ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ လိုအပ်နေ

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ကောက်ခံ မည့် ပြည်လုံးကျွတ် အမျိုးသား သန်းခေါင်စာရင်း
ကောက်ယူရေး လုပ်ငန်းအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၈ သန်းခန့် လိုအပ်နေသည်ဟု
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (ယူ အင်န်အက်ဖ်ပီအေ) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်
မစ္စတာမိုဟာမက် အက်ပ် ဒဲလ်အဟတ်က ပြောသည်။

» အပြည့်အစုံသို့

ကျေးလက်ပြည်သူများအား အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်း ရောင်းချ

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များအတွက်ကျေးလက်
နေပြည်သူများ မိုဘိုင်းဖုန်းများ သုံးစွဲနိုင်ရေးအတွက် ကျေးလက်နေ ပြည်သူများအား အရစ်ကျ
စနစ်ဖြင့် အောက်တိုဘာလ ၁ ရက်မှ ဒီဇင် ဘာလ ၃၁ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်သည်
ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

» အပြည့်အစုံသို့

ပုဂ္ဂလိကကို Export Credit နှင့် ရေကြောင်း အာမခံလုပ်ငန်းများ ခွင့်ပြုနိုင်ခြင်းမရှိသေး

ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မြန်မာ့ အာမခံလုပ်ငန်းအမျိုးအစား ခြောက်မျိုးလုပ်ကိုင် ခွင့်ပြုပြီး
နောက် ကြီးမားကျယ် ပြန့်သည့် Export Credit Insurance လုပ်ငန်း အမျိုးအစားကိုမူ
ခွင့်ပြုနိုင်ခြင်း မရှိသေးကြောင်း ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ
မောင်မောင်သိမ်းက သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ငွေကြေးဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
ဆွေးနွေးပွဲတွင် ပြောသည်။

» အပြည့်အစုံသို့

လာမည့်လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥပဒေကြမ်းနှစ်ခုတင်နိုင်ရန် ပြင်ဆင်နေ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ က လာမည့်ပဉ္စမအကြိမ်မြောက် လွှတ်တော်အစည်း
အဝေးတွင် တင်သွင်းရန် ဥပဒေကြမ်းနှစ်ခုကို ရေးဆွဲနေပြီဖြစ် ကြောင်း ပါတီဥက္ကဋ္ဌ
ဦးခင်မောင်ဆွေက စက်တင်ဘာလ ၄ ရက်နေ့က ပြော သည်။

» အပြည့်အစုံသို့

နေပြည်တော် နှစ်ကျိပ်ရှစ်ဆူပွဲ ခုနစ်နှစ်ကြာပြီးမှ ညလုံးပေါက် ဖျော်ဖြေခွင့် ပြန်လည်ရရှိ

နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် အစဉ်အလာကြီးမားခဲ့သော နှစ်စဉ် ကျင်းပမြဲဖြစ်သည့်
(၉၄)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည် ပူဇော်ပွဲ ညလုံးပေါက်ဖျော်ဖြေခွင့်ကို
လုံခြုံရေးအကြောင်းပြပိတ်ပင်ခဲ့ပြီး ခုနစ် နှစ်အကြာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းမှ
ပြန်လည်ခွင့်ပြုခဲ့ သည်ဟု ပျဉ်းမနားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

» အပြည့်အစုံသို့

နေပြည်တော်၌ ကမ္ဘာ့စီးပွားရေးဖိုရမ်အား ဒေသတွင်း အကြီးမားဆုံးအဖြစ် ကျင်းပမည်

ယခုနှစ် ဇွန်လဆန်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အား သမိုင်းတစ်
လျှောက်ဒေသတွင်း ကျင်းပပြုလုပ်ခဲ့သမျှ ဖိုရမ်များတွင် အကြီးဆုံးဖိုရမ်အဖြစ် ကျင်းပသွားရန် စီစဉ်
နေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

» အပြည့်အစုံသို့

ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း