ ဝ၆၅ ဧကအတွက်
တောင်သူဦးရေ ၃၈၁ ဦးကို နေပြည်တော်
စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့်
ရက်သတ္တပတ်အတွင်း လျော်ကြေးငွေကျပ်
သိန်း ၉,ဝဝဝ ကျော် ပေးအပ်ခဲ့သည်။

» အပြည့်အစုံသို့

နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံးရှေ့ ဆန္ဒဖော်ထုတ်သူများ တားဆီးပိတ်ပင်ခြင်းခံရ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရား
လွှတ်တော်ချုပ်ရုံးရှေ့တွင် တရားဝင် ဆန္ဒထုတ်ဖော်ရန်
လာရောက်သူများကို ရဲတပ်ဖွဲ့က မတ် ၃ ရက်တွင်
တားဆီးပိတ်ပင်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးမှ
ဦးလင်းလင်းနိုင်နှင့် ဒေါ်သဉ္ဇာမောင်မောင်
ဦးဆောင်သော ...

» အပြည့်အစုံသို့

ရေဆင်းတွင် ကိုရီးယားနည်းပညာ စက်မှုလယ်ယာ သင်တန်းကျောင်း ဖွင့်လှစ်

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းတက္ကသိုလ်များနယ်မြေတွင်
တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)ကို
ပြီးခဲ့သည့် မတ် ၃၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက
သတင်းထုတ်ပြန်ထားသည်။

» အပြည့်အစုံသို့

မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရိုငွေ တစ်သန်းခွဲကျော် အသုံးပြုမည်

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက်
မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ်နိုင်မှုတွင်
အားနည်းချက်များရှိနေရာ စိုက်ပျိုးရေးနည်းပညာတွင်
ရှေ့တန်းရောက်နေသော နယ်သာလန်နိုင်ငံနှင့်
ပူးပေါင်းပြီး ယူရိုငွေတစ်သန်းခွဲကျော် အသုံးပြု၍
မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ...

» အပြည့်အစုံသို့

ဒေါ်လာငါးသန်းနီးပါးတန်ဖိုးရှိ ပုဂ္ဂလိကပိုင် စပါးခွံမှ လျှပ်စစ် ထုတ်လုပ်ရေးစက်ရုံ ဖွင့်လှစ်

မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ပထမဦးဆုံး
Biomass Gasification စက်ရုံဖြစ်မည့်
အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းတန်ဖိုးရှိ
စပါးခွံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံကို
အများပိုင် ကုမ္ပဏီကြီး တစ်ခုဖြစ်သော မြန်မာနိုင်ငံ
လယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်း ...

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း